မြန်မာ - ထိုင်း နယ်စပ်မှ တဆင့် ရွှေ့ပြောင်းမြန်မာလုပ်သားများနှင့်အတူ ပါဝင်လာသည့် ဘင်္ဂါလီတစ်ဦးအား လဝကအက်ဥပဒေဖြင့် အမှုဖွင့်ထား

မြန်မာ - ထိုင်း နယ်စပ်မှ တဆင့် ရွှေ့ပြောင်းမြန်မာလုပ်သားများနှင့်အတူ ပါဝင်လာသည့် ဘင်္ဂါလီတစ်ဦးအား လဝကအက်ဥပဒေဖြင့် အမှုဖွင့်ထား
မတျ 5, 2018
By Tachileik News Agency

ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့မှတစ်ဆင့် နေရပ်ပြန်ဝင်လာသည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ နှင့်အတူ ပါဝင်လာသည့် ဘင်္ဂါလီတစ်ဦးမှာ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်ပြီး ပြန်ဝင်လာသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လဝကအက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင် ပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေရပ်ပြန်လာနေရာ မြဝတီနယ်စပ်ဝင်ပေါက်မှတစ်ဆင့် မတ်လ (၃)ရက်နေ့က (၃၆၅)ဦး ပြန်လည်ဝင်ရောက်လာရာ အဆိုပါ ဘင်္ဂါလီလည်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။




ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေသစ်အရ ဥပဒေနှင့်မညီညွတ်သည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လာနေရာ ၎င်းတို့အား မြန်မာနယ်စပ် ဒေသများရှိ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်ပြီး ငွေကြေး ကောက်ခံခြင်းမရှိဘဲ နေရပ်အသီးသီးသို့ ပြန်နိုင်ရေး ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း #နန်းဟွမ်ခမ်း



~~~~~~~~⊰❂ unicode ~~~~~~~~


ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့မှတစ်ဆင့် နေရပ်ပြန်ဝင်လာသည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ နှင့်အတူ ပါဝင်လာသည့် ဘင်္ဂါလီတစ်ဦးမှာ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်ပြီး ပြန်ဝင်လာသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လဝကအက်ဥပဒဖြေင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒပြေင်ဆင် ပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေရပ်ပြန်လာနေရာ မြဝတီနယ်စပ်ဝင်ပေါက်မှတစ်ဆင့် မတ်လ (၃)ရက်နေ့က (၃၆၅)ဦး ပြန်လည်ဝင်ရောက်လာရာ အဆိုပါ ဘင်္ဂါလီလည်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်လာသူများနှင့်အတူ ပါလာသည့် ကာလာစင်(ခ)မောင်မောင်အား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက မတ်လ (၄) ရက်နေ့က နံနက် (၉)နာရီခွဲအချိန်တွင် စစ်ဆေးရာ၎င်း၏ ခရီးဆောင် အိတ် အတွင်းမှ Save Rohingya Save စာတမ်းပါ ပုဝါ တစ်ထည်၊ မလေးရှားအလံ လေးထည်၊ မလေးရှားငွေ (၂၁) ရင်းဂစ်၊ ထိုင်းဘတ် (၇၀၀)၊ အလုပ်သမားစိစစ်ရေး ကဒ် တစ်ခုတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါ ကျောပိုးအိတ်မှာ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့်၎င်း၏ သူငယ်ချင်း ကျောပိုးအိတ် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရပြီး ကာလာစင်(ခ)မောင်မောင်သည် ခွင့်ပြုချက် အထောက် အထား မပါရှိဘဲ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်လာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ကာလာစင်(ခ)မောင်မောင်အား မြဝတီမြို့မ ရဲစခန်းတွင် (ပ)၁၆၉/၂၀၁၈ လဝကအက် ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြဝတီနယ်စပ်ဝင်ပေါက်မှ တစ်ဆင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန် ဝင်လာနေရာ ၂၀၁၈ခုနှစ်၊ မတ်လ (၄) ရက်နေ့ ကလည်း အမျိုးသား (၆၈)ဦးနှင့် အမျိုးသမီး (၃၅)ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေသစ်အရ ဥပဒေနှင့်မညီညွတ်သည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လာနေရာ၎င်းတို့အား မြန်မာနယ်စပ် ဒေသများရှိ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်ပြီး ငွေကြေး ကောက်ခံခြင်းမရှိဘဲ နေရပ်အသီးသီးသို့ ပြန်နိုင်ရေး ကူညီလုပ်ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နေရပ်ပြန်လာနေသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားဦးရေမှာ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မတ်လ (၄) ရက်နေ့အထိ အမျိုးသား (၁၀၄,၆၆၆)နှင့် အမျိုးသမီး (၇၂,၇၉၆) စုစုပေါင်း (၁၇၇,၄၆၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~