တာခ်ီလိတ္ခ႐ိုင္အတြင္း ရွမ္းတိုင္းရင္းသားမ်ား ေနထိုင္သည့္ ေက်းရြာအုပ္စုမ်ားအထိ ေႏြရာသီရွမ္းစာေပသင္တန္း ကြင္းဆင္း သင္ၾကားပို႔ခ်မည္

တာခ်ီလိတ္ခ႐ိုင္အတြင္း ရွမ္းတိုင္းရင္းသားမ်ား ေနထိုင္သည့္ ေက်းရြာအုပ္စုမ်ားအထိ ေႏြရာသီရွမ္းစာေပသင္တန္း ကြင္းဆင္း သင္ၾကားပို႔ခ်မည္
မတ် 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ခရိုင္အတြင္း ၿမိဳ႕နယ္ ႏွင့္ ေက်းရြာအုပ္စုမ်ားတြင္ ေႏြရာသီ ရွမ္းစာေပ သင္တန္းမ်ား ဖြင့္လွစ္ႏုိင္ေရးအတြက္ ဆရာ/ဆရာမမ်ား မြမ္းမံသင္တန္းကို ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈ အသင္းက ၀မ္လံုဘုန္းႀကီးေက်ာင္းတြင္ မတ္လ(၄)ရက္ေန႔ကစ၍ မတ္လ (၆)ရက္ေန႔အထိ  ဖြင့္လွစ္ ခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း ေနရာေပါင္း (၅၆)ေနရာတြင္ ဆရာ၊ဆရာမ (၆၀)ဦးျဖင့္ ရွမ္းစာေပ သင္တန္းမ်ားကို ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းက ဖြင့္လွစ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းစာေပသင္တန္းမ်ားကို မတ္လ (၁၀)ရက္ေန႔မွ ေမလ (၆)ရက္ေန႔အထိ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္တြင္း ျဖစ္သည့္ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ဝမ္မိုင္္ရြာ၊ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)၊ ပါဆတ္ရပ္ကြက္၊ ဝမ္လံုရြာ၊ ဝမ္ေဟာင္ရြာ၊ မယ္ေခါင္ရပ္ကြက္၊ ဝမ္လုံးတို႔တြင္ တစ္ေနရာစီႏွင့္ ဖန္မင္ေက်းရြာအုပ္စု အတြင္း (၄)ေနရာ၊ မိုင္းကိုးေက်းရြာအုပ္စုအတြင္း (၁၁) ေနရာ၊ မိုင္းဖုန္(က)ေက်းရြာ အုပ္စု အတြင္း (၁၀)ေနရာ၊ မိုင္းဖုန္း(ခ)ရြာအုပ္စုအတြင္း (၄)ေနရာတို႔တြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္  တာေလၿမိဳ႕ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တို႔တြင္ (၁၆) ေနရာ၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း (၃) ေနရာႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္တို႔တြင္ သင္တန္းမ်ား ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းမ်ား ဖြင့္လွစ္ႏုိင္ေရး အတြက္ ပညာဒါနအျဖစ္ ေစတနာရွင္မ်ားက ထည့္ဝင္ လွဴဒါန္းထားၾကၿပီး သင္တန္းဆင္းပြဲက်င္းပသည့္ အခ်ိန္ထိ ပါဝင္လွဴဒါန္းႏုိင္ေၾကာင္း သိရသည္။

လက္ရိွ လွဴဒါန္းထားေသာ အလွဴရွင္မ်ားမွာ သူရိယသကၤန္းတိုက္မွ ဦးေအာင္ၿဖိဳးရိွန္(CNCMC)မွ ရွမ္းအလံ (၁၀)ခု၊ ဦးစိုင္းက်ံဳ + ေဒၚနန္းနန္း မိသားစုမွ ဘတ္ (၂၀၀၀၀)၊ မယ္ေခါင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းအြတ္ +ေဒၚနန္းေအြႏြန္း မိသားစုက ဘတ္(၁၀၀၀၀)၊ ဦးစိုင္းကာဝင္း + ေဒၚနန္းေဆာင္ မိသားစုမွ ဘတ္ (၁၀၀၀၀)၊ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)ေန ဦးစိုင္းစိုင္း(စိုင္းေအာင္သိန္း)ႏွင့္ဇနီးမွ (၁၀၀၀၀)ဘတ္၊ ဦးစိုင္းဆမ္ႏွင့္ဇနီး မွ ဘတ္ (၁၀၀၀၀)၊ မိုင္းဖုန္း(က)ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးနင့္ ရြာသူႀကီးတို႔မွ  က်ပ္(၁၀)သိန္း၊ ေဒၚနန္းႏြန္း(မိုင္းျဖတ္) ဆန္ဆိုင္းဆိုင္မိုင္း က်ပ္တစ္သိန္း၊ တာခ်ီလိတ္ၿမိဳ႕ SNLD ပါတီ ဒုတိယဥကၠဌ ဦးစိုင္းႏြံတီြ ႏွင့္ ေဒၚနန္ငင္း မိသားစုမွ က်ပ္(၁)သိန္း တို႔ ပါ၀င္ လွဴဒါန္းထားေၾကာင္း သိရွိရသည္။

ဓါတ္ပံု - Sai Noom Twe Tachileik



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်အတွင်း မြို့နယ် နှင့် ကျေးရွာအုပ်စုများတွင် နွေရာသီ ရှမ်းစာပေ သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းကို ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းက ဝမ်လုံဘုန်းကြီးကျောင်းတွင် မတ်လ(၄)ရက်နေ့ကစ၍ မတ်လ (၆)ရက်နေ့အထိ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း နေရာပေါင်း (၅၆)နေရာတွင် ဆရာ၊ဆရာမ (၆၀)ဦးဖြင့် ရှမ်းစာပေ သင်တန်းများကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းစာပေသင်တန်းများကို မတ်လ (၁၀)ရက်နေ့မှ မေလ (၆)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တာချီလိတ်မြို့နယ်တွင်း ဖြစ်သည့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဝမ်မိုင်ရွာ၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၊ ပါဆတ်ရပ်ကွက်၊ ဝမ်လုံရွာ၊ ဝမ်ဟောင်ရွာ၊ မယ်ခေါင်ရပ်ကွက်၊ ဝမ်လုံးတို့တွင် တစ်နေရာစီနှင့် ဖန်မင်ကျေးရွာအုပ်စု အတွင်း (၄)နေရာ၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း (၁၁) နေရာ၊ မိုင်းဖုန်(က)ကျေးရွာ အုပ်စု အတွင်း (၁၀)နေရာ၊ မိုင်းဖုန်း(ခ)ရွာအုပ်စုအတွင်း (၄)နေရာတို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တာလမြေို့နှင့် ကျိုင်းလပ်မြို့တို့တွင် (၁၆) နေရာ၊ မိုင်းဖြတ်မြို့နယ်အတွင်း (၃) နေရာနှင့် မိုင်းယောင်းမြို့နယ်တို့တွင် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများ ဖွင့်လှစ်နိုင်ရေး အတွက် ပညာဒါနအဖြစ် စေတနာရှင်များက ထည့်ဝင် လှူဒါန်းထားကြပြီး သင်တန်းဆင်းပွဲကျင်းပသည့် အချိန်ထိ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

လက်ရှိ လှူဒါန်းထားသော အလှူရှင်များမှာ သူရိယသင်္ကန်းတိုက်မှ ဦးအောင်ဖြိုးရှိန်(CNCMC)မှ ရှမ်းအလံ (၁၀)ခု၊ ဦးစိုင်းကျုံ + ဒေါ်နန်းနန်း မိသားစုမှ ဘတ် (၂၀၀၀၀)၊ မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ် +ဒေါ်နန်းအွေနွန်း မိသားစုက ဘတ်(၁၀၀၀၀)၊ ဦးစိုင်းကာဝင်း + ဒေါ်နန်းဆောင် မိသားစုမှ ဘတ် (၁၀၀၀၀)၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)နေ ဦးစိုင်းစိုင်း(စိုင်းအောင်သိန်း)နှင့်ဇနီးမှ (၁၀၀၀၀)ဘတ်၊ ဦးစိုင်းဆမ်နှင့်ဇနီး မှ ဘတ် (၁၀၀၀၀)၊ မိုင်းဖုန်း(က)ကျေးရွာအုပ်ချုပ်ရေးမှူးနင့် ရွာသူကြီးတို့မှ ကျပ်(၁၀)သိန်း၊ ဒေါ်နန်းနွန်း(မိုင်းဖြတ်) ဆန်ဆိုင်းဆိုင်မိုင်း ကျပ်တစ်သိန်း၊ တာချီလိတ်မြို့ SNLD ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းနွံတွီ နှင့် ဒေါ်နန်ငင်း မိသားစုမှ ကျပ်(၁)သိန်း တို့ ပါဝင် လှူဒါန်းထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - Sai Noom Twe Tachileik

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~