မိုင္းတုံ၌ ဖမ္းဆီးရမိသည့္ သစ္တင္ယာဥ္ (၄)စီးႏွင့္ သစ္မ်ားအား သစ္ေတာဦးစီးဌာနထံလႊဲေျပာင္းၿပီးေနာက္ ၁၃ ရက္ေျမာက္ေန႔တြင္ အမႈဖြင့္

မိုင္းတုံ၌ ဖမ္းဆီးရမိသည့္ သစ္တင္ယာဥ္ (၄)စီးႏွင့္ သစ္မ်ားအား သစ္ေတာဦးစီးဌာနထံလႊဲေျပာင္းၿပီးေနာက္ ၁၃ ရက္ေျမာက္ေန႔တြင္ အမႈဖြင့္
မတ် 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္၊ မိုင္းတုံၿမိဳ႕နယ္အတြင္း တပ္မေတာ္က နယ္ေျမရွင္းလင္းစဥ္ ဖမ္းဆီးရမိသည့္ သစ္တင္ယာဥ္ေလးစီးႏွင့္ သစ္မ်ားအား သစ္ေတာဦးစီးဌာနသို႔ လႊဲေျပာင္းၿပီး (၁၃)ရက္ေျမာက္ေန႔ ျဖစ္သည့္ မတ္လ (၆)ရက္ေန႔တြင္ မိုင္းတုံၿမိဳ႕မရဲစခန္း၌ သစ္ေတာဦးစီးဌာနက အမႈ ဖြင့္လွစ္လုိက္ေၾကာင္း သိရသည္။

တပ္နယ္မွ ဗိုလ္မွဴး မိုးဟိန္းဦးစီးေသာ တပ္မေတာ္သားမ်ားက နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ ၂၀၁၈ခုႏွစ္ ေဖေဖၚဝါရီလ (၂၁)ရက္ေန႔က မိုင္းတုံၿမိဳ႕နယ္ အေနာက္ဘက္(၁၄)မိုင္ခန္႔အကြာ လြယ္ခမ္းလုံ (၂)ဘိနယ္ မိုင္းတုံ - ေတာင္ႀကီးသြား ကားလမ္းႏွင့္ မိုင္းကန္ေက်းရြာသြား ကားလမ္း အေနာက္ဘက္တြင္ ေဒါင္ဖန္း အမ်ဳိးအစား(၆)ဘီးယာဥ္ (၃)စီးႏွင့္ နီဆန္းအမ်ဳိးအစား(၁၂)ဘီးယာဥ္(၁)စီးေပၚမွ ပိေတာက္သစ္လုံး(၂၈)လုံး (၁၈ ဒႆမ ၄၉၂ )တန္ႏွင့္ ပိေတာက္ခဲြသား(၁၄၇)ေခ်ာင္း (၂၂ ဒႆမ ၇၇၂ )တန္တို႔အား ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့သျဖင့္  ေဖေဖာ္၀ါရီလ (၂၂) ရက္ေန႔တြင္ မိုင္းတုံၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနသို႔ လႊဲေျပာင္း အပ္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိသည့္ တရားမ၀င္ သစ္ခဲြသားႏွင့္ သစ္လုံးမ်ားအား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ (၄)စီးတို႔၏ ယာဥ္ပိုင္ရွင္မ်ားႏွင့္ သစ္ပိုင္ရွင္မ်ားအား အေရးယူ ေဖၚထုတ္ေပးႏိုင္ပါရန္ ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရိွက မတ္လ (၆) ရက္ေန႔က အမႈဖြင့္တိုင္တန္းသျဖင့္ မိုင္းတုံၿမိဳ႕မ ရဲစခန္းတြင္ (ပ)၅/၂၀၁၈ျဖင့္ အမႈဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - သန္းေဇာ္(မိုင္းဆတ္)
ဓါတ္ပံု - ၿမိဳ႕နယ္သစ္ေတာ



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိသည့် သစ်တင်ယာဉ်လေးစီးနှင့် သစ်များအား သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပြီး (၁၃)ရက်မြောက်နေ့ ဖြစ်သည့် မတ်လ (၆)ရက်နေ့တွင် မိုင်းတုံမြို့မရဲစခန်း၌ သစ်တောဦးစီးဌာနက အမှု ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

တပ်နယ်မှ ဗိုလ်မှူး မိုးဟိန်းဦးစီးသော တပ်မတော်သားများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က မိုင်းတုံမြို့နယ် အနောက်ဘက်(၁၄)မိုင်ခန့်အကွာ လွယ်ခမ်းလုံ (၂)ဘိနယ် မိုင်းတုံ - တောင်ကြီးသွား ကားလမ်းနှင့် မိုင်းကန်ကျေးရွာသွား ကားလမ်း အနောက်ဘက်တွင် ဒေါင်ဖန်း အမျိုးအစား(၆)ဘီးယာဉ် (၃)စီးနှင့် နီဆန်းအမျိုးအစား(၁၂)ဘီးယာဉ်(၁)စီးပေါ်မှ ပိတောက်သစ်လုံး(၂၈)လုံး (၁၈ ဒဿမ ၄၉၂ )တန်နှင့် ပိတောက်ခွဲသား(၁၄၇)ချောင်း (၂၂ ဒဿမ ၇၇၂ )တန်တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်း အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင် သစ်ခွဲသားနှင့် သစ်လုံးများအား တင်ဆောင်လာသည့် မော်တော်ယာဉ် (၄)စီးတို့၏ ယာဉ်ပိုင်ရှင်များနှင့် သစ်ပိုင်ရှင်များအား အရေးယူ ဖော်ထုတ်ပေးနိုင်ပါရန် မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိက မတ်လ (၆) ရက်နေ့က အမှုဖွင့်တိုင်တန်းသဖြင့် မိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၅/၂၀၁၈ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - သန်းဇော်(မိုင်းဆတ်)
ဓာတ်ပုံ - မြို့နယ်သစ်တော

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~