ရွမ္းျပည္နယ္အတြင္း ၀င္ေငြခြန္ ႏွင့္ ကုန္သြယ္ခြန္ အမ်ားဆံုး ထမ္းေဆာင္သည့္ လုပ္ငန္း (၁၀၀)တြင္ တာခ်ီလိတ္မွ လုပ္ငန္းရွင္ (၁၁)ဦး ပါဝင္

ရွမ္းျပည္နယ္အတြင္း ၀င္ေငြခြန္ ႏွင့္ ကုန္သြယ္ခြန္ အမ်ားဆံုး ထမ္းေဆာင္သည့္ လုပ္ငန္း (၁၀၀)တြင္ တာခ်ီလိတ္မွ လုပ္ငန္းရွင္ (၁၁)ဦး ပါဝင္
မတ် 30, 2018
By Tachileik News Agency

ျပည္နယ္အဆင့္ အခြန္ထမ္းေဆာင္မႈ အမ်ားဆံုး လုပ္ငန္းရွင္ (၁၀၀)အား ဂုဏ္ျပဳသည့္ အစီအစဥ္ စတင္သည့္ ၂၀၁၆ -၂၀၁၇ ခုႏွစ္ စည္းၾကပ္ႏွစ္တြင္ ရွမ္းျပည္နယ္အတြင္း အခြန္အမ်ားဆံုး ထမ္းေဆာင္သည့္ လုပ္ငန္းရွင္ (၁၀၀)ဦးတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီီလိတ္ၿမိဳ႕မွ လုပ္ငန္းရွင္ (၁၁)ဦး ပါဝင္ေၾကာင္း သိရသည္။

“ဒီလို ျပည္နယ္အဆင့္ အခြန္ထမ္း (၁၀၀) သတ္မွတ္တာကို ဒီႏွစ္က စၿပီး လုပ္ေဆာင္တာပါ။ ဝင္ေငြခြန္မွာက (၃)ေယာက္၊ ကုန္သြယ္ခြန္မွာက (၈)ေယာက္ စုစုေပါင္း (၁၁)ေယာက္ ပါတယ္။ (၁၁)ဦးမွာေတာ့ ဟိုဘက္ ဒီဘက္ထပ္ေနတာေတြလည္း ပါတယ္ဆိုေတာ့ လူဦးေရအားျဖင့္ေတာ့ နည္းသြားမွာေပါ့”ဟု  တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး၊ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးလႈိင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ႏွင့္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနတို႔က  ၂၀၁၆-၂၀၁၇ ခုႏွစ္ စည္းၾကပ္ႏွစ္ အတြက္  ရွမ္းျပည္နယ္အတြင္း အခြန္အမ်ားဆံုး ထမ္းေဆာင္သည့္ အခြန္ထမ္း(၁၀၀)ဦး အား မတ္လ (၂၇) ရက္ေန႔က ေတာင္ႀကီးၿမဳိ႕ရွိ  ၿမဳိ႕ေတာ္ခန္းမ၌ ဂုဏ္ျပဳ မွတ္တမ္းလႊာ ခ်ီးျမႇင့္ေပးအပ္ခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အခြန္စည္းၾကပ္မႈမွာလည္း ယခုစည္းၾကပ္ႏွစ္တြင္ ယခင္ႏွစ္ထက္ ပိုတိုးလာေနေၾကာင္း သိရသည္။

“တာခ်ီလိတ္ၿမိဳ႕နယ္အတြက္ မႏွစ္ကထက္ေတာ့ ပိုတိုးရလာတယ္ေပါ့။ ၿပီးခဲ့တဲ့ႏွစ္ စည္းၾကပ္ႏွစ္မွာ စုစုေပါင္း (၁၀)ဘီလီယံေလာက္ရတယ္။ ဒီႏွစ္မွာေတာ့ (၁၁) ဘီလီယံေလာက္ေတာ့ မွန္းထားတယ္။ အၾကမ္းဖ်ဥ္းအားျဖင့္ေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး၊ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးလႈိင္ထြန္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ဝင္ေငြခြန္အမ်ားဆံုး ထမ္းေဆာင္သူ (၅၀)စာရင္းတြင္ တာခ်ီလိတ္အေျခစိုက္ လုပ္ငန္းမ်ားျဖစ္သည့္ ေရႊနန္းစံကုမၸဏီေရာင္းဝယ္ေရး ကုမၸဏီလီမိတက္( ဦးၾကည္ျမင့္+ေဒၚနန္းခမ္း)၊ Golden Lake Export & Import Co.,Ltd ႏွင့္ ဦးလွေအး + ေဒၚခင္ခင္ေထြး (စံလင္းၿဖိဳးကုမၸဏီ) ပါ၀င္ေၾကာင္း သိရသည္။

ယင္းအျပင္ ကုန္သြယ္လုပ္ငန္းခြန္အမ်ားဆံုး ထမ္းေဆာင္သူ လုပ္ငန္း (၅၀)စာရင္းတြင္ တာခ်ီလိတ္မွ ေရႊနန္းစံကုမၸဏီေရာင္းဝယ္ေရးကုမၸဏီလီမိတက္၊ Golden Lake Export & Import Co.,Ltd၊ ဦးဆန္ရီေရာင္းဝယ္ေရးကုမၸဏီလီမိတက္၊ Myanma Richy Regina Golf Club & Hotel၊ Shwe Ya Kan Export and Import Co.,Ltd၊ ခ်စ္ၾကည္ေရး စက္သံုးဆီ၊ SKMM International Co.,Ltd ႏွင့္ မဲေခါင္ျမစ္ဟိုတယ္တို႔ ပါဝင္ေၾကာင္း သိရသည္။

၂၀၁၆ - ၂၀၁၇ စည္းၾကပ္ႏွစ္အတြက္ ရွမ္းျပည္နယ္အတြင္း အခြန္းအမ်ားဆံုး ထမ္းေဆာင္ခဲ့ၾကသူ လုပ္ငန္းရွင္ အစုအဖြဲ႔ (၁၀၀)တြင္ တာခ်ီလိတ္မွ ကုန္သြယ္လုပ္ငန္းခြန္အမ်ားဆံုး ထမ္းေဆာင္ခ့ဲၾကသူ (၈)ဦး ႏွင့္ ၀င္ေငြခြန္အမ်ားဆံုး ထမ္းေဆာင္ခဲ့ၾကသူ (၃)ဦး စုစုေပါင္း (၁၁)ဦး ပါ၀င္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - ေမာင္ေမာင္သန္း ၊ TWN ၊ HT


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်နယ်အဆင့် အခွန်ထမ်းဆောင်မှု အများဆုံး လုပ်ငန်းရှင် (၁၀၀)အား ဂုဏ်ပြုသည့် အစီအစဉ် စတင်သည့် ၂၀၁၆ -၂၀၁၇ ခုနှစ် စည်းကြပ်နှစ်တွင် ရှမ်းပြည်နယ်အတွင်း အခွန်အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းရှင် (၁၀၀)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ လုပ်ငန်းရှင် (၁၁)ဦး ပါဝင်ကြောင်း သိရသည်။

“ဒီလို ပြည်နယ်အဆင့် အခွန်ထမ်း (၁၀၀) သတ်မှတ်တာကို ဒီနှစ်က စပြီး လုပ်ဆောင်တာပါ။ ဝင်ငွေခွန်မှာက (၃)ယောက်၊ ကုန်သွယ်ခွန်မှာက (၈)ယောက် စုစုပေါင်း (၁၁)ယောက် ပါတယ်။ (၁၁)ဦးမှာတော့ ဟိုဘက် ဒီဘက်ထပ်နေတာတွေလည်း ပါတယ်ဆိုတော့ လူဦးရေအားဖြင့်တော့ နည်းသွားမှာပေါ့”ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှိုင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့က ၂၀၁၆-၂၀၁၇ ခုနှစ် စည်းကြပ်နှစ် အတွက် ရှမ်းပြည်နယ်အတွင်း အခွန်အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း(၁၀၀)ဦး အား မတ်လ (၂၇) ရက်နေ့က တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခွန်စည်းကြပ်မှုမှာလည်း ယခုစည်းကြပ်နှစ်တွင် ယခင်နှစ်ထက် ပိုတိုးလာနေကြောင်း သိရသည်။

“တာချီလိတ်မြို့နယ်အတွက် မနှစ်ကထက်တော့ ပိုတိုးရလာတယ်ပေါ့။ ပြီးခဲ့တဲ့နှစ် စည်းကြပ်နှစ်မှာ စုစုပေါင်း (၁၀)ဘီလီယံလောက်ရတယ်။ ဒီနှစ်မှာတော့ (၁၁) ဘီလီယံလောက်တော့ မှန်းထားတယ်။ အကြမ်းဖျဉ်းအားဖြင့်ပေါ့”ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှိုင်ထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူ (၅၀)စာရင်းတွင် တာချီလိတ်အခြေစိုက် လုပ်ငန်းများဖြစ်သည့် ရွှေနန်းစံကုမ္ပဏီရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်( ဦးကြည်မြင့်+ဒေါ်နန်းခမ်း)၊ Golden Lake Export & Import Co.,Ltd နှင့် ဦးလှအေး + ဒေါ်ခင်ခင်ထွေး (စံလင်းဖြိုးကုမ္ပဏီ) ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် ကုန်သွယ်လုပ်ငန်းခွန်အများဆုံး ထမ်းဆောင်သူ လုပ်ငန်း (၅၀)စာရင်းတွင် တာချီလိတ်မှ ရွှေနန်းစံကုမ္ပဏီရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ Golden Lake Export & Import Co.,Ltd၊ ဦးဆန်ရီရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ Myanma Richy Regina Golf Club & Hotel၊ Shwe Ya Kan Export and Import Co.,Ltd၊ ချစ်ကြည်ရေး စက်သုံးဆီ၊ SKMM International Co.,Ltd နှင့် မဲခေါင်မြစ်ဟိုတယ်တို့ ပါဝင်ကြောင်း သိရသည်။

၂၀၁၆ - ၂၀၁၇ စည်းကြပ်နှစ်အတွက် ရှမ်းပြည်နယ်အတွင်း အခွန်းအများဆုံး ထမ်းဆောင်ခဲ့ကြသူ လုပ်ငန်းရှင် အစုအဖွဲ့ (၁၀၀)တွင် တာချီလိတ်မှ ကုန်သွယ်လုပ်ငန်းခွန်အများဆုံး ထမ်းဆောင်ခဲ့ကြသူ (၈)ဦး နှင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့ကြသူ (၃)ဦး စုစုပေါင်း (၁၁)ဦး ပါဝင်ခဲ့ကြကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - မောင်မောင်သန်း၊ TWN၊ HT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~