မိုင်းဆတ်မြို့တွင် တိုးချဲ့ဖွင့်လှစ်လိုက်သည့် ရွှေမဟာ(၁)ကိုယ်ပိုင်အထက်တန်းကျောင်း(မိုင်းဆတ်)မှ မတ်လ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံနေ

မိုင်းဆတ်မြို့တွင် တိုးချဲ့ဖွင့်လှစ်လိုက်သည့် ရွှေမဟာ(၁)ကိုယ်ပိုင်အထက်တန်းကျောင်း(မိုင်းဆတ်)မှ မတ်လ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံနေ
မတျ 2, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ထပ်မံတိုးချဲ့၍ မိုင်းဆတ်မြို့တွင် ရွှေမဟာ(၁)ကိုယ်ပိုင်အထက်တန်းကျောင်း(မိုင်းဆတ်)အနေဖြင့် ဖွင့်လှစ်လိုက်ပြီး ကျောင်းသား/သူသစ်များအား မတ်လ(၃၁)ရက်နေ့အထိ ကျောင်းအပ် လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်တွင် ဖွင့်လှစ်သည့် အဆိုပါ ကျောင်းအတွက် ကျောင်းအပ်လက်ခံနေလျက်ရှိရာတွင် ကျောင်းအပ်လိုသည့် ကျောင်းသား မိဘများ အနေဖြင့် ကိုယ်ပိုင်အထက်တန်းကျောင်း နှင့် ဘောဒါဆောင်ဟု၍ ကွဲပြားနားလည်မှု မရှိသေးကြောင်း သိရသည်။


တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မေဖလားဝါးကွင်းအတွင်း ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းအား ဖွင့်လှစ်ထားရှိခဲ့ပြီးနောက် တိုးချဲ့ကျောင်းအနေဖြင့် ရွှေမဟာ(၁)ကိုယ်ပိုင်အထက်တန်းကျောင်း(မိုင်းဆတ်)အား မိုင်းဆတ်မြို့၊ ၀ိန်းကောင်းရပ်ကွက်၊ ၀ိန်းဝိုင်လမ်းဆုံအနီး ဗထူးလမ်းတွင် ဖွင့်လှစ်ထားရှိပြီး ကျောင်းသားသစ်အပ်လိုသူများအနေဖြင့် 09262677254 ၊ 09764677254 နှင့် 08452334 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ထပ်မံတိုးချဲ့၍ မိုင်းဆတ်မြို့တွင် ရွှေမဟာ(၁)ကိုယ်ပိုင်အထက်တန်းကျောင်း(မိုင်းဆတ်)အနဖြေင့် ဖွင့်လှစ်လိုက်ပြီး ကျောင်းသား/သူသစ်များအား မတ်လ(၃၁)ရက်နေ့အထိ ကျောင်းအပ် လက်ခံနပြေီဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်တွင် ဖွင့်လှစ်သည့် အဆိုပါ ကျောင်းအတွက် ကျောင်းအပ်လက်ခံနေလျက်ရှိရာတွင် ကျောင်းအပ်လိုသည့် ကျောင်းသား မိဘများ အနဖြေင့် ကိုယ်ပိုင်အထက်တန်းကျောင်း နှင့် ဘောဒါဆောင်ဟု၍ ကွဲပြားနားလည်မှု မရှိသေးကြောင်း သိရသည်။

"ဒီမှာက ကျောင်းလာအပ်တဲ့ မိဘအများစုက ကိုယ်ပိုင်အထက်တန်းကျောင်း နဲ့ ဘောဒါကို ကွဲကွဲပြားပြား မသိကြဘူး၊ ကိုယ်ပိုင်အထက်တန်းကျောင်းဆိုတာက အစိုးရအထက်တန်းကျောင်းများနဲ့ တန်းတူ လုပ်ပိုင်ခွင့်၊ အကျိုးခံစားခွင့်ရှိပါတယ်၊ ကျွန်တော်တို့က အစိုးရထောက်ပံ့ငွေ မရယူဘဲ မိမိခွန်အားနဲ့ ကျောင်း တည်ထောင်ကြတာပါ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုခံယူပြီး သတ်မှတ် စည်းမျဉ်း စည်းကမ်းများအတွင်း တရားဝင် လွတ်လပ်စွာ ရပ်တည်ကြတဲ့ ကျောင်းတွေပါ။ အစိုးရကျောင်းတွေ၊ ဒါမှမဟုတ် ကိုယ်ပိုင်ကျောင်းတွေက ပြောင်းလာရင် ကျောင်းပြောင်းလက်မှတ်(TC)ကို လက်ခံခွင့်ရှိသလို ကျွန်တော်တို့ ထုတ်ပေးတဲ့ (TC)ကိုလည်း မည်သည့်ကျောင်းကမဆို လက်ခံရပါတယ်။ အစိုးရက သတ်မှတ်ထားတဲ့ သင်ရိုးတွေကို အတတ်နိုင်ဆုံး နဲ့ အကောင်းဆုံး ပြန်လည်သင်ပြ၊ စာမေးပွဲစစ်၊ အတန်း တင်ပေးခွင့်တွေ ကျွန်တော်တို့မှာ အပြည့်အဝရှိပါတယ်။ နောက်တစ်ခုက ကိုယ်ပိုင်ကျောင်းတက်ရင် အစိုးရကျောင်းတွေမှာလည်း ပြန်ထပ်တက်ပေး စရာမလိုပါဘူး"ဟု ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းအား တည်ထောင်သူ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ပြောသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မေဖလားဝါးကွင်းအတွင်း ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းအား ဖွင့်လှစ်ထားရှိခဲ့ပြီးနောက် တိုးချဲ့ကျောင်းအနဖြေင့် ရွှေမဟာ(၁)ကိုယ်ပိုင်အထက်တန်းကျောင်း(မိုင်းဆတ်)အား မိုင်းဆတ်မြို့၊ ဝိန်းကောင်းရပ်ကွက်၊ ဝိန်းဝိုင်လမ်းဆုံအနီး ဗထူးလမ်းတွင် ဖွင့်လှစ်ထားရှိပြီး ကျောင်းသားသစ်အပ်လိုသူများအနဖြေင့် 09262677254၊ 09764677254 နှင့် 08452334 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~