မိုင်းယောင်း ပြန်/ဆက် နှင့် လူငယ်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်တွင်းမှ လူငယ်များအား အခြေခံကွန်ပျူတာသင်တန်း အခမဲ့ပို့ချပေးနေ

မိုင်းယောင်း ပြန်/ဆက် နှင့် လူငယ်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်တွင်းမှ လူငယ်များအား အခြေခံကွန်ပျူတာသင်တန်း အခမဲ့ပို့ချပေးနေ
မတျ 6, 2018
By Tachileik News Agency



မိုင်းယောင်းမြို့နယ်တွင်းရှိ ဒေသခံလူငယ်များအတွက် သင်တန်းအား သတ်မှတ်ကာလအတွင်း တနင်္ဂနွေ တစ်နေ့တာ နားမည်ဖြစ်ပြီး ကျန်ရက်များတွင် နေ့စဉ် နံနက် (၈)နာရီခွဲမှ (၁၀)နာရီအထိ၊ နံနက်(၁၀)နာရီမှ နေ့လည်(၁၂)နာရီအထိ၊ နေ့လည်(၁)နာရီမှ (၂)နာရီခွဲအထိ၊ နေ့လည်(၂)နာရီခွဲမှ ညနေ(၄)နာရီအထိ စသည်ဖြင့် နေ့ပိုင်း အချိန်(၄)ချိန်ခွဲကာ သင်တန်းသား (၈၇)ဦးအား သင်ကြားပေးသွားရန် စီစဉ် ထားရှိကြောင်း သိရသည်။

ယင်းအပြင် မိုင်းယောင်းမြို့နယ်အတွင်းမှ ဌာနဆိုင်ရာများမှ ပြည်သူ့ဝန်ထမ်းများအား အခြေခံ ကွန်ပျူတာပညာအား တတ်သိနားလည်ကာ အဆင်ပြေစွာ လေ့လာသင်ယူနိုင်ရန်အတွက် ညပိုင်း အစီအစဉ် အနေဖြင့် သတ်မှတ်ကာလ၏ နေ့စဉ် ည(၆)နာရီမှ ည(၈)နာရီအထိ သင်တန်းသား (၁၈)ဦးကိုလည်း အခမဲ့ ပို့ချသင်ကြားပေးသွားရန် စီစဉ်ထားရှိပြီးကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ - ရတုဆက်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ပရဟိတလူငယ်များ ပူးပေါင်းကာ အခြေခံကွန်ပျူတာသင်တန်းပို့ချမှု အဖြစ် မတ်လ(၆)ရက်နေ့ နံနက်ပိုင်းက စတင်ပြီး တစ်နေ့လျှင် အချိန်(၅)ချိန် ခွဲကာ သင်တန်းသား (၁၀၅)ဦးအား အခမဲ့ သင်ကြားပေးနေကြောင်း သိရသည်။

"သင်တန်းကတော့ နောက်လ(၄)ရက်အထိပါ၊ ဧပြီလ(၅)ရက်နေ့မှာတော့ သင်တန်းဆင်းပွဲလုပ်မှာပါ၊ ကုန်ကျမှုတွေကတော့ မိုင်းယောင်းမြို့နယ်က ပရဟိတလူငယ်အဖွဲ့က တာဝန်ယူပါတယ်၊ လျှပ်စစ်မီးနဲ့ ပတ်သက်လို့ ကုန်ကျမှုကိုတော့ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နဲ့ ပရဟိတလူငယ်အဖွဲ့တို့က အကုန်အကျခံပါတယ်၊ အခု သင်တန်းသားတွေ ထဲမှာ ကျေးရွာတွေက များပါတယ်"ဟု မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုအားချာက ပြောသည်။

အဆိုပါ သင်တန်းအား မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre၌ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပြီး ၂၀၁၈ခုနှစ် မတ်လ(၆)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်သည်။

မိုင်းယောင်းမြို့နယ်တွင်းရှိ ဒေသခံလူငယ်များအတွက် သင်တန်းအား သတ်မှတ်ကာလအတွင်း တနင်္ဂေနွ တစ်နေ့တာ နားမည်ဖြစ်ပြီး ကျန်ရက်များတွင် နေ့စဉ် နံနက် (၈)နာရီခွဲမှ (၁၀)နာရီအထိ၊ နံနက်(၁၀)နာရီမှ နေ့လည်(၁၂)နာရီအထိ၊ နေ့လည်(၁)နာရီမှ (၂)နာရီခွဲအထိ၊ နေ့လည်(၂)နာရီခွဲမှ ညနေ(၄)နာရီအထိ စသည်ဖြင့် နေ့ပိုင်း အချိန်(၄)ချိန်ခွဲကာ သင်တန်းသား (၈၇)ဦးအား သင်ကြားပေးသွားရန် စီစဉ် ထားရှိကြောင်း သိရသည်။

ယင်းအပြင် မိုင်းယောင်းမြို့နယ်အတွင်းမှ ဌာနဆိုင်ရာများမှ ပြည်သူ့ဝန်ထမ်းများအား အခြေခံ ကွန်ပျူတာပညာအား တတ်သိနားလည်ကာ အဆင်ပြေစွာ လေ့လာသင်ယူနိုင်ရန်အတွက် ညပိုင်း အစီအစဉ် အနဖြေင့် သတ်မှတ်ကာလ၏ နေ့စဉ် ည(၆)နာရီမှ ည(၈)နာရီအထိ သင်တန်းသား (၁၈)ဦးကိုလည်း အခမဲ့ ပို့ချသင်ကြားပေးသွားရန် စီစဉ်ထားရှိပြီးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရတုဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~