မုိင္းဆတ္ၿမိဳ႕မေစ်း၏ အတြင္းလမ္းခင္းေနမႈ ဆိုင္ခန္းမ်ားထက္ ျမင့္ေန၍ အနိမ့္ပိုင္းဆိုင္ခန္းမ်ား မိုးတြင္းေရ၀င္မည္ကို စိုးရိမ္ေန

မုိင္းဆတ္ၿမိဳ႕မေစ်း၏ အတြင္းလမ္းခင္းေနမႈ ဆိုင္ခန္းမ်ားထက္ ျမင့္ေန၍ အနိမ့္ပိုင္းဆိုင္ခန္းမ်ား မိုးတြင္းေရ၀င္မည္ကို စိုးရိမ္ေန
မတ် 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြ က်ပ္(၇၉)သိန္းေက်ာ္ျဖင့္ ကြန္ကရစ္လမ္း ခင္းေပးေနရာ ေစ်းအတြင္းမွ ဆိုင္ခန္းမ်ား ယာယီပိတ္ထားေနရၿပီး အနိမ့္ပိုင္းရိွ ဆုိင္ခန္းပိုင္ရွင္ အခ်ိဳ႕က မိုးရာသီတြင္ ဆိုင္ခန္းအတြင္းေရဝင္မည္ကို စိုးရိမ္ေနၾကေၾကာင္း သိရသည္။

“ဆိုင္ခန္းေတြဆို ပိတ္ရတာ ဆယ္ရက္ေလာက္ေတာ့ ၾကာသြားတာေပါ့။ အခုက မလြတ္တဲ့ဆုိင္ေတြ ပိတ္ထားရတာ။ သူတို႔ ဘိလပ္ေျမႀကိတ္တဲ့စက္ေတြက ဖုန္ထေတာ့ ပိတ္ထားရတာေပါ့။ အဆင္မေျပတဲ့ ဆုိင္ေတြကေတာ့ ေစ်းေခါင္းကတစ္ဆင့္ ညိႇတာေပါ့။ သူတို႔လည္း လမ္းကို တစ္ျခမ္းၿပီး တစ္ျခမ္း လုပ္ေနတယ္။ အစည္းအေဝးလည္း ထပ္ေခၚဖို႔ရိွတယ္လို႔ သိရတယ္”ဟု မိုင္းဆတ္ၿမိဳ႕မေစ်းမွ အထည္ဆုိင္ခန္းပိုင္ရွင္တစ္ဦးျဖစ္သူ အမ်ဳိးသမီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေစ်းအတြင္းလမ္းမွာ ဆိုင္ခန္းရွင္အခ်ိဳ႕က လမ္းခင္းထားေသာ္လည္း အခ်ိဳ႕က မခင္းသျဖင့္ မညီမညာ ျဖစ္ေနရာ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြျဖင့္ လမ္းခင္းေပးေနျခင္းျဖစ္ၿပီး လမ္းခင္းျခင္းမေဆာင္ရြက္မီ ေစ်းဆိုင္ခန္းပိုင္ရွင္မ်ားအား အစည္းအေဝးေခၚယူညိႇႏိႈင္းခဲ့ေၾကာင္း သိရသည္။

“သူတို႔ျပင္မယ္ဆိုတုန္းကေတာ့ ဆုိင္ခန္းပိုင္ရွင္ေတြကို အစည္းအေဝး ေခၚပါေသးတယ္။ သူတုိ႔အစည္းအေဝး ေခၚတုန္းကေတာ့ တစ္လမ္းၿပီး တစ္လမ္းခင္းမယ္ေပါ့။ မိန္းလမ္းက သံုးလမ္းရိွတာ။ တစ္လမ္းၿပီး တစ္လမ္း သဲေတြ၊ ေက်ာက္ေတြ လာခ်ရင္ေတာ့ ဆိုင္ေတြက မိုးကာေတြ ျဖဳတ္ခုိင္းမယ္ေပါ့။ တစ္ခ်ိဳ႕ကလည္း မပိတ္ခ်င္ဘူးေပါ့။ ေစ်းဆုိင္ေတြက တစ္ရက္ဆို တစ္ရက္ဆိုေတာ့ေလ” ဟု ၎က ေျပာသည္။

ေစ်းအတြင္းလမ္းအား ေျခာက္လက္မအျမင့္ရိွသည့္ ကြန္ကရစ္လမ္းခင္းေနျခင္းျဖစ္ရာ အနိမ့္ပိုင္းရိွ ဆုိင္ခန္းပိုင္ရွင္ အခ်ိဳ႕က မိုးရာသီတြင္ ဆိုင္ခန္းအတြင္း ေရဝင္မည္ကို စိုးရိမ္ေနၾကေၾကာင္းလည္း သိရသည္။

"အခုလို ေစ်းအလယ္မွာ လမ္းအျမင့္ႀကီးခင္းထားတဲ့အတိုင္း ကြ်န္မတို႔ဘက္က လိုက္မျမင့္ဘူးဆိုရင္ အဆင္မေျပဘူး။ မိုးတြင္းဆို ဆိုင္ထဲေရေတြ ဝင္ကုန္မွာ။ အခုေတာ့ လမ္းက ခင္းလို႔ မၿပီးေသးပါဘူး။ တစ္ခ်ဳိ႕ဆိုင္ေတြဆို အဆင္မေျပဘူး ဆိုင္ခန္းက နိမ့္တယ္။ အခုလို ျမင့္ထားေတာ့ ကြ်န္မတို႔အတြက္ ပိုက္ဆံပိုကုန္တာေပါ့။ ဘာလို႔လဲဆိုေတာ့ လမ္းလယ္နဲ႔ အညီမခင္းရင္လည္း မျဖစ္ဘူးေလ။ မိုးရြာရင္ လမ္းေပၚက ေရက ေစ်းဆိုင္ေတြထဲ အကုန္ေရာက္ကုန္မယ့္ အေနအထား ျဖစ္ေနတယ္"ဟု မိုင္းဆတ္ၿမိဳ႕မေစ်းအတြင္းမွ အမည္မေဖၚလိုသည့္ ဆိုင္ခန္းပိုင္ရွင္ အမ်ဳိးသမီးတစ္ဦးက ေျပာသည္။

ေစ်းအတြင္းလမ္းမမွာ ေပ(၂၀)အက်ယ္ရိွသည့္အနက္ စည္ပင္သာယာေရးဦးစီးဌာနက လမ္းအလယ္ (၁၀)ေပကိုသာ ခင္းေနျခင္းျဖစ္ၿပီး ဆုိင္ခန္းပိုင္ရွင္မ်ားႏွင့္ ညိႇႏိႈင္းစဥ္က ဆိုင္ခန္းႏွင့္ လမ္းၾကားတြင္ ေရႏႈတ္ေျမာင္း လုပ္ေပးရန္ျဖစ္ေသာ္လည္း လမ္းခင္းသည့္ ပံုစံအား ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၏ အႀကံျပဳခ်က္အရ အလယ္နိမ့္သည့္ ဗီြ(V)ပံုစံ ခင္းေပးေနသျဖင့္ ေရႏႈတ္ေျမာင္း ထပ္မံ လုပ္ေဆာင္ေတာ့မည္ မဟုတ္ေၾကာင္း စည္ပင္သာယာေရးဌာန တာဝန္ရိွသူထံမွ သိရသည္။

"ကြ်န္ေတာ္တုိ႔က လမ္းက ေျခာက္လက္မ ထုခင္းေနတာပါ။ လမ္းအက်ယ္က ေပႏွစ္ဆယ္ရိွတယ္။ ေလာေလာဆယ္ ဘတ္ဂ်က္နဲ႔ခင္းတာက အလယ္ ဆယ္ေပပါ။ ဒီေတာ့ လမ္းနဲ႔ ဆိုင္ခန္းၾကား လြတ္တဲ့ေနရာကို သူတုိ႔ကို ျပန္ခင္းခိုင္းမွာပါ။ ကၽြန္ေတာ္တို႔ မူလ Estimate ဆြဲတုန္းကေတာ့ အခံုးေပါ့ေနာ္။ ဒါေပမဲ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက လမ္းကိုု အလယ္ခ်ိဳင့္ ဗြီ(V)ပံုစံမ်ိဳး အႀကံေပးတဲ့အတြက္ အဲဒီပံုစံ ေျပာင္းလုိက္ပါတယ္။ ဆိုင္ခန္းနဲ႔ လမ္းၾကားက က်န္တဲ့ဟာကို ခင္းခိုင္းဖို႔လည္း အစည္းအေဝးေတာ့ လုပ္ထားပါတယ္။ သူတို႔လည္း ခင္းမယ္လို႔ေတာ့ ေျပာပါတယ္။ မူလကေတာ့ လမ္းနဲ႔ ဆို္င္ခန္းေတြၾကားမွာ ေျခာက္လက္မ ေရေျမာင္းေတြ ထည့္မယ္ လုပ္ထားတာေပါ့ေလ။ အခုက ဗီြပံုစံ အလယ္က အနိမ့္ခင္းေနတာပါ”ဟု မိုင္းဆတ္ၿမိဳ႕စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးေက်ာ္ႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါလမ္းအား ေဒသဖြံ႕ၿဖိဳးေရး ရန္ပံုေငြ က်ပ္ (၉,၇၃၀,၀၀၀)ျဖင့္ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး လမ္းအား တစ္ေျပးညီ ခင္းလိုက္ရာ ေစ်းအဝင္အနိမ့္ပိုင္းရိွ ဆိုင္ခန္း (၄)ခန္းခန္႔မွာ လမ္းထက္နိမ့္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - Tiger Wan


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၇၉)သိန်းကျော်ဖြင့် ကွန်ကရစ်လမ်း ခင်းပေးနေရာ ဈေးအတွင်းမှ ဆိုင်ခန်းများ ယာယီပိတ်ထားနေရပြီး အနိမ့်ပိုင်းရှိ ဆိုင်ခန်းပိုင်ရှင် အချို့က မိုးရာသီတွင် ဆိုင်ခန်းအတွင်းရေဝင်မည်ကို စိုးရိမ်နကြေကြောင်း သိရသည်။

“ဆိုင်ခန်းတွေဆို ပိတ်ရတာ ဆယ်ရက်လောက်တော့ ကြာသွားတာပေါ့။ အခုက မလွတ်တဲ့ဆိုင်တွေ ပိတ်ထားရတာ။ သူတို့ ဘိလပ်မြကြေိတ်တဲ့စက်တွေက ဖုန်ထတော့ ပိတ်ထားရတာပေါ့။ အဆင်မပြေတဲ့ ဆိုင်တွေကတော့ ဈေးခေါင်းကတစ်ဆင့် ညှိတာပေါ့။ သူတို့လည်း လမ်းကို တစ်ခြမ်းပြီး တစ်ခြမ်း လုပ်နေတယ်။ အစည်းအဝေးလည်း ထပ်ခေါ်ဖို့ရှိတယ်လို့ သိရတယ်”ဟု မိုင်းဆတ်မြို့မဈေးမှ အထည်ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ အမျိုးသမီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဈေးအတွင်းလမ်းမှာ ဆိုင်ခန်းရှင်အချို့က လမ်းခင်းထားသော်လည်း အချို့က မခင်းသဖြင့် မညီမညာ ဖြစ်နေရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွဖြေင့် လမ်းခင်းပေးနခြေင်းဖြစ်ပြီး လမ်းခင်းခြင်းမဆောင်ရွက်မီ ဈေးဆိုင်ခန်းပိုင်ရှင်များအား အစည်းအဝေးခေါ်ယူညှိနှိုင်းခဲ့ကြောင်း သိရသည်။

“သူတို့ပြင်မယ်ဆိုတုန်းကတော့ ဆိုင်ခန်းပိုင်ရှင်တွေကို အစည်းအဝေး ခေါ်ပါသေးတယ်။ သူတို့အစည်းအဝေး ခေါ်တုန်းကတော့ တစ်လမ်းပြီး တစ်လမ်းခင်းမယ်ပေါ့။ မိန်းလမ်းက သုံးလမ်းရှိတာ။ တစ်လမ်းပြီး တစ်လမ်း သဲတွေ၊ ကျောက်တွေ လာချရင်တော့ ဆိုင်တွေက မိုးကာတွေ ဖြုတ်ခိုင်းမယ်ပေါ့။ တစ်ချို့ကလည်း မပိတ်ချင်ဘူးပေါ့။ ဈေးဆိုင်တွေက တစ်ရက်ဆို တစ်ရက်ဆိုတော့လေ” ဟု၎င်းက ပြောသည်။

ဈေးအတွင်းလမ်းအား ခြောက်လက်မအမြင့်ရှိသည့် ကွန်ကရစ်လမ်းခင်းနခြေင်းဖြစ်ရာ အနိမ့်ပိုင်းရှိ ဆိုင်ခန်းပိုင်ရှင် အချို့က မိုးရာသီတွင် ဆိုင်ခန်းအတွင်း ရေဝင်မည်ကို စိုးရိမ်နကြေကြောင်းလည်း သိရသည်။

"အခုလို ဈေးအလယ်မှာ လမ်းအမြင့်ကြီးခင်းထားတဲ့အတိုင်း ကျွန်မတို့ဘက်က လိုက်မမြင့်ဘူးဆိုရင် အဆင်မပြေဘူး။ မိုးတွင်းဆို ဆိုင်ထဲရေတွေ ဝင်ကုန်မှာ။ အခုတော့ လမ်းက ခင်းလို့ မပြီးသေးပါဘူး။ တစ်ချို့ဆိုင်တွေဆို အဆင်မပြေဘူး ဆိုင်ခန်းက နိမ့်တယ်။ အခုလို မြင့်ထားတော့ ကျွန်မတို့အတွက် ပိုက်ဆံပိုကုန်တာပေါ့။ ဘာလို့လဲဆိုတော့ လမ်းလယ်နဲ့ အညီမခင်းရင်လည်း မဖြစ်ဘူးလေ။ မိုးရွာရင် လမ်းပေါ်က ရေက ဈေးဆိုင်တွေထဲ အကုန်ရောက်ကုန်မယ့် အနေအထား ဖြစ်နေတယ်"ဟု မိုင်းဆတ်မြို့မဈေးအတွင်းမှ အမည်မဖော်လိုသည့် ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဈေးအတွင်းလမ်းမမှာ ပေ(၂၀)အကျယ်ရှိသည့်အနက် စည်ပင်သာယာရေးဦးစီးဌာနက လမ်းအလယ် (၁၀)ပေကိုသာ ခင်းနခြေင်းဖြစ်ပြီး ဆိုင်ခန်းပိုင်ရှင်များနှင့် ညှိနှိုင်းစဉ်က ဆိုင်ခန်းနှင့် လမ်းကြားတွင် ရေနှုတ်မြောင်း လုပ်ပေးရန်ဖြစ်သော်လည်း လမ်းခင်းသည့် ပုံစံအား ခရိုင်အုပ်ချုပ်ရေးမှူး၏ အကြံပြုချက်အရ အလယ်နိမ့်သည့် ဗွီ(V)ပုံစံ ခင်းပေးနေသဖြင့် ရေနှုတ်မြောင်း ထပ်မံ လုပ်ဆောင်တော့မည် မဟုတ်ကြောင်း စည်ပင်သာယာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

"ကျွန်တော်တို့က လမ်းက ခြောက်လက်မ ထုခင်းနေတာပါ။ လမ်းအကျယ်က ပေနှစ်ဆယ်ရှိတယ်။ လောလောဆယ် ဘတ်ဂျက်နဲ့ခင်းတာက အလယ် ဆယ်ပေပါ။ ဒီတော့ လမ်းနဲ့ ဆိုင်ခန်းကြား လွတ်တဲ့နေရာကို သူတို့ကို ပြန်ခင်းခိုင်းမှာပါ။ ကျွန်တော်တို့ မူလ Estimate ဆွဲတုန်းကတော့ အခုံးပေါ့နော်။ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက လမ်းကို အလယ်ချိုင့် ဗွီ(V)ပုံစံမျိုး အကြံပေးတဲ့အတွက် အဲဒီပုံစံ ပြောင်းလိုက်ပါတယ်။ ဆိုင်ခန်းနဲ့ လမ်းကြားက ကျန်တဲ့ဟာကို ခင်းခိုင်းဖို့လည်း အစည်းအဝေးတော့ လုပ်ထားပါတယ်။ သူတို့လည်း ခင်းမယ်လို့တော့ ပြောပါတယ်။ မူလကတော့ လမ်းနဲ့ ဆို်င်ခန်းတွကြေားမှာ ခြောက်လက်မ ရေမြောင်းတွေ ထည့်မယ် လုပ်ထားတာပေါ့လေ။ အခုက ဗွီပုံစံ အလယ်က အနိမ့်ခင်းနေတာပါ”ဟု မိုင်းဆတ်မြို့စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါလမ်းအား ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် (၉,၇၃၀,ဝဝဝ)ဖြင့် လုပ်ဆောင်နခြေင်းဖြစ်ပြီး လမ်းအား တစ်ပြေးညီ ခင်းလိုက်ရာ ဈေးအဝင်အနိမ့်ပိုင်းရှိ ဆိုင်ခန်း (၄)ခန်းခန့်မှာ လမ်းထက်နိမ့်သွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - Tiger Wan

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~