ပူတာအိုၿမိဳ႕တြင္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႔၏ ႀကီးၾကပ္မႈျဖင့္ ဆန္တစ္ျပည္လွ်င္ (၁၃၀၀)က်ပ္ျဖင့္ ေရာင္းခ်ေပး

ပူတာအိုၿမိဳ႕တြင္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႔၏ ႀကီးၾကပ္မႈျဖင့္ ဆန္တစ္ျပည္လွ်င္ (၁၃၀၀)က်ပ္ျဖင့္ ေရာင္းခ်ေပး
မတ် 9, 2018
By Tachileik News Agency

ကခ်င္ျပည္နယ္(ေျမာင္ပိုင္း)၊ ပူတာအိုၿမိဳ႕မေစ်းထဲတြင္ ေဒသခံျပည္သူမ်ား သက္သာေခ်ာင္ခ်ိေရးအတြက္ ဆန္တစ္ျပည္လွ်င္ က်ပ္(၁၃၀၀)ႏႈန္းျဖင့္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႔၏ ႀကီးၾကပ္မႈျဖင့္ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။

ဝန္ထမ္းမ်ားအတြက္ သက္သာပစၥည္းမ်ားျဖစ္သည့္ ဆန္၊ဆီႏွင့္ အျခားစားနပ္ရိကၡာမ်ား သယ္ယူ ပို႔ေဆာင္ေပးျခင္းျဖစ္ၿပီး ေဒသခံမ်ားအတြက္လည္း ေစ်းႏႈန္းသက္သာစြာျဖင့္ ဆန္တစ္ျပည္လွ်င္ က်ပ္(၁၃၀၀)ျဖင့္ ျပန္လည္ေရာင္းခ်ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

"အျပင္မွာ ဆန္တစ္ျပည္ကို က်ပ္(၂၀၀၀)ရွိတယ္၊ အခုလို က်ပ္(၁၃၀၀)နဲ႔ ေစ်းသက္သက္သာသာ ေရာင္းခ်ေပးေတာ့ လု၀ယ္ေနၾကတာမ်ားတယ္၊ ျမစ္ႀကီးနား နဲ႔ ပူတာအို လမ္းပိုင္းက ဖ်က္ဆီးခံထားရေတာ့ ဒီမွာ ကုန္ေစ်းႏႈန္းေတြက တက္ေနၿပီ၊ တပ္မေတာ္က အခုလို ဆန္ေတြကို တပ္မေတာ္ေလယာဥ္နဲ႔ ပို႔ေဆာင္ေပးထားတာလို႔ သိရပါတယ္"ဟု ပူတာအိုၿမိဳ႕မွ ေဒသခံ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကခ်င္ျပည္နယ္ ပူတာအိုခရိုင္အတြင္းမွ ဌာနဆိုိင္ရာဝန္ထမ္းမ်ားႏွင့္ ေဒသခံမ်ားအား ဆန္ႏွင့္ စားနပ္ရိကၡာမ်ားအား ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔႔ႏွင့္ မတ္လ (၁) ရက္မ်ားတြင္ တပ္မေတာ္ႏွင့္ ျပည္နယ္အစိုးရတို႔က တပ္မေတာ္ေလယာဥ္ျဖင့္ ပူတာအိုၿမိဳ႕သို႔ (၈)ေခါက္ပို႔ေဆာင္ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စားနပ္ရိကၡာမ်ားအား ပူတာအိုခ႐ိုင္ အတြင္းရွိ ေဝးလံ ေခါင္ပါးသည့္ ေနာင္မြန္း၊ ေခါင္လန္ဖူးႏွင့္ ပန္နန္းဒင္ ၿမိဳ႕မ်ားရွိ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ ေဒသခံ တိုင္းရင္းသား ျပည္သူ မ်ားထံသုိ႔ ဆက္လက္ ပုိ႔ေဆာင္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ခရိုင္ရံုးစိုက္ရာၿမိဳ႕ျဖစ္သည့္ ပူတာအိုသည္ ျမစ္ႀကီးနားၿမိဳ႕မွ (၂၁၈)မိုင္ အကြာတြင္ တည္ရွိကာ ဆက္သြယ္ သြားလာေရး ခက္ခဲၿပီး ေႏြရာသီအတြင္းသာ ကားလမ္းျဖင့္ သြားလာနိုင္ကာ ေလယာဥ္ျဖင့္သာ အဓိက ဆက္သြယ္သြားလာရျခင္းျဖစ္သည္။

ျမစ္ႀကီးနား - ဆြမ္ပရာဘြမ္ - ပူတာအို လမ္းေပၚရိွ လမ္းတံတားႏွင့္ စက္ယႏၱရားတခ်ိဳ႕ကိုKIA က ဇန္နဝါရီလကုန္ပိုင္းတြင္  ဖ်က္ဆီးမႈမ်ားေၾကာင့္ ျမစ္ႀကီးနားမွ ပူတာအိုၿမိဳ႕သို႔ ကုန္သြယ္သြားလာမႈမွာ ရပ္တန္႔ခဲ့ရၿပီး ပူတာအိုၿမိဳ႕တြင္း ကုန္စိမ္းႏႈန္းျမႇင့္တက္မႈအထိ ႀကံဳေတြ႔ေနရေၾကာင္း သိရသည္။

ပူတာအိုၿမိဳ႕သည္ ျမန္မာနိုင္ငံ၏ ေျမာက္ဘက္အစြန္ဆုံး ၿမိဳ႕ျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ အထက္အျမင့္ေပ (၁၄၈၀)၌ ေတာင္တန္းမ်ားဝိုင္းရံထားသည့္ ခ်ိဳင့္ဝွမ္းတြင္ တည္ရိွျခင္းျဖစ္သည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - ဟန္လင္းေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ်(မြောင်ပိုင်း)၊ ပူတာအိုမြို့မဈေးထဲတွင် ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် ဆန်တစ်ပြည်လျှင် ကျပ်(၁၃၀၀)နှုန်းဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ဝန်ထမ်းများအတွက် သက်သာပစ္စည်းများဖြစ်သည့် ဆန်၊ဆီနှင့် အခြားစားနပ်ရိက္ခါများ သယ်ယူ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ဒေသခံများအတွက်လည်း ဈေးနှုန်းသက်သာစွာဖြင့် ဆန်တစ်ပြည်လျှင် ကျပ်(၁၃၀၀)ဖြင့် ပြန်လည်ရောင်းချပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

"အပြင်မှာ ဆန်တစ်ပြည်ကို ကျပ်(၂၀၀၀)ရှိတယ်၊ အခုလို ကျပ်(၁၃၀၀)နဲ့ ဈေးသက်သက်သာသာ ရောင်းချပေးတော့ လုဝယ်နကြေတာများတယ်၊ မြစ်ကြီးနား နဲ့ ပူတာအို လမ်းပိုင်းက ဖျက်ဆီးခံထားရတော့ ဒီမှာ ကုန်ဈေးနှုန်းတွေက တက်နပြေီ၊ တပ်မတော်က အခုလို ဆန်တွေကို တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်ပေးထားတာလို့ သိရပါတယ်"ဟု ပူတာအိုမြို့မှ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများအား ဆန်နှင့် စားနပ်ရိက္ခါများအား ဖေဖော်ဝါရီလ (၂၈) ရက်နေ့နှင့် မတ်လ (၁) ရက်များတွင် တပ်မတော်နှင့် ပြည်နယ်အစိုးရတို့က တပ်မတော်လေယာဉ်ဖြင့် ပူတာအိုမြို့သို့ (၈)ခေါက်ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စားနပ်ရိက္ခါများအား ပူတာအိုခရိုင် အတွင်းရှိ ဝေးလံ ခေါင်ပါးသည့် နောင်မွန်း၊ ခေါင်လန်ဖူးနှင့် ပန်နန်းဒင် မြို့များရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူ များထံသို့ ဆက်လက် ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည့် ပူတာအိုသည် မြစ်ကြီးနားမြို့မှ (၂၁၈)မိုင် အကွာတွင် တည်ရှိကာ ဆက်သွယ် သွားလာရေး ခက်ခဲပြီး နွေရာသီအတွင်းသာ ကားလမ်းဖြင့် သွားလာနိုင်ကာ လေယာဉ်ဖြင့်သာ အဓိက ဆက်သွယ်သွားလာရခြင်းဖြစ်သည်။

မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို လမ်းပေါ်ရှိ လမ်းတံတားနှင့် စက်ယန္တရားတချို့ကိုKIA က ဇန်နဝါရီလကုန်ပိုင်းတွင် ဖျက်ဆီးမှုများကြောင့် မြစ်ကြီးနားမှ ပူတာအိုမြို့သို့ ကုန်သွယ်သွားလာမှုမှာ ရပ်တန့်ခဲ့ရပြီး ပူတာအိုမြို့တွင်း ကုန်စိမ်းနှုန်းမြှင့်တက်မှုအထိ ကြုံတွေ့နေရကြောင်း သိရသည်။

ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး မြို့ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ (၁၄၈၀)၌ တောင်တန်းများဝိုင်းရံထားသည့် ချိုင့်ဝှမ်းတွင် တည်ရှိခြင်းဖြစ်သည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဟန်လင်းအောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~