ဟောင်ကောင်မှ အကောက်ခွန်မဲ့တင်သွင်းလာသည့် အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော် တန်ဖိုးရှိ ရွှေဖြူလက်ဝတ်ရတနာများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သိမ်းဆည်းရမိ

ဟောင်ကောင်မှ အကောက်ခွန်မဲ့တင်သွင်းလာသည့် အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော် တန်ဖိုးရှိ ရွှေဖြူလက်ဝတ်ရတနာများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သိမ်းဆည်းရမိ
မတျ 6, 2018
By Tachileik News Agency

ချိန်မိသားစု ရတနာဆိုင်ပိုင်ရှင် ဇနီးမောင်နှံက ဟောင်ကောင်မှ တင်သွင်းလာပြီး ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် သိမ်းဆည်းခံထားရသည့် စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ (၇၁၂၉၀)ရှိ  ရွှေဖြူလက်ဝတ်ရတနာများနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနနှင့် ကာကွယ်ရေးဌာန၌ တရားဝင် တင်သွင်းခွင့် အထောက်အထားများဖြင့် ထုချေရှင်းလင်းရန် အကြောင်းကြားထားကြောင်း သိရသည်။

အဆိုပါ ရတနာပစ္စည်းများအား ၂၀၁၈ ခုနှစ်၊ မတ်လ (၄ ) ရက်နေ့က Dragon Air လေကြောင်းလိုင်းဖြင့် ဟောင်ကောင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လိုက်ပါလာသည့် ခရီးသည် မြန်မာနိုင်ငံသား ဇော်မင်းသူနှင့် ဇနီးဖြစ်သူ မမိုင်မိုင်ဝင်းချိန်တို့က အကောက်ခွန်မဲ့ တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အကောက်ခွန် ဦးစီးဌာနက သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ပစ္စည်းပိုင်ရှင် အနေဖြင့် သိမ်းဆည်းသည့်နေ့မှ (၁၄) ရက်အတွင်း အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာန၌ တရားဝင်တင်သွင်းခွင့် အထောက် အထားများဖြင့် ထုချေရှင်းလင်း၍ ကိုက်ညီမှန်ကန်ပါက ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်လေဆိပ် Terminal-1 ပြည်ပ ဆိုက်ရောက်ဆောင်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လေကြောင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လေဆိပ်အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ခုနှစ် မတ်လ (၄ ) ရက်နေ့ ညနေ (၅)နာရီ (၁၀)မိနစ်အချိန်တွင် Dragon Air လေကြောင်း လိုင်းဖြင့် ဟောင်ကောင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လိုက်ပါလာသည့် ခရီးသည်များ၏  ခရီးဆောင်အိတ်များအား  X-Ray စက်၌ ဖြတ်သန်းစဉ် ရွှေဖြူဟု ယူဆရသော ပုံရိပ်များတွေ့ရှိသဖြင့် ဇော်မင်းသူနှင့် ဇနီးဖြစ်သူ မမိုင်မိုင်ဝင်းချိန်တို့အား လေဆိပ်အကောက်ခွန်ရုံး၌ ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဇာနှင်း
ဓါတ်ပုံ - ပြည်ထဲရေး




~~~~~~~~⊰❂ unicode ~~~~~~~~

ချိန်မိသားစု ရတနာဆိုင်ပိုင်ရှင် ဇနီးမောင်နှံက ဟောင်ကောင်မှ တင်သွင်းလာပြီး ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် သိမ်းဆည်းခံထားရသည့် စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ (၇၁၂၉၀)ရှိ ရွှဖြေူလက်ဝတ်ရတနာများနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနနှင့် ကာကွယ်ရေးဌာန၌ တရားဝင် တင်သွင်းခွင့် အထောက်အထားများဖြင့် ထုချေရှင်းလင်းရန် အကြောင်းကြားထားကြောင်း သိရသည်။

အဆိုပါ ရတနာပစ္စည်းများအား ၂၀၁၈ ခုနှစ်၊ မတ်လ (၄ ) ရက်နေ့က Dragon Air လေကြောင်းလိုင်းဖြင့် ဟောင်ကောင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လိုက်ပါလာသည့် ခရီးသည် မြန်မာနိုင်ငံသား ဇော်မင်းသူနှင့် ဇနီးဖြစ်သူ မမိုင်မိုင်ဝင်းချိန်တို့က အကောက်ခွန်မဲ့ တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အကောက်ခွန် ဦးစီးဌာနက သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ပစ္စည်းပိုင်ရှင် အနဖြေင့် သိမ်းဆည်းသည့်နေ့မှ (၁၄) ရက်အတွင်း အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာန၌ တရားဝင်တင်သွင်းခွင့် အထောက် အထားများဖြင့် ထုချေရှင်းလင်း၍ ကိုက်ညီမှန်ကန်ပါက ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ထုချေရှင်းလင်းခြင်း မရှိပါက ဒုတိယအကြိမ်နှင့် တတိယအကြိမ်ထိ အကြောင်းကြားစာများ ပေးပို့မည်ဖြစ်ကာ လာရောက်ထုချေ ရှင်းလင်းခြင်း မရှိပါက ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေ ၁၆၇(၈)/၁၆၈နှင့် ကုန်းလမ်းအကောက်ခွန်ဥပဒေ ၇(၁)အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ် Terminal-1 ပြည်ပ ဆိုက်ရောက်ဆောင်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လေကြောင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လေဆိပ်အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ခုနှစ် မတ်လ (၄ ) ရက်နေ့ ညနေ (၅)နာရီ (၁၀)မိနစ်အချိန်တွင် Dragon Air လေကြောင်း လိုင်းဖြင့် ဟောင်ကောင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လိုက်ပါလာသည့် ခရီးသည်များ၏ ခရီးဆောင်အိတ်များအား X-Ray စက်၌ ဖြတ်သန်းစဉ် ရွှဖြေူဟု ယူဆရသော ပုံရိပ်များတွေ့ရှိသဖြင့် ဇော်မင်းသူနှင့် ဇနီးဖြစ်သူ မမိုင်မိုင်ဝင်းချိန်တို့အား လေဆိပ်အကောက်ခွန်ရုံး၌ ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်မင်းသူသည် ချိန်မိသားစုရတနာဆိုင်လုပ်ကိုင်ခြင်းဖြစ်ရာ ဟောင်ကောင်ကျောက်မျက်ရတနာပြပွဲမှ ဆွဲကြိုး (၉၄၁) ကုံး၊ လက်ကောက် (၂၂၀) ကွင်း၊ ဟန်းချိန်း (၁၁၅) ခု၊ လက်စွပ် (၁၆၃) ကွင်း၊ နားကပ် (၁၃၇) ရံနှင့် ဆွဲသီး (၁၃၇) ခုတို့အား ပြန်လည်ရောင်းချရန် ဝယ်ယူလာခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသည်ဟု သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~