ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းရိွ ၿမိဳ႕ (၄)ၿမိဳ႕ရွိ သစ္ေတာဌာနရံုးမွ သစ္လံုးမ်ား တစ္ေန႔တည္း မီးရိႈ႕ဖ်က္ဆီးခံရ

ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းရိွ ၿမိဳ႕ (၄)ၿမိဳ႕ရွိ သစ္ေတာဌာနရံုးမွ သစ္လံုးမ်ား တစ္ေန႔တည္း မီးရိႈ႕ဖ်က္ဆီးခံရ
မတ် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းေဒသၿမိဳ႕မ်ားျဖစ္သည့္ လဲခ်ား၊ နမ့္စန္၊ မုိင္းကိုင္ႏွင့္ ေက်ာက္မဲၿမိဳ႕မ်ားရိွ သစ္ေတာဌာနရံုးမ်ားမွ သစ္လံုးမ်ားအား မီးရိႈ႕ဖ်က္ဆီးမႈ တစ္ေန႔တည္းတြင္ ျဖစ္ပြားၿပီး မီးရိႈ႕သူမ်ားကို ဖမ္းဆီးရမိထားျခင္း မရိွေသးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) လဲခ်ားၿမိဳ႕ (၆)ရပ္ကြက္ ဟိုဖိုင္ေက်းရြာ သစ္ေတာ႐ုံးေရွ႕ ၿခံစည္းရိုးႏွင့္ ကပ္လ်က္၌ စုပုံထားသည့္ ပိေတာက္သစ္လုံး (၃၇) လုံးအေပၚတြင္ ဖုံးအုပ္ထားသည့္ မိုးကာစအား ၂၀၁၈ ခုႏွစ္၊ မတ္လ (၁၆) ရက္ေန႔ ညေန (၂)နာရီခြဲအခ်ိန္က မီးေလာင္ကၽြမ္းခဲ့ရာၿပီး ညေန (၂)နာရီ (၃၅)မိနစ္ အခ်ိန္တြင္ မီးၿငိႇမ္းႏုိင္ခဲ့ၿပီး လူႏွင့္တိရစၧာန္ထိခိုက္မႈ မရိွေၾကာင္း သိရသည္။

အမ်ားျပည္သူပိုင္ သစ္ပုံအား မီးရိႈ႕ဖ်က္ဆီးသူအား လဲခ်ားၿမိဳ႕မရဲစခန္းတြင္ (ပ)၄/၂၀၁၈ ပပက ၆(၁)/၉ ျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) နမ့္စန္ၿမိဳ႕နယ္ ခိုလမ္ၿမိဳ႕ (၂)ရပ္ကြက္ သစ္ေတာဦးစီးဌာန႐ုံးဝင္းအတြင္း ဖမ္းဆီး ထိန္းသိမ္းထားရွိသည့္ သစ္မ်ားအနက္ အေရွ႕ေတာင္ဘက္တြင္ စုပုံထားေသာ ပိေတာက္သစ္ (၄၀) တုံး၊ တမလန္းဓါးေရႊတုံး (၇၃) တုံးတို႔ စုပံုထားသည့္ သစ္ပုံႏွစ္ပုံတို႔အား မတ္လ (၁၆)ရက္ေန႔ နံနက္ (၁၀)နာရီဝန္းက်င္က ဒီဇယ္မ်ား ေလာင္းၿပီး မီးရိႈ႕ဖ်က္ဆီးခဲ့ရာ သစ္လံုတစ္လံုး မီးအနည္းငယ္ေလာင္ခဲ့ၿပီး ပိေတာက္သစ္ပုံေဘးတြင္ ၄ ဂါလံဆံ့ ဒီဇယ္ပုံးခြံ ၁ လုံးေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ားျပည္သူပိုင္သစ္ပုံအား မီးရွို႔ဖ်က္ဆီးသူ(စိစစ္ဆဲ)အား ခိုလမ္နယ္ေျမရဲစခန္းမွ ၇/၂၀၁၈ ပပက ၆(၁)/၉ ျဖင့္ အမႈဖြင့္စုံစမ္းလ်က္ရွိေၾကာင္းႏွင့္ လူ/တိရစၧာန္ႏွင့္ သစ္မ်ား ထိခိုက္ပ်က္စီးမႈမရွိေၾကာင္း သတင္းရရွိပါသည္။

ယင္းေန႔ ေန႔လယ္ (၂)နာရီေက်ာ္အခ်ိန္တြင္ နမ့္စန္ၿမိဳ႕နယ္ အမွတ္(၄)ေက်းရြာ ျမန္မာ့သစ္ထုတ္လုပ္ေရးဝန္း အတြင္း သစ္ကြင္း အေနာက္ေတာင္ဘက္၌ ကၽြန္းသစ္ (၆၃) လုံး စုပုံထားသည့္ အနက္ သစ္ပုံအမွတ္ NS-54 ရွိ ကၽြန္းသစ္လုံး (၉) လုံး၊ (၀.၁၅) တန္ မီးရိႈ႕ခံရသျဖင့္ ဆံုးရံႈးသြားၿပီး မီးေလာင္ရသည့္ အေၾကာင္းအရင္းအား စစ္ေဆးရာ သစ္ကြင္းအတြင္းရွိ သစ္ပုံမ်ားအနက္ သစ္ပုံ (၈) ပုံ အား ဒီဇယ္မ်ားေလာင္းၿပီး မီးေလာင္လြယ္ေစရန္ ဒီဇယ္မ်ားစြတ္၍ သြယ္တန္းထားေသာ ဂြမ္းေစာင္စမ်ားႏွင့္ သစ္ပုံမ်ားၾကားတြင္ (၅) ဂါလံဆံ့ ဒီဇယ္ပုံးခြံ (၁၉) လုံးေတြ႕ရွိခဲ့သျဖင့္ နမ့္စန္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၈/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၄၃၆(မီးရွို႕မႈ)ျဖင့္ အမႈဖြင့္စုံစမ္းလ်က္ရွိ ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) မိုင္းကိုင္ၿမိဳ႕နယ္ (၂)ရပ္ကြက္ သစ္ေတာဦးစီးဌာန ႐ုံးဝန္းအတြင္း ဖမ္းဆီး ထိန္းသိမ္းထားသည့္ သစ္ပုံမွာလည္း ယင္းေန႔ ညေန (၃)နာရီဝန္းက်င္အခ်ိန္တြင္ မီးေလာင္ခဲ့ရာ ပိေတာက္သစ္ (၂) တန္ခန္႔ မီးေလာင္ ဆုံးရႈံးခဲ့ၿပီး မီးေလာင္သည့္သစ္ပုံအနီးတြင္ ဒီဇယ္ (၁) ဂါလံဆံ့ ပလပ္စတစ္ပုံး (၁) ပုံးေတြ႕ရွိ သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

အမ်ားျပည္သူပိုင္ သစ္ပုံအား မီးရိႈ႕ဖ်က္ဆီးသူအား မိုင္းကိုင္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၂/၂၀၁၈ ပပက ၆(၁)ျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ (၁)ရပ္ကြက္ သစ္ေတာ႐ုံးဝန္းအတြင္း ၿခံစည္းရိုးအနီး၌ ဖမ္းဆီးသိမ္းဆည္းစုပုံထားသည့္ ပိေတာက္သစ္တုံး (၁၂၀) တုံး စုပုံထားသည့္ သစ္ပုံအား မတ္လ (၁၆)ရက္ေန႔ ညေန (၃)နာရီခြဲဝန္းက်င္တြင္ အမ်ိဳးသား ႏွစ္ဦးက ဓါတ္ဆီေလာင္း၍ မီးရိႈ႕ရန္ ႀကံစည္ေနသည္ကို ေတာေခါင္း ဦးငို႔သဲက ေတြ႔ရသျဖင့္ ၿခံစည္းရိုးခုန္ေက်ာ္ထြက္ေျပးသြားၾကၿပီး သစ္ပုံအနီး၌ (၅) ဂါလံဆံ့ ဓာတ္ဆီပုံးအခြံ (၃) ပုံးေတြ႕ရွိၿပီး သစ္ပုံမ်ားအား ဓာတ္ဆီမ်ားေလာင္းခ်ထားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

အမ်ားျပည္သူပိုင္ သစ္ပုံအား မီးရိႈ႕ဖ်က္ဆီးသူႏွစ္ဦးအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂၇/၂၀၁၈ ပပက ၆(၁)/၉ ျဖင့္ အမႈဖြင့္စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပံု - ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသမြို့များဖြစ်သည့် လဲချား၊ နမ့်စန်၊ မိုင်းကိုင်နှင့် ကျောက်မဲမြို့များရှိ သစ်တောဌာနရုံးများမှ သစ်လုံးများအား မီးရှို့ဖျက်ဆီးမှု တစ်နေ့တည်းတွင် ဖြစ်ပွားပြီး မီးရှို့သူများကို ဖမ်းဆီးရမိထားခြင်း မရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့ (၆)ရပ်ကွက် ဟိုဖိုင်ကျေးရွာ သစ်တောရုံးရှေ့ ခြံစည်းရိုးနှင့် ကပ်လျက်၌ စုပုံထားသည့် ပိတောက်သစ်လုံး (၃၇) လုံးအပေါ်တွင် ဖုံးအုပ်ထားသည့် မိုးကာစအား ၂၀၁၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ညနေ (၂)နာရီခွဲအချိန်က မီးလောင်ကျွမ်းခဲ့ရာပြီး ညနေ (၂)နာရီ (၃၅)မိနစ် အချိန်တွင် မီးငြှိမ်းနိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။

အများပြည်သူပိုင် သစ်ပုံအား မီးရှို့ဖျက်ဆီးသူအား လဲချားမြို့မရဲစခန်းတွင် (ပ)၄/၂၀၁၈ ပပက ၆(၁)/၉ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် ခိုလမ်မြို့ (၂)ရပ်ကွက် သစ်တောဦးစီးဌာနရုံးဝင်းအတွင်း ဖမ်းဆီး ထိန်းသိမ်းထားရှိသည့် သစ်များအနက် အရှေ့တောင်ဘက်တွင် စုပုံထားသော ပိတောက်သစ် (၄၀) တုံး၊ တမလန်းဓားရွှေတုံး (၇၃) တုံးတို့ စုပုံထားသည့် သစ်ပုံနှစ်ပုံတို့အား မတ်လ (၁၆)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က ဒီဇယ်များ လောင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ သစ်လုံတစ်လုံး မီးအနည်းငယ်လောင်ခဲ့ပြီး ပိတောက်သစ်ပုံဘေးတွင် ၄ ဂါလံဆံ့ ဒီဇယ်ပုံးခွံ ၁ လုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အများပြည်သူပိုင်သစ်ပုံအား မီးရှို့ဖျက်ဆီးသူ(စိစစ်ဆဲ)အား ခိုလမ်နယ်မြေရဲစခန်းမှ ၇/၂၀၁၈ ပပက ၆(၁)/၉ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်းနှင့် လူ/တိရစ္ဆာန်နှင့် သစ်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိပါသည်။

ယင်းနေ့ နေ့လယ် (၂)နာရီကျော်အချိန်တွင် နမ့်စန်မြို့နယ် အမှတ်(၄)ကျေးရွာ မြန်မာ့သစ်ထုတ်လုပ်ရေးဝန်း အတွင်း သစ်ကွင်း အနောက်တောင်ဘက်၌ ကျွန်းသစ် (၆၃) လုံး စုပုံထားသည့် အနက် သစ်ပုံအမှတ် NS-54 ရှိ ကျွန်းသစ်လုံး (၉) လုံး၊ (ဝ.၁၅) တန် မီးရှို့ခံရသဖြင့် ဆုံးရှုံးသွားပြီး မီးလောင်ရသည့် အကြောင်းအရင်းအား စစ်ဆေးရာ သစ်ကွင်းအတွင်းရှိ သစ်ပုံများအနက် သစ်ပုံ (၈) ပုံ အား ဒီဇယ်များလောင်းပြီး မီးလောင်လွယ်စေရန် ဒီဇယ်များစွတ်၍ သွယ်တန်းထားသော ဂွမ်းစောင်စများနှင့် သစ်ပုံများကြားတွင် (၅) ဂါလံဆံ့ ဒီဇယ်ပုံးခွံ (၁၉) လုံးတွေ့ရှိခဲ့သဖြင့် နမ့်စန်မြို့မ ရဲစခန်းတွင် (ပ)၁၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှို့မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိ ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ် (၂)ရပ်ကွက် သစ်တောဦးစီးဌာန ရုံးဝန်းအတွင်း ဖမ်းဆီး ထိန်းသိမ်းထားသည့် သစ်ပုံမှာလည်း ယင်းနေ့ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် မီးလောင်ခဲ့ရာ ပိတောက်သစ် (၂) တန်ခန့် မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်သည့်သစ်ပုံအနီးတွင် ဒီဇယ် (၁) ဂါလံဆံ့ ပလပ်စတစ်ပုံး (၁) ပုံးတွေ့ရှိ သိမ်းဆည်းရမိထားကြောင်း သိရသည်။

အများပြည်သူပိုင် သစ်ပုံအား မီးရှို့ဖျက်ဆီးသူအား မိုင်းကိုင်မြို့မရဲစခန်းတွင် (ပ)၂၂/၂၀၁၈ ပပက ၆(၁)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ (၁)ရပ်ကွက် သစ်တောရုံးဝန်းအတွင်း ခြံစည်းရိုးအနီး၌ ဖမ်းဆီးသိမ်းဆည်းစုပုံထားသည့် ပိတောက်သစ်တုံး (၁၂၀) တုံး စုပုံထားသည့် သစ်ပုံအား မတ်လ (၁၆)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်တွင် အမျိုးသား နှစ်ဦးက ဓာတ်ဆီလောင်း၍ မီးရှို့ရန် ကြံစည်နေသည်ကို တောခေါင်း ဦးငို့သဲက တွေ့ရသဖြင့် ခြံစည်းရိုးခုန်ကျော်ထွက်ပြေးသွားကြပြီး သစ်ပုံအနီး၌ (၅) ဂါလံဆံ့ ဓာတ်ဆီပုံးအခွံ (၃) ပုံးတွေ့ရှိပြီး သစ်ပုံများအား ဓာတ်ဆီများလောင်းချထားသည်ကို တွေ့ရကြောင်း သိရသည်။

အများပြည်သူပိုင် သစ်ပုံအား မီးရှို့ဖျက်ဆီးသူနှစ်ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၁၂၇/၂၀၁၈ ပပက ၆(၁)/၉ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~