ေႏြစပါးစိုက္စရိတ္ ထက္ဝက္ခန္႔သက္သာၿပီး အထြက္ႏႈန္းတိုးမည့္ စိုက္စနစ္အား တာခ်ီလိတ္မွ ေတာင္သူမ်ားထံ ျဖန္႔ေဝ

ေႏြစပါးစိုက္စရိတ္ ထက္ဝက္ခန္႔သက္သာၿပီး အထြက္ႏႈန္းတိုးမည့္ စိုက္စနစ္အား တာခ်ီလိတ္မွ ေတာင္သူမ်ားထံ ျဖန္႔ေဝ
မတ် 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေႏြရာသီစပါးစိုက္ပ်ိဳးေရးအတြက္ သင့္ေလ်ာ္သည့္ စိုက္ပ်ိဳးစရိတ္ သက္သာေသာ ပ်ိဳးသက္ႏုေကာက္ကြက္ႀကဲစိုက္ပ်ိဳးနည္းစနစ္ကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာ အုပ္စု ပါဝုန္းေက်းရြာတြင္ ေဖေဖၚဝါရီလ (၂၈)ရက္ေန႔က သရုပ္ျပ ရွင္းလင္းေၾကာင္း သိရသည္။

“ဒီမွာ လုပ္သားရွားပါးမႈကလည္း ျဖစ္ေနတယ္ဆိုေတာ့ ဒီစနစ္က လုပ္သားေလွ်ာ့ခ်ႏုိင္ေတာ့ ေတာ္ေတာ္ေလး အလုပ္ျဖစ္တယ္ေပါ့ေနာ္။ ေနာက္တစ္ခုက သြင္းအားစုေတြ အေတာ္မ်ားမ်ားကို ေလွ်ာ့ခ်တဲ့ စနစ္ျဖစ္တယ္။ အထြက္ေကာင္းတဲ့အတြက္ အခုစပါးေစ်းႏႈန္းသိပ္မေသခ်ာတဲ့ကာလမွာကို ေတာင္သူအတြက္ အျမတ္က်န္ႏုိင္တဲ့ စနစ္ျဖစ္တယ္။ ေျမဆီေတြသံုးတာကိုလည္း ေလွ်ာ့ခ်လိုက္ၿပီး ေရတအား လိုအပ္ခ်ိန္မွ ေရေပးလိုက္ၿပီး အပင္ေတြကို ျမႇင့္ေပးလိုက္တဲ့စနစ္ျဖစ္လုိ႔ ကုန္က်စရိတ္ နည္းနည္းနဲ႔ အထြက္ႏႈန္းမ်ားမ်ား ရရိွတဲ့စနစ္ျဖစ္တယ္”ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စိုက္နည္းစနစ္ကို ယခင္ႏွစ္မ်ားကလည္း တာခ်ီလိတ္ခရိုင္အတြင္း ပညာေပးသရုပ္ျပျခင္းမ်ား လုပ္ေဆာင္ရာ ေဒသတြင္းမွ ေတာင္သူအခ်ိဳ႕ လက္ေတြ႕အသံုးျပဳလာမႈမ်ားလည္း ရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

“ဒီေဒသဘက္မွာ ေႏြစပါးစိုက္တဲ့ေတာင္သူက နည္းတယ္။ ေႏြစပါးစိုက္တဲ့သူေတြကေတာ့ အခုစနစ္ကို ႀကိဳက္ၾကတယ္။ အခုလက္ရိွ ေတာင္သူဆိုရင္ ၿပီးခဲ့တဲ့မိုးတြင္းမွာ တစ္ဧကပဲစိုက္တာမွာ အခုႏွစ္ဆို ဆယ္ဧက စိုက္လာတယ္။ မိုင္းကိုးဘက္မွာလည္း အနည္းအက်ဥ္းေတာ့ လုိက္စိုက္ၾကပါၿပီ။ ဒီစနစ္က မိုးမွာေတာ့ အဆင္မေျပဘူး။ ေႏြမွာပိုအဆင္ေျပတယ္။ သူက ေရနည္းနည္းနဲ႔ပဲစိုက္ရတဲ့စနစ္ျဖစ္တယ္။ ေႏြရာသီမွာ ေရနည္းနည္းနဲ႔ပဲ စိုက္လို႔ရတဲ့စနစ္ျဖစ္တယ္။ (၁၅)ရက္ေလာက္ ေရကိုခမ္းလိုက္မယ္။ ၿပီးရင္ ေရကိုျပန္သြင္းလုိက္မယ္။ တစ္ပတ္ဆယ္ရက္ေလာက္ ေရျပန္ခမ္းလုိက္မယ္။ အဲဒီလိုဆိုေတာ့ ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္မွာ ေရနည္းနည္းနဲ႔ စိုက္လို႔အဆင္ေျပတဲ့ ေႏြရာသီမွာပဲ အဆင္ေျပတယ္”ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္းက ရွင္းျပသည္။

အဆိုပါ စိုက္နည္းစနစ္၏အားသာခ်က္မွာ လုပ္သားစရိတ္ႏွင့္ စိုက္ပ်ိဳးေရးသြင္းအားစုမ်ားကို သမားရိုးက် စိုက္ပ်ိဳးနည္းထက္ ေလွ်ာ့ခ်ၿပီး အထြက္ႏႈန္းတိုးျမႇင့္ျခင္းျဖစ္သည့္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၏ လက္ရိွ စပါးေစ်းေလ်ာ့က်ေနသည့္အေျခအေနတြင္ ေတာင္သူမ်ားအတြက္ အဆင္ေျပေစမည့္ စနစ္ျဖစ္ေၾကာင္း သိရသည္။

“ဒီနည္းစနစ္က ပ်ိဳးေထာင္တဲ့ေနရာေရာ စိုက္ပ်ိဳးတဲ့ေနရာေရာ သက္သာတယ္။ ပံုမွန္အတုိင္း စိုက္မယ္ဆိုရင္ေတာ့ ေျမႀကီးေပၚမွာ ပ်ိဳးေထာင္ရတာ၊ ပ်ိဳးႏႈတ္ရတာ၊ ထယ္ထိုး၊ ထြန္ေမႊ၊ ပ်ိဳးႀကဲဆိုေတာ့ လုပ္အားစရိတ္မ်ားတယ္။ အခုစနစ္နဲ႔ဆိုရင္ ပ်ိဳးႏႈတ္စရာမလိုေတာ့ ပ်ိဳးႏႈတ္ခလည္းသက္သာမယ္။ ေနာက္တစ္ခု ပ်ိဳးသက္ႏုနဲ႔စိုက္တာမွာ တစ္ပင္ပဲစိုက္တာေၾကာင့္ ပံုမွန္စိုက္တာမွာ (၁၂)ေယာက္ကုန္ရင္ သူက (၆)ေယာက္နဲ႔ပဲ တစ္ဧကစိုက္လို႔ရတယ္”ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္းက ေျပာသည္။

ပါဝုန္းေက်းရြာတြင္ စိုက္ပ်ိဳးနည္းစနစ္ႏွင့္ ပတ္သက္၍ သရုပ္ျပေဟာေျပာပြဲသို႔ ေဒသတြင္းေတာင္သူ (၅၄)ဦး တက္ေရာက္ၿပီး ပညာေပးပိုစတာႏွင့္ လက္ကမ္းစာေစာင္မ်ားကို ျမန္မာ၊ ရွမ္း၊ လားဟူ၊ အာခါ ဘာသာမ်ားျဖင့္ ျဖန္႔ေဝေၾကာင္း သိရသည္။

ဓါတ္ပံု - စိုက္ပ်ဳိးေရး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နွေရာသီစပါးစိုက်ပျိုးရေးအတွက် သင့်လျော်သည့် စိုက်ပျိုးစရိတ် သက်သာသော ပျိုးသက်နုကောက်ကွက်ကြဲစိုက်ပျိုးနည်းစနစ်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေးရွာတွင် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က သရုပ်ပြ ရှင်းလင်းကြောင်း သိရသည်။

“ဒီမှာ လုပ်သားရှားပါးမှုကလည်း ဖြစ်နေတယ်ဆိုတော့ ဒီစနစ်က လုပ်သားလျှော့ချနိုင်တော့ တော်တော်လေး အလုပ်ဖြစ်တယ်ပေါ့နော်။ နောက်တစ်ခုက သွင်းအားစုတွေ အတော်များများကို လျှော့ချတဲ့ စနစ်ဖြစ်တယ်။ အထွက်ကောင်းတဲ့အတွက် အခုစပါးဈေးနှုန်းသိပ်မသေချာတဲ့ကာလမှာကို တောင်သူအတွက် အမြတ်ကျန်နိုင်တဲ့ စနစ်ဖြစ်တယ်။ မြေဆီတွေသုံးတာကိုလည်း လျှော့ချလိုက်ပြီး ရေတအား လိုအပ်ချိန်မှ ရေပေးလိုက်ပြီး အပင်တွေကို မြှင့်ပေးလိုက်တဲ့စနစ်ဖြစ်လို့ ကုန်ကျစရိတ် နည်းနည်းနဲ့ အထွက်နှုန်းများများ ရရှိတဲ့စနစ်ဖြစ်တယ်”ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စိုက်နည်းစနစ်ကို ယခင်နှစ်များကလည်း တာချီလိတ်ခရိုင်အတွင်း ပညာပေးသရုပ်ပြခြင်းများ လုပ်ဆောင်ရာ ဒေသတွင်းမှ တောင်သူအချို့ လက်တွေ့အသုံးပြုလာမှုများလည်း ရှိနပြေီဖြစ်ကြောင်း သိရသည်။

“ဒီဒေသဘက်မှာ နွေစပါးစိုက်တဲ့တောင်သူက နည်းတယ်။ နွေစပါးစိုက်တဲ့သူတွေကတော့ အခုစနစ်ကို ကြိုက်ကြတယ်။ အခုလက်ရှိ တောင်သူဆိုရင် ပြီးခဲ့တဲ့မိုးတွင်းမှာ တစ်ဧကပဲစိုက်တာမှာ အခုနှစ်ဆို ဆယ်ဧက စိုက်လာတယ်။ မိုင်းကိုးဘက်မှာလည်း အနည်းအကျဉ်းတော့ လိုက်စိုက်ကြပါပြီ။ ဒီစနစ်က မိုးမှာတော့ အဆင်မပြေဘူး။ နွေမှာပိုအဆင်ပြေတယ်။ သူက ရေနည်းနည်းနဲ့ပဲစိုက်ရတဲ့စနစ်ဖြစ်တယ်။ နွေရာသီမှာ ရေနည်းနည်းနဲ့ပဲ စိုက်လို့ရတဲ့စနစ်ဖြစ်တယ်။ (၁၅)ရက်လောက် ရေကိုခမ်းလိုက်မယ်။ ပြီးရင် ရေကိုပြန်သွင်းလိုက်မယ်။ တစ်ပတ်ဆယ်ရက်လောက် ရပြေန်ခမ်းလိုက်မယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ရေနည်းနည်းနဲ့ စိုက်လို့အဆင်ပြေတဲ့ နွေရာသီမှာပဲ အဆင်ပြေတယ်”ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက ရှင်းပြသည်။

အဆိုပါ စိုက်နည်းစနစ်၏အားသာချက်မှာ လုပ်သားစရိတ်နှင့် စိုက်ပျိုးရေးသွင်းအားစုများကို သမားရိုးကျ စိုက်ပျိုးနည်းထက် လျှော့ချပြီး အထွက်နှုန်းတိုးမြှင့်ခြင်းဖြစ်သည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၏ လက်ရှိ စပါးဈေးလျော့ကျနေသည့်အခြေအနေတွင် တောင်သူများအတွက် အဆင်ပြေစေမည့် စနစ်ဖြစ်ကြောင်း သိရသည်။

“ဒီနည်းစနစ်က ပျိုးထောင်တဲ့နေရာရော စိုက်ပျိုးတဲ့နေရာရော သက်သာတယ်။ ပုံမှန်အတိုင်း စိုက်မယ်ဆိုရင်တော့ မြကြေီးပေါ်မှာ ပျိုးထောင်ရတာ၊ ပျိုးနှုတ်ရတာ၊ ထယ်ထိုး၊ ထွန်မွှေ၊ ပျိုးကြဲဆိုတော့ လုပ်အားစရိတ်များတယ်။ အခုစနစ်နဲ့ဆိုရင် ပျိုးနှုတ်စရာမလိုတော့ ပျိုးနှုတ်ခလည်းသက်သာမယ်။ နောက်တစ်ခု ပျိုးသက်နုနဲ့စိုက်တာမှာ တစ်ပင်ပဲစိုက်တာကြောင့် ပုံမှန်စိုက်တာမှာ (၁၂)ယောက်ကုန်ရင် သူက (၆)ယောက်နဲ့ပဲ တစ်ဧကစိုက်လို့ရတယ်”ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြောသည်။

ပါဝုန်းကျေးရွာတွင် စိုက်ပျိုးနည်းစနစ်နှင့် ပတ်သက်၍ သရုပ်ပြဟောပြောပွဲသို့ ဒေသတွင်းတောင်သူ (၅၄)ဦး တက်ရောက်ပြီး ပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များကို မြန်မာ၊ ရှမ်း၊ လားဟူ၊ အာခါ ဘာသာများဖြင့် ဖြန့်ဝေကြောင်း သိရသည်။

ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~