ထိုင္းႏိုင္ငံဘက္မွ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား (၇၂)ရက္အတြင္း တာခ်ီလိတ္သို႔ (၁၁၆)ဦး လႊဲေျပာင္း

ထိုင္းႏိုင္ငံဘက္မွ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား (၇၂)ရက္အတြင္း တာခ်ီလိတ္သို႔ (၁၁၆)ဦး လႊဲေျပာင္း
မတ် 13, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသားမ်ားအား မတ္လ(၁၃)ရက္ေန႔အထိ ရက္ေပါင္း(၇၂)ရက္အတြင္း ထိုင္းဘက္မွ လႊဲေျပာင္း ေပးလာရာတြင္  စုစုေပါင္း(၁၁၆)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

လြႊဲေျပာင္းေပးလာမႈမ်ားတြင္ အဆိုပါ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားမွာ ၎တုိ႕ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ နယ္စပ္ျဖတ္သန္းခြင့္ သက္တမ္းလြန္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္း၊ အေထာက္အထားမရွိဘဲ အလုပ္ လုပ္ကိုင္ျခင္း စသည္တုိ႔ေၾကာင့္ ဖမ္းဆီးခံရၿပီး ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႕ျပန္လည္ေစလႊတ္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။

တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ား ျပန္လည္၍ လႊဲေျပာင္းေပးမႈမ်ားကို ယခင္က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတား အလယ္တြင္ ျပဳလုပ္ခဲ့ၾကေသာ္လည္း ၂၀၁၇ခုႏွစ္ က စတင္၍ ခ်စ္ၾကည္ေရး အမွတ္(၂)တံတား ျမန္မာဘက္သို႔ ထိုင္းဘက္က လာေရာက္၍ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

ထိုသို႔ လႊဲေျပာင္းေပးလာရာ ရံဖန္ရံခါမ်ားတြင္ ျမန္မာႏိုင္ငံသားမဟုတ္သည့္ အျခားႏိုင္ငံသားမ်ားလည္း ပါ၀င္လာတတ္သည့္အတြက္ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက စိစစ္ၿပီးမွသာ လက္ခံေၾကာင္း သိရသည္။

"ထိုင္းဘက္က ရံဖန္ရံခါလႊဲေျပာင္းလာတဲ့အထဲမွာ ျမန္မာႏိုင္ငံသားမဟုတ္တဲ့ ဥပမာ၊ လာအိုႏိုင္ငံသားတို႔၊ ဘဂၤလီတို႔၊ တရုတ္ႏိုင္ငံသားတို႔ လူဦးေရမ်ားရင္ ေရာေႏွာၿပီး ပါလာတတ္တာမ်ဳိးရွိတတ္တယ္။ အၿမဲေတာ့ မဟုတ္ပါဘူး၊ အဲ့လိုေတြ ပါလာတာမ်ဳိးေတြ မျဖစ္ေအာင္လို႔ ကြ်န္ေတာ္တို႔ ပူးေပါင္းအဖြဲ႕က ေသခ်ာစိစစ္ၿပီးမွ လက္ခံပါတယ္။ တကယ္လို႔ ပါလာတာမ်ဳိးဆိုရင္လည္း ထိုင္းဘက္ကို ခ်က္ခ်င္းပဲ ဆက္သြယ္ၿပီး သူတို႔ လက္ထဲကို ျပန္အပ္လိုက္ပါတယ္"ဟု လူလႊဲလက္ခံသည့္ အဖြဲ႔မွ တာ၀န္ရွိသူ တစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာျပသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းဘက္မွ လႊဲေျပာင္းေပးလာရာတြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ လ၀က၊ လူကုန္တား၊ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ ( CNCMC  ) ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္ကာ စိစစ္လက္ခံၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံဖက္မွ တာခ်ီလိတ္ဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးအပ္လာခဲ့ေသာ တရားမဝင္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားဦးေရမွာ၂၀၁၈ ခုႏွစ္  ဇန္န၀ါရီလ(၁)ရက္ေန႕မွ မတ္လ(၁၃)ရက္ေန႕အထိ စုစုေပါင္း အမ်ိဳးသား (၉၃)ဦးႏွင့္ အမ်ိဳးသမီး (၂၃)ဦး စုစုေပါင္း (၁၁၆)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
 ဓါတ္ပံု #ၿမိဳ႕နယ္ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများအား မတ်လ(၁၃)ရက်နေ့အထိ ရက်ပေါင်း(၇၂)ရက်အတွင်း ထိုင်းဘက်မှ လွှဲပြောင်း ပေးလာရာတွင် စုစုပေါင်း(၁၁၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာမှုများတွင် အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့် သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲ အလုပ် လုပ်ကိုင်ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

တရားမဝင်ရွှေ့ပြောင်း မြန်မာလုပ်သားများ ပြန်လည်၍ လွှဲပြောင်းပေးမှုများကို ယခင်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အလယ်တွင် ပြုလုပ်ခဲ့ကြသော်လည်း ၂၀၁၇ခုနှစ် က စတင်၍ ချစ်ကြည်ရေး အမှတ်(၂)တံတား မြန်မာဘက်သို့ ထိုင်းဘက်က လာရောက်၍ လွှဲပြောင်းပေးလာကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးလာရာ ရံဖန်ရံခါများတွင် မြန်မာနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံသားများလည်း ပါဝင်လာတတ်သည့်အတွက် မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံကြောင်း သိရသည်။

"ထိုင်းဘက်က ရံဖန်ရံခါလွှဲပြောင်းလာတဲ့အထဲမှာ မြန်မာနိုင်ငံသားမဟုတ်တဲ့ ဥပမာ၊ လာအိုနိုင်ငံသားတို့၊ ဘင်္ဂလီတို့၊ တရုတ်နိုင်ငံသားတို့ လူဦးရေများရင် ရောနှောပြီး ပါလာတတ်တာမျိုးရှိတတ်တယ်။ အမြဲတော့ မဟုတ်ပါဘူး၊ အဲ့လိုတွေ ပါလာတာမျိုးတွေ မဖြစ်အောင်လို့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က သေချာစိစစ်ပြီးမှ လက်ခံပါတယ်။ တကယ်လို့ ပါလာတာမျိုးဆိုရင်လည်း ထိုင်းဘက်ကို ချက်ချင်းပဲ ဆက်သွယ်ပြီး သူတို့ လက်ထဲကို ပြန်အပ်လိုက်ပါတယ်"ဟု လူလွှဲလက်ခံသည့် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောပြသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းဘက်မှ လွှဲပြောင်းပေးလာရာတွင် မြန်မာနိုင်ငံ တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်တား၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကာ စိစစ်လက်ခံကြကြောင်း သိရသည်။

ထိုင်းနိုင်ငံဖက်မှ တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လာခဲ့သော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မတ်လ(၁၃)ရက်နေ့အထိ စုစုပေါင်း အမျိုးသား (၉၃)ဦးနှင့် အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၁၁၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
 ဓာတ်ပုံ #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~