ေျမာက္ဥကၠလာပေဆးရံုႀကီးတြင္ ေမြးစကေလးအား ေဆးကုသေဆာင္ပို႔ရန္ ကူညီသည့္ အမ်ိဳးသမီးက ခိုးယူသြား

ေျမာက္ဥကၠလာပေဆးရံုႀကီးတြင္ ေမြးစကေလးအား ေဆးကုသေဆာင္ပို႔ရန္ ကူညီသည့္ အမ်ိဳးသမီးက ခိုးယူသြား
မတ် 6, 2018
By Tachileik News Agency

ရန္ကုန္တုိင္းေဒသႀကီး ေျမာက္ဥကၠလာပေဆး႐ုံႀကီးတြင္ မီးဖြားေဆာင္အတြင္း အမ်ိဳးသားဝင္ခြင့္ မရသည့္ အတြက္ ေမြးစကေလးေဆးကုသေဆာင္သို႔ ပို႔ေဆာင္ရမည့္ သားျဖစ္သူအား ေခၚေဆာင္ေပးရန္ ဖခင္ျဖစ္သူက သားဖြားေဆာင္အနီးရိွ အမ်ိဳးသမီးတစ္ဦးကို အကူအညီေတာင္းရာမွ ကေလးခိုးယူ ခံလုိက္ရေၾကာင္း သိရသည္။

ေျမာက္ဥကၠလာပေဆးရံုႀကီးတြင္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၅) ရက္ေန႔ နံနက္ (၂)နာရီေက်ာ္က ေမြးဖြားသည့္ ကေလးအား ေမြးစကေလးေဆးကုသေဆာင္သို႔ ဖခင္ျဖစ္သူမွ ေခၚေဆာင္ကာ သြားေရာက္ျပသ လိုေသာ္္လည္း အဆိုပါ မီးဖြားေဆာင္မွာ အမ်ဳိးသားမ်ား ၀င္ခြင့္ကန္႔သတ္ထားသည့္အတြက္ မီးဖြားေဆာင္အတြင္းရိွ မိခင္ထံမွ ကေလးအား ေခၚယူရန္ သားဖြားေဆာင္အနီး ေတြ႔ရသည့္ အမ်ိဳးသမီးတစ္ဦးအား အကူအညီေတာင္းရာမွ ခုိးယူခံလုိက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ည)ရပ္ကြက္မွ မေခ်ာျဖဴ(ခ)ေခ်ာစုႏိုင္က သားတစ္ဦးေမြးဖြားၿပီးေနာက္ ကေလးအား ေမြးစကေလးေဆးကုသေဆာင္သို႔ ပို႔ေဆာင္ရမည္ျဖစ္ရာ ခင္ပြန္းျဖစ္သူ အံ့ေဇာ္က အေဆာင္အတြင္းရွိ ကေလးအား ေခၚေဆာင္ေပးရန္ အနီးရိွ အမ်ိဳးသမီးတစ္ဦးအား အကူအညီ ေတာင္းခံခဲ့ၿပီး ၎အမ်ိဳးသမီးႏွင့္အတူ သြားေရာက္ျပသခဲ့ရာ ေဆးကုသေဆာင္ေရွ႕သို႔ ေရာက္ေသာအခါ ေဆးမွတ္တမ္း မပါရွိသည့္ အျပင္ ကေလးမွာ ႏို႔ဆာသျဖင့္ငိုေန၍ သားဖြားမီးယပ္ေဆာင္ရွိ ခုတင္သို႔ ျပန္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ေနာက္ ကေလးအား ဇနီး ျဖစ္သူက ႏို႔တိုက္ေနသျဖင့္ အံ့ေဇာ္က အေပါ့သြားၿပီး ျပန္လာခ်ိန္တြင္ ကေလးအား ေခၚေဆာင္ေပးသည့္ အမ်ိဳးသမီးက ကေလးအား ေဆးကုသေဆာင္တြင္ ျပသရန္ ေဆးစာအုပ္မ်ားႏွင့္ အတူ ေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးခိုးယူသြားသည့္ အမ်ိဳးသမီးအား ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၃ (လူခိုးမႈ)ျဖင့္ အမႈဖြင့္ထားၿပီး ကေလးခိုးသြားသူအား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် မီးဖွားဆောင်အတွင်း အမျိုးသားဝင်ခွင့် မရသည့် အတွက် မွေးစကလေးဆေးကုသဆောင်သို့ ပို့ဆောင်ရမည့် သားဖြစ်သူအား ခေါ်ဆောင်ပေးရန် ဖခင်ဖြစ်သူက သားဖွားဆောင်အနီးရှိ အမျိုးသမီးတစ်ဦးကို အကူအညီတောင်းရာမှ ကလေးခိုးယူ ခံလိုက်ရကြောင်း သိရသည်။

မြောက်ဥက္ကလာပဆေးရုံကြီးတွင် ၂၀၁၈ ခုနှစ်၊ မတ်လ (၅) ရက်နေ့ နံနက် (၂)နာရီကျော်က မွေးဖွားသည့် ကလေးအား မွေးစကလေးဆေးကုသဆောင်သို့ ဖခင်ဖြစ်သူမှ ခေါ်ဆောင်ကာ သွားရောက်ပြသ လိုသော်လည်း အဆိုပါ မီးဖွားဆောင်မှာ အမျိုးသားများ ဝင်ခွင့်ကန့်သတ်ထားသည့်အတွက် မီးဖွားဆောင်အတွင်းရှိ မိခင်ထံမှ ကလေးအား ခေါ်ယူရန် သားဖွားဆောင်အနီး တွေ့ရသည့် အမျိုးသမီးတစ်ဦးအား အကူအညီတောင်းရာမှ ခိုးယူခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်မှ မချောဖြူ(ခ)ချောစုနိုင်က သားတစ်ဦးမွေးဖွားပြီးနောက် ကလေးအား မွေးစကလေးဆေးကုသဆောင်သို့ ပို့ဆောင်ရမည်ဖြစ်ရာ ခင်ပွန်းဖြစ်သူ အံ့ဇော်က အဆောင်အတွင်းရှိ ကလေးအား ခေါ်ဆောင်ပေးရန် အနီးရှိ အမျိုးသမီးတစ်ဦးအား အကူအညီ တောင်းခံခဲ့ပြီး၎င်းအမျိုးသမီးနှင့်အတူ သွားရောက်ပြသခဲ့ရာ ဆေးကုသဆောင်ရှေ့သို့ ရောက်သောအခါ ဆေးမှတ်တမ်း မပါရှိသည့် အပြင် ကလေးမှာ နို့ဆာသဖြင့်ငိုနေ၍ သားဖွားမီးယပ်ဆောင်ရှိ ခုတင်သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနောက် ကလေးအား ဇနီး ဖြစ်သူက နို့တိုက်နေသဖြင့် အံ့ဇော်က အပေါ့သွားပြီး ပြန်လာချိန်တွင် ကလေးအား ခေါ်ဆောင်ပေးသည့် အမျိုးသမီးက ကလေးအား ဆေးကုသဆောင်တွင် ပြသရန် ဆေးစာအုပ်များနှင့် အတူ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကလေးခိုးယူသွားသည့် အမျိုးသမီးအား မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် (ပ)၂၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် အမှုဖွင့်ထားပြီး ကလေးခိုးသွားသူအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~