တာချီလိတ်မြို့နယ်တရားရုံးတွင် ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခံဆိုင်ကယ်များ မတ်လ ၁၈ ရက်နေ့၌ လေလံတင်မည်

တာချီလိတ်မြို့နယ်တရားရုံးတွင် ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခံဆိုင်ကယ်များ မတ်လ ၁၈ ရက်နေ့၌ လေလံတင်မည်
မတ် 7, 2018
By Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့နယ်တရားရုံးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချထားပြီး ဖြစ်သည့် မော်တော်ဆိုင်ကယ်များအား မြို့နယ်တရားရုံးဝင်း၌ ၂၀၁၈ ခုနှစ် မတ်လ (၁၈)ရက်နေ့ နံနက်(၁၀)နာရီတွင် လေလံတင်ရောင်းချမည်ဖြစ်၍ မည်သူမဆို နိုင်ငံသားစိစစ်ရေးကဒ်ပြ၍ လာရောက် ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်များမှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားသည့် သက်သေခံ ပစ္စည်းများဖြစ်ပြီး ဆိုင်ကယ် အစီးရေ (၅၉)စီးနှင့် သံရည်ကျိုမည့် (၂၀)စီးတို့ ပါဝင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~