ေတာင္ယာသြားသည့္ လမ္းတြင္ မိုင္းေပါက္ကြဲ၍ အမ်ိဳးသားတစ္ဦး ဒဏ္ရာရ

ေတာင္ယာသြားသည့္ လမ္းတြင္ မိုင္းေပါက္ကြဲ၍ အမ်ိဳးသားတစ္ဦး ဒဏ္ရာရ
မတ် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) နမၼတူၿမိဳ႕နယ္ ပန္ကန္ေက်းရြာအနီးရွိ ရင္ကြဲေတာင္ေပၚတြင္ မတ္လ (၁၄) ရက္ေန႕ နံနက္ပိုင္းက ေတာင္ယာလုပ္ကိုင္ရန္သြားသည့္ အမိ်ဳးသားတစ္ဦး မိုင္းစထိမွန္၍ ေျခသလံုးႏွင့္ ေပါင္တို႔တြင္ ဒဏ္ရာရရွိသြားေၾကာင္း သိရသည္။

“ေတာင္ယာလုပ္ဖို႔ သြားရင္းနဲ႔ လမ္းေဘးၿခံဳထဲက ဝါယာႀကိဳးစကိုထိမိၿပီး ေပါက္ကြဲမႈျဖစ္တာလို႔ သိရတယ္။ ဒဏ္ရာက အသက္အႏၲရာယ္ေတာ့ မစိုးရိမ္ရဘူ” ဟု မိုင္းထိလူနာအား သြားေရာက္ သယ္ေဆာင္ခ့ဲသည့္ နယ္စည္းမျခားပရဟိတအသင္း (သီေပါ)မွ ကိုမ်ိဳးက တာခီ်လိတ္သတင္းေအဂ်င္စီသို႕ ေျပာသည္။

သီေပါၿမိဳ႕မွ (၁၈) မိုင္ခန္႔အကြာရိွပန္ကန္ရြာ၏ အထက္ပိုင္း ရင္ကြဲေတာင္တြင္ မတ္လ (၁၄) ရက္ေန႔ နံနက္ (၁၀) နာရီခြဲဝန္းက်င္တြင္ ေပါက္ကြဲမႈ ျဖစ္ပြားခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသူမွာ ပန္ကန္ရြာမွ ဦးခူးမလားဆိုသူျဖစ္ၿပီး လက္ရွိတြင္ သီေပါျပည္သူ႔ေဆးရံု အေရးေပၚဌာနတြင္ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #နယ္စည္းမျခားပရဟိတအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်ကန်ကျေးရွာအနီးရှိ ရင်ကွဲတောင်ပေါ်တွင် မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းက တောင်ယာလုပ်ကိုင်ရန်သွားသည့် အမျိုးသားတစ်ဦး မိုင်းစထိမှန်၍ ခြေသလုံးနှင့် ပေါင်တို့တွင် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“တောင်ယာလုပ်ဖို့ သွားရင်းနဲ့ လမ်းဘေးခြုံထဲက ဝါယာကြိုးစကိုထိမိပြီး ပေါက်ကွဲမှုဖြစ်တာလို့ သိရတယ်။ ဒဏ်ရာက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူ” ဟု မိုင်းထိလူနာအား သွားရောက် သယ်ဆောင်ခဲ့သည့် နယ်စည်းမခြားပရဟိတအသင်း (သီပေါ)မှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့မှ (၁၈) မိုင်ခန့်အကွာရှိပန်ကန်ရွာ၏ အထက်ပိုင်း ရင်ကွဲတောင်တွင် မတ်လ (၁၄) ရက်နေ့ နံနက် (၁၀) နာရီခွဲဝန်းကျင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူမှာ ပန်ကန်ရွာမှ ဦးခူးမလားဆိုသူဖြစ်ပြီး လက်ရှိတွင် သီပေါပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~