တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းေက်းရြာအတြင္း လိေမၼာ္ၿခံအနီးရွိ ေရကန္တြင္ ပုပ္ပြေနသည့္ အမ်ဳိးသားအေလာင္း ေတြ႔ရွိ

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းေက်းရြာအတြင္း လိေမၼာ္ၿခံအနီးရွိ ေရကန္တြင္ ပုပ္ပြေနသည့္ အမ်ဳိးသားအေလာင္း ေတြ႔ရွိ
မတ် 13, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုအတြင္း လိေမၼာ္ၿခံ တစ္ၿခံအနီးရွိ ေရကန္တြင္  အမ်ဳိးသားတစ္ဦး၏ အေလာင္းအား ေတြ႔ရွိရသည့္ အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းေက်းရြာတြင္း ဦးက်ေဟး၏ လိေမၼာ္ၿခံအနီးရွိ အက်ယ္ ေပ(၂၀)ပတ္လည္ႏွင့္ (၈)ေပ၀န္းက်င္ နက္သည့္ ေရကန္အတြင္း ကမ္းစပ္တြင္ ၂၀၁၈ခုႏွစ္ မတ္လ(၁၃)ရက္ေန႔ ေန႔လည္ပိုင္းက အမ်ဳိးသားတစ္ဦး ပက္လက္ အေနအထားျဖင့္ ေသဆံုး ပုပ္ပြေနသည့္အတြက္ အဆိုပါ အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ သြားေရာက္ သယ္ေဆာင္ကာ တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားၿပီး ဆရာ၀န္၏ စစ္ေဆးခ်က္ၿပီးသည္ ႏွင့္ ညေန(၅)နာရီ ၀န္းက်င္တြင္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ တာခ်ီလိတ္ၿမိဳ႕မသုသာန္၌ မီးရႈိ႕သၿဂိဳလ္ လိုက္ေၾကာင္း သိရသည္။

အဆိုပါ အေလာင္းေတြ႔ရွိရာ ေနရာသို႔ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ဳိးခိုင္ ႏွင့္ နယ္ထိန္းတပ္ဖြဲ႔၀င္မ်ား၊ ေဟာင္လိတ္ရဲကင္းစခန္းမွ တာ၀န္မွဴး ရဲအုပ္ခ်မ္းေျမ႕ေအာင္ ႏွင့္ အဖြဲ႔ အပါအ၀င္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၾကၿပီး ေသဆံုးသူမွာ မည္သူျဖစ္ေၾကာင္းကို စံုစမ္းမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ေသဆံုးသူ၏ အေလာင္းတြင္ ျပင္ပဒဏ္ရာမ်ား ေတြ႔ရွိရျခင္း မရွိဘဲ ေလာက္မ်ား တြယ္ကပ္ေနကာ  ပုပ္ပြေနသည့္ အတြက္ ေသဆံုးေနသည္မွာ ရက္ကာလ ၾကာျမင့္ႏိုင္ေျခရွိေနသည့္အတြက္ ရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၉/၂၀၁၈ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်း လိမ္မော်ခြံ တစ်ခြံအနီးရှိ ရေကန်တွင် အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိရသည့် အတွက် တာချီလိတ်မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာတွင်း ဦးကျဟေး၏ လိမ္မော်ခြံအနီးရှိ အကျယ် ပေ(၂၀)ပတ်လည်နှင့် (၈)ပေဝန်းကျင် နက်သည့် ရေကန်အတွင်း ကမ်းစပ်တွင် ၂၀၁၈ခုနှစ် မတ်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦး ပက်လက် အနေအထားဖြင့် သေဆုံး ပုပ်ပွနေသည့်အတွက် အဆိုပါ အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက် သယ်ဆောင်ကာ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီး ဆရာဝန်၏ စစ်ဆေးချက်ပြီးသည် နှင့် ညနေ(၅)နာရီ ဝန်းကျင်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် တာချီလိတ်မြို့မသုသာန်၌ မီးရှို့သဂြိုလ် လိုက်ကြောင်း သိရသည်။

အဆိုပါ အလောင်းတွေ့ရှိရာ နေရာသို့ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဟောင်လိတ်ရဲကင်းစခန်းမှ တာဝန်မှူး ရဲအုပ်ချမ်းမြေ့အောင် နှင့် အဖွဲ့ အပါအဝင် တာဝန်ရှိသူများက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး သေဆုံးသူမှာ မည်သူဖြစ်ကြောင်းကို စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းတွင် ပြင်ပဒဏ်ရာများ တွေ့ရှိရခြင်း မရှိဘဲ လောက်များ တွယ်ကပ်နေကာ ပုပ်ပွနေသည့် အတွက် သေဆုံးနေသည်မှာ ရက်ကာလ ကြာမြင့်နိုင်ခြေရှိနေသည့်အတွက် ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပြီး တာချီလိတ်မြို့ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၈ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~