တုိင္းႏွင့္ျပည္နယ္အဆင့္ အားကစားၿပိဳင္ပြဲတြင္ တတိယေနရာရထားသည့္ ရွမ္းျပည္နယ္က ၂၀၁၈ အတြက္ ဆုတံဆိပ္မ်ား တိုးျမႇင့္ရရိွေရး ျပင္ဆင္ေန

တုိင္းႏွင့္ျပည္နယ္အဆင့္ အားကစားၿပိဳင္ပြဲတြင္ တတိယေနရာရထားသည့္ ရွမ္းျပည္နယ္က ၂၀၁၈ အတြက္ ဆုတံဆိပ္မ်ား တိုးျမႇင့္ရရိွေရး ျပင္ဆင္ေန
မတ် 11, 2018
By Tachileik News Agency

၂၀၁၇ ခုႏွစ္ တုိင္းႏွင့္ျပည္နယ္အဆင့္အားကစားၿပိဳင္ပြဲမ်ားတြင္ တတိယ ေနရာရရိွထားသည့္ ရွမ္းျပည္နယ္ အေနျဖင့္ ၂၀၁၈ ခုႏွစ္တြင္ ဆုတံဆိပ္မ်ား တိုးျမႇင့္ရရိွေရးအတြက္ ျပည္နယ္လက္ေရြးစင္မ်ားကို ေတာင္ႀကီးၿမိဳ႕ရိွ အားကစားႏွင့္ကာယပညာသိပၸံေက်ာင္းတြင္ စခန္းသြင္းေလ့က်င့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ဆီမွာက အားကာသိပၸံရိွတယ္ေပါ့ေနာ္။ အားကာသိပၸံမွာရိွတဲ့ အားကစားနည္း (၁၀)နည္းကေတာ့ လာမယ့္ႏွစ္ အတြက္ စခန္းသြင္းေလ့က်င့္မယ္။ ၿပီးမွ တုိင္းနဲ႔ျပည္နယ္မွာ သြားၿပိဳင္မယ္ ေပါ့ေနာ္။ ဆုတံဆိပ္ ဒီထက္ ပိုရႏုိင္မယ္ေပါ့ေနာ္။ အဲဒီလို အစီအစဥ္ကေတာ့ ဆြဲထားၿပီးသားပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္ တုိင္းႏွင့္ျပည္နယ္အားကစားပြဲအတြက္ ရွမ္းျပည္နယ္ကိုယ္စားျပဳ လက္ေရြးစင္မ်ား ေစလႊတ္ရာတြင္ အခ်ိဳ႕ အားကစားနည္းမ်ားအတြက္ အခ်ိန္အကန္႔အသတ္ရိွသျဖင့္ စခန္းသြင္း ေလ့က်င့္ႏုိင္ခဲ့မႈ မရိွခဲ့သျဖင့္ ယင္းကဲ့သို႔ ျပင္ဆင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“မႏွစ္ကေတာ့ တစ္ခ်ိဳ႕အားကစားနည္းေတြက စခန္းသြင္းေလ့က်င့္ဖို႔ အခ်ိန္ မလံုေလာက္ေတာ့ မသြင္းလုိက္ႏုိင္ဘူး။ ဒီေတာ့ တစ္ခ်ိဳ႕ၿပိဳင္ပြဲေတြမွာ ေအာင္ပြဲမရခဲ့တာေလးေတြ ရိွတာေပါ့ေနာ္။ ဒါေပမဲ့ မႏွစ္က ၂၀၁၇ - ၂၀၁၈ ဘ႑ာေရးႏွစ္မွာ တုိင္းနဲ႔ျပည္နယ္ အားကစားနည္း (၃၃)နည္းသြားၿပိဳင္ရာမွာ ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္က တတိယ ရတယ္။ တတိယကေတာ့ ေလာေလာဆယ္အေနအထားမွာ အေကာင္းဆံုးေပါ့။ ရန္ကုန္၊ မႏၱေလးကို ဘယ္နည္းနဲ႔မွ မယွဥ္ႏုိင္ေသးဘူးေလ။ မႏွစ္က အဆင့္ (၄)ရတယ္။ ဒီႏွစ္က အဆင့္ (၃)ရတယ္ေပါ့ေနာ္။ လာမယ့္ႏွစ္မွာေတာ့ အဆင့္(၃)ထက္မေလ်ာ့ေအာင္ ႀကိဳးစားရမွာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလက ေတာင္ႀကီးၿမိဳ႕၌ ရွမ္းျပည္နယ္ေန႔ အခမ္းအနားက်င္းပရာတြင္ ဆုရခဲ့သည့္ ရွမ္းျပည္နယ္ကိုယ္စားျပဳ အားကစားသမားမ်ား၊ အာဆီယံေဒသအပါအဝင္ ႏုိင္ငံတကာၿပိဳင္ပြဲမ်ားတြင္ ဆုရခဲ့သည့္ မသန္စြမ္း အားကစားသမားမ်ား အပါအဝင္ အားကစားသမားမ်ားအား ျပည္နယ္အစိုးရက ထပ္ဆင့္ ဆုေပးခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္နွစ္ အားကစားၿပိဳင္ပြဲမ်ား၏ အားနည္းခ်က္၊ အားသာခ်က္မ်ားအား ျပည္နယ္အားကာ၊ ၿမိဳ႕နယ္အားကာမွဴးေတြနဲ႔ လုပ္ငန္းညိႇွႏိႈင္းအစည္းအေဝးျပဳလုပ္ကာ လာမည့္ႏွစ္အတြက္ အစီအစဥ္မ်ား ခ်မွတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ႏွစ္က အားနည္းခ်က္၊ အားသာခ်က္ေတြ ရွာၾကတယ္။ ေျပးခုန္ပစ္လိုဟာမ်ိဳးကေတာ့ ဆုတံဆိပ္ေတြအမ်ားႀကီး ရႏုိင္တဲ့ အားကစားနည္းျဖစ္တယ္ေပါ့ေနာ္။ ကၽြန္ေတာ္တုိ႔ တာဝန္ယူခဲ့တဲ့ မႏွစ္ကလည္း ၿမိဳ႕နယ္တုိင္းမွာ မီနီမာရသြန္ေလးေတြ၊ ေက်ာင္းအေျချပဳမာရသြန္ေလးေတြ ၿပိဳင္ခဲ့တယ္။ သို႔ေပမဲ့လည္း တိုင္းနဲ႔ျပည္နယ္အလိုက္ သြားၿပိဳင္ရာမွာ သူမ်ားေလာက္ မရခဲ့တာလည္း ရိွတာေပါ့။ တနသၤာရီဆို ေျပးခုန္ပစ္တစ္ခုတည္းမွာကို ဆုေတြ (၁၀)ခုေလာက္ရတယ္။ အဲဒီေတာ့ ေမးၾကည့္တဲ့အခါ သူတို႔က ရန္ကုန္မွာ Camp သြားသြင္းတယ္လို႔ သိရတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ကေတာ့ အဲဒီလို Camp သြားသြင္းဖို႔ ေငြေရးေၾကးေရး တတ္ႏုိင္ခ်င္မွ တတ္ႏိုင္မယ္ေပါ့ေနာ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ဆီမွာက အားကာသိပၸံရိွတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

တိုင္းႏွင့္ျပည္နယ္အလုိက္ အားကစားၿပိဳင္ပြဲမ်ား မက်င္းပမီတြင္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ဝန္ႀကီးခ်ဳပ္ဖလားၿပိဳင္ပြဲမ်ားက်င္းပကာ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလုိက္ ယွဥ္ၿပိဳင္ၾကမည့္ အားကစားသမားမ်ား ေရြးခ်ယ္ၿပီးေနာက္ စခန္းသြင္းေလ့က်င့္မႈမ်ား လုပ္ေဆာင္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္သည္ ၂၀၁၆ ခုႏွစ္ တုိင္းႏွင့္ျပည္နယ္အားကစားၿပိဳင္ပြဲ၌ စတုတၳေနရာတြင္ရိွေနရာမွ ၂၀၁၇ ခုႏွစ္ၿပိဳင္ပြဲတြင္ တတိယေနရာသို႔ တက္လာျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ ခုနှစ် တိုင်းနှင့်ပြည်နယ်အဆင့်အားကစားပြိုင်ပွဲများတွင် တတိယ နေရာရရှိထားသည့် ရှမ်းပြည်နယ် အနဖြေင့် ၂၀၁၈ ခုနှစ်တွင် ဆုတံဆိပ်များ တိုးမြှင့်ရရှိရေးအတွက် ပြည်နယ်လက်ရွေးစင်များကို တောင်ကြီးမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာက အားကာသိပ္ပံရှိတယ်ပေါ့နော်။ အားကာသိပ္ပံမှာရှိတဲ့ အားကစားနည်း (၁၀)နည်းကတော့ လာမယ့်နှစ် အတွက် စခန်းသွင်းလေ့ကျင့်မယ်။ ပြီးမှ တိုင်းနဲ့ပြည်နယ်မှာ သွားပြိုင်မယ် ပေါ့နော်။ ဆုတံဆိပ် ဒီထက် ပိုရနိုင်မယ်ပေါ့နော်။ အဲဒီလို အစီအစဉ်ကတော့ ဆွဲထားပြီးသားပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် တိုင်းနှင့်ပြည်နယ်အားကစားပွဲအတွက် ရှမ်းပြည်နယ်ကိုယ်စားပြု လက်ရွေးစင်များ စေလွှတ်ရာတွင် အချို့ အားကစားနည်းများအတွက် အချိန်အကန့်အသတ်ရှိသဖြင့် စခန်းသွင်း လေ့ကျင့်နိုင်ခဲ့မှု မရှိခဲ့သဖြင့် ယင်းကဲ့သို့ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“မနှစ်ကတော့ တစ်ချို့အားကစားနည်းတွေက စခန်းသွင်းလေ့ကျင့်ဖို့ အချိန် မလုံလောက်တော့ မသွင်းလိုက်နိုင်ဘူး။ ဒီတော့ တစ်ချို့ပြိုင်ပွဲတွေမှာ အောင်ပွဲမရခဲ့တာလေးတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ မနှစ်က ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ တိုင်းနဲ့ပြည်နယ် အားကစားနည်း (၃၃)နည်းသွားပြိုင်ရာမှာ ကျွန်တော်တို့ ရှမ်းပြည်နယ်က တတိယ ရတယ်။ တတိယကတော့ လောလောဆယ်အနေအထားမှာ အကောင်းဆုံးပေါ့။ ရန်ကုန်၊ မန္တလေးကို ဘယ်နည်းနဲ့မှ မယှဉ်နိုင်သေးဘူးလေ။ မနှစ်က အဆင့် (၄)ရတယ်။ ဒီနှစ်က အဆင့် (၃)ရတယ်ပေါ့နော်။ လာမယ့်နှစ်မှာတော့ အဆင့်(၃)ထက်မလျော့အောင် ကြိုးစားရမှာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တောင်ကြီးမြို့၌ ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပရာတွင် ဆုရခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု အားကစားသမားများ၊ အာဆီယံဒေသအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုရခဲ့သည့် မသန်စွမ်း အားကစားသမားများ အပါအဝင် အားကစားသမားများအား ပြည်နယ်အစိုးရက ထပ်ဆင့် ဆုပေးခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် အားကစားပြိုင်ပွဲများ၏ အားနည်းချက်၊ အားသာချက်များအား ပြည်နယ်အားကာ၊ မြို့နယ်အားကာမှူးတွေနဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ လာမည့်နှစ်အတွက် အစီအစဉ်များ ချမှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့နှစ်က အားနည်းချက်၊ အားသာချက်တွေ ရှာကြတယ်။ ပြေးခုန်ပစ်လိုဟာမျိုးကတော့ ဆုတံဆိပ်တွေအများကြီး ရနိုင်တဲ့ အားကစားနည်းဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ မနှစ်ကလည်း မြို့နယ်တိုင်းမှာ မီနီမာရသွန်လေးတွေ၊ ကျောင်းအခြပြေုမာရသွန်လေးတွေ ပြိုင်ခဲ့တယ်။ သို့ပေမဲ့လည်း တိုင်းနဲ့ပြည်နယ်အလိုက် သွားပြိုင်ရာမှာ သူများလောက် မရခဲ့တာလည်း ရှိတာပေါ့။ တနင်္သာရီဆို ပြေးခုန်ပစ်တစ်ခုတည်းမှာကို ဆုတွေ (၁၀)ခုလောက်ရတယ်။ အဲဒီတော့ မေးကြည့်တဲ့အခါ သူတို့က ရန်ကုန်မှာ Camp သွားသွင်းတယ်လို့ သိရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီလို Camp သွားသွင်းဖို့ ငွေရေးကြေးရေး တတ်နိုင်ချင်မှ တတ်နိုင်မယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက အားကာသိပ္ပံရှိတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

တိုင်းနှင့်ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများ မကျင်းပမီတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်ဖလားပြိုင်ပွဲများကျင်းပကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများ ရွေးချယ်ပြီးနောက် စခန်းသွင်းလေ့ကျင့်မှုများ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်သည် ၂၀၁၆ ခုနှစ် တိုင်းနှင့်ပြည်နယ်အားကစားပြိုင်ပွဲ၌ စတုတ္ထနေရာတွင်ရှိနေရာမှ ၂၀၁၇ ခုနှစ်ပြိုင်ပွဲတွင် တတိယနေရာသို့ တက်လာခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~