ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ႏွင့္ တာခ်ီလိတ္မွ ဟိုတယ္လုပ္ငန္းရွင္မ်ားေတြ႔ဆံု

ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ႏွင့္ တာခ်ီလိတ္မွ ဟိုတယ္လုပ္ငန္းရွင္မ်ားေတြ႔ဆံု
မတ် 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရိွေနသည့္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၏ ခရီးစဥ္ ဒုတိယေျမာက္ေန႔ျဖစ္သည့္ မတ္လ (၁၆)ရက္ေန႔ နံနက္ပိုင္းတြင္ တာဝန္ရိွသူမ်ား ပါဝင္သည့္ အဖြဲ႕သည္ တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊဘူးသီးဟိုတယ္တြင္ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးၾကသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ ေဒသတြင္း ကာစီႏိုေလာင္းကစားဝိုင္းမ်ားႏွင့္ ပတ္သက္သည့္ ကိစၥမ်ား၊ ႏုိင္ငံျခားသား ခရီးသြားလာခြင့္ ဧရိယာ ကန္႔သတ္ခ်က္မ်ား၊ ႏိုင္ငံျခားသား ခရီးသြား တိုးတက္ရရိွေရးႏွင့္ ပတ္သက္သည့္ ကိစၥမ်ားကို ဟိုတယ္၊ ခရီးသြားလုပ္ငန္း လုပ္ငန္းရွင္မ်ားႏွင့္ ဧည့္လမ္းညႊန္တို႔ဘက္မွ ေမးျမန္းတင္ျပမႈမ်ားအား သက္ဆိုင္ရာ တာဝန္ရိွသူမ်ားက ရွင္းလင္းေဆြးေႏြးခဲ့သည္။

ႏိုင္ငံေတာ္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ႏွင့္ အဖြဲ႔သည္ တာခ်ီလိတ္ၿမိဳ႕သို႔ မတ္လ(၁၅)ရက္ေန႔ ညေနပိုင္းက ေရာက္ရွိလာျခင္းျဖစ္ၿပီး၊ မတ္လ(၁၆)ရက္ေန႔ ေန႔လည္ပိုင္းတြင္ တာခ်ီလိတ္မွ တဆင့္ က်ဳိင္းတံုသို႔ ဆက္လက္ထြက္ခြာမည္ျဖစ္ေၾကာင္း ႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ခရီးစဥ္တစ္ေလွ်ာက္တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၀င္မ်ား အပါအ၀င္ တာ၀န္ရွိသူမ်ားမွ လိုက္ပါလ်က္ရွိေၾကာင္း သိရသည္။

ဓါတ္ပံု - #ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ခရီးစဉ် ဒုတိယမြောက်နေ့ဖြစ်သည့် မတ်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့သည် တာချီလိတ်မြို့ရှိ ရွှေဘူးသီးဟိုတယ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒေသတွင်း ကာစီနိုလောင်းကစားဝိုင်းများနှင့် ပတ်သက်သည့် ကိစ္စများ၊ နိုင်ငံခြားသား ခရီးသွားလာခွင့် ဧရိယာ ကန့်သတ်ချက်များ၊ နိုင်ငံခြားသား ခရီးသွား တိုးတက်ရရှိရေးနှင့် ပတ်သက်သည့် ကိစ္စများကို ဟိုတယ်၊ ခရီးသွားလုပ်ငန်း လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်တို့ဘက်မှ မေးမြန်းတင်ပြမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့သည်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့သည် တာချီလိတ်မြို့သို့ မတ်လ(၁၅)ရက်နေ့ ညနေပိုင်းက ရောက်ရှိလာခြင်းဖြစ်ပြီး၊ မတ်လ(၁၆)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်မှ တဆင့် ကျိုင်းတုံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရီးစဉ်တစ်လျှောက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ အပါအဝင် တာဝန်ရှိသူများမှ လိုက်ပါလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - #ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~