ရွမ္းျပည္နယ္ေန႔အား အစိုးရရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးေရးအဆို ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ကန္႔ကြက္မဲေၾကာင့္ ႐ႈံးနိမ့္

ရွမ္းျပည္နယ္ေန႔အား အစိုးရရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးေရးအဆို ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ကန္႔ကြက္မဲေၾကာင့္ ႐ႈံးနိမ့္
မတ် 30, 2018
By Tachileik News Agency

႐ွမ္းျပည္နယ္ေန႔ကို အစိုးရရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးရန္ ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ တင္သြင္းသည့္ အဆိုအား မတ္လ (၃၀)ရက္ေန႔ လႊတ္ေတာ္အစည္းအေဝးတြင္ မဲခြဲဆံုးျဖတ္ရာ ေထာက္ခံမဲထက္ ကန္႔ကြက္မဲက တစ္မဲသာသြား၍ အဆိုရံႈးနိမ့္သြားေၾကာင္း သိရသည္။

“ျပည္သူ႔လႊတ္ေတာ္မွာ ဒါကိုဆက္ၿပီး တင္ဖို႔အတြက္ေတာ့ ျပည္နယ္လႊတ္ေတာ္ဥကၠဌကိုယ္တိုင္က တုိက္တြန္း ထားပါတယ္။ ရွမ္းျပည္နယ္အစိုးရကိုလည္း ေနာက္ပိုင္းမွာ ဒါကိုဆက္လုပ္ေပးဖို႔အတြက္လည္း အႀကံေပးထားပါတယ္။ အားရစရာေတာ့ ရိွပါတယ္။ ဒီေန႔ မဲခြဲရာမွာေတာ့ တပ္မေတာ္သား ကိုယ္စားလွယ္ေတြနဲ႔ တစ္ခ်ိဳ႕ပါတီေတြက ကန္႔ကြက္ၾကတယ္”ဟု က်ိဳင္းတံုမဲဆႏၵနယ္ အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ၀ဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းရႈးမဲဆႏၵနယ္အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလင္းျမတ္က မိုင္းကိုင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံု တင္ျပထားသည့္ ရွမ္းျပည္နယ္ေန႔အား အစိုးရရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးရန္ အဆိုကို ေထာက္ခံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းအဆိုအား ယေန႔ လႊတ္ေတာ္တက္ေရာက္သည့္ ကိုယ္စားလွယ္ (၁၁၇)ဦးက မဲခြဲဆံုးျဖတ္ၾကရာ ေထာက္ခံမဲ (၅၈)မဲ၊ ကန္႔ကြက္မဲ (၅၉)မဲ ရရိွျခင္းျဖစ္ေၾကာင္း သိရသည္။

“အခု ကၽြန္ေတာ္တုိ႔ ၿငိမ္းခ်မ္းေရးေဖၚေဆာင္ေနတဲ့အခ်ိန္မွာ သူတုိ႔ဆႏၵကို ဦးစားေပးသင့္တယ္လို႔ ထင္တာေပါ့ေလ။ ဒီကိစၥက ကၽြန္ေတာ္တုိ႔ အစိုးရ လုပ္လို႔ မရဘူးေလ။ ျပည္ေထာင္စုအစိုးရပဲ လုပ္လို႔ရတဲ့အတြက္ လႊတ္ေတာ္မွာ ဆက္တင္ျပဖို႔ေတာ့ လႊတ္ေတာ္ ဥကၠဌကလည္း ေျပာတယ္။ ေနာက္ ဒီဘက္ ျပည္နယ္အစိုးရ အေနနဲ႔လည္း ဆက္တင္ျပေပးဖို႔ လႊတ္ေတာ္ဥကၠဌကလည္း ေျပာထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလင္းျမတ္က ေထာက္ခံေဆြးေႏြးရာတြင္ ရွမ္းျပည္နယ္ေန႔၏ သမိုင္းေၾကာင္းမ်ားအေၾကာင္းကို ရွင္းလင္းၿပီး ၂၀၁၈ ခုႏွစ္ မတ္လ (၂၈)ရက္ေန႔တြင္ ခ်င္းျပည္နယ္ လႊတ္ေတာ္၌ ခ်င္းအမ်ိဳးသားေန႔အား ခ်င္းျပည္နယ္အတြင္း ရံုးပိတ္ရက္အျဖစ္ သတ္မွတ္ရန္ အတည္ျပဳႏုိင္ခဲ့ျခင္းကိုလည္း တင္ျပေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ပင္လံုညီလာခံ အစည္းအေဝး၌ ရွမ္းေစာ္ဘြားမ်ားႏွင့္ လူထုကိုယ္စားလွယ္မ်ား စံုညီစြာတက္ေရာက္ၿပီး လြတ္လပ္ေရး အတူတကြယူရန္ ဆံုးျဖတ္ခဲ့ၾကသည့္ ေဖေဖၚဝါရီလ (၇)ရက္ေန႔အား ရွမ္းအမ်ိဳးသားေန႔ ယခု ရွမ္းျပည္နယ္ေန႔အျဖစ္ သတ္မွတ္ေၾကာင္း ၁၉၄၇ ခုႏွစ္ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔တြင္ ေတာင္ပိုင္ ေစာ္ဘြားႀကီး စဝ္ခြန္ပန္းစိန္ (ေစာ္ဘြားမ်ား အစည္းအရံုး ဥကၠဌ)က လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မတ္လ (၂၂)ရက္ေန႔က ခ်င္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးတြင္ ေဖေဖၚဝါရီလ (၂၀)ရက္ေန႔ ခ်င္းအမ်ိဳးသားေန႔အား ခ်င္းျပည္နယ္တြင္း အစိုးရရံုးပိတ္ရက္အျဖစ္ အဆိုတင္သြင္းရာ မတ္လ (၂၈)ရက္ေန႔တြင္ အတည္ျပဳႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ရှမ်းပြည်နယ်လွှတ်တော်တွင် တင်သွင်းသည့် အဆိုအား မတ်လ (၃၀)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲထက် ကန့်ကွက်မဲက တစ်မဲသာသွား၍ အဆိုရှုံးနိမ့်သွားကြောင်း သိရသည်။

“ပြည်သူ့လွှတ်တော်မှာ ဒါကိုဆက်ပြီး တင်ဖို့အတွက်တော့ ပြည်နယ်လွှတ်တော်ဥက္ကဌကိုယ်တိုင်က တိုက်တွန်း ထားပါတယ်။ ရှမ်းပြည်နယ်အစိုးရကိုလည်း နောက်ပိုင်းမှာ ဒါကိုဆက်လုပ်ပေးဖို့အတွက်လည်း အကြံပေးထားပါတယ်။ အားရစရာတော့ ရှိပါတယ်။ ဒီနေ့ မဲခွဲရာမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တစ်ချို့ပါတီတွေက ကန့်ကွက်ကြတယ်”ဟု ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းရှုးမဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က မိုင်းကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ တင်ပြထားသည့် ရှမ်းပြည်နယ်နေ့အား အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အဆိုကို ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဆိုအား ယနေ့ လွှတ်တော်တက်ရောက်သည့် ကိုယ်စားလှယ် (၁၁၇)ဦးက မဲခွဲဆုံးဖြတ်ကြရာ ထောက်ခံမဲ (၅၈)မဲ၊ ကန့်ကွက်မဲ (၅၉)မဲ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

“အခု ကျွန်တော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ သူတို့ဆန္ဒကို ဦးစားပေးသင့်တယ်လို့ ထင်တာပေါ့လေ။ ဒီကိစ္စက ကျွန်တော်တို့ အစိုးရ လုပ်လို့ မရဘူးလေ။ ပြည်ထောင်စုအစိုးရပဲ လုပ်လို့ရတဲ့အတွက် လွှတ်တော်မှာ ဆက်တင်ပြဖို့တော့ လွှတ်တော် ဥက္ကဌကလည်း ပြောတယ်။ နောက် ဒီဘက် ပြည်နယ်အစိုးရ အနေနဲ့လည်း ဆက်တင်ပြပေးဖို့ လွှတ်တော်ဥက္ကဌကလည်း ပြောထားပါတယ်”ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က ထောက်ခံဆွေးနွေးရာတွင် ရှမ်းပြည်နယ်နေ့၏ သမိုင်းကြောင်းများအကြောင်းကို ရှင်းလင်းပြီး ၂၀၁၈ ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် ချင်းပြည်နယ် လွှတ်တော်၌ ချင်းအမျိုးသားနေ့အား ချင်းပြည်နယ်အတွင်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် အတည်ပြုနိုင်ခဲ့ခြင်းကိုလည်း တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပင်လုံညီလာခံ အစည်းအဝေး၌ ရှမ်းစော်ဘွားများနှင့် လူထုကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ပြီး လွတ်လပ်ရေး အတူတကွယူရန် ဆုံးဖြတ်ခဲ့ကြသည့် ဖေဖော်ဝါရီလ (၇)ရက်နေ့အား ရှမ်းအမျိုးသားနေ့ ယခု ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကြောင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် တောင်ပိုင် စော်ဘွားကြီး စဝ်ခွန်ပန်းစိန် (စော်ဘွားများ အစည်းအရုံး ဥက္ကဌ)က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ (၂၂)ရက်နေ့က ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ချင်းအမျိုးသားနေ့အား ချင်းပြည်နယ်တွင်း အစိုးရရုံးပိတ်ရက်အဖြစ် အဆိုတင်သွင်းရာ မတ်လ (၂၈)ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~