မိုင္းျဖတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္ကို နာယက (၆)ဦး၊ အလုပ္အမႈေဆာင္ (၁၅)ဦးျဖင့္ ဖြဲ႕စည္း

မိုင္းျဖတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္ကို နာယက (၆)ဦး၊ အလုပ္အမႈေဆာင္ (၁၅)ဦးျဖင့္ ဖြဲ႕စည္း
မတ် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္ကို နာယက (၆)ဦး၊ အလုပ္ အမႈေဆာင္ (၁၅)ဦးတို႔ျဖင့္ မတ္လ (၁၄)ရက္ေန႔ ေန႔လည္ပိုင္းက ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

အဆုိပါ အဖြဲ႕ခ်ဳပ္အေနျဖင့္ ၿမိဳ႕နယ္အတြင္း ေဘာလံုးအားကစားတိုးတက္ေရး၊ လူငယ္မ်ိဳးဆက္သစ္မ်ား ေပၚထြက္လာေရး၊ လူငယ္သက္တမ္းအလုိက္ၿပိဳင္ပြဲမ်ား၊ အလြတ္တန္းၿပိဳင္ပြဲမ်ား ပိုမိုစနစ္တက် က်င္းပလာႏုိင္ေရးတို႔အတြက္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္၏ နာယကမ်ားအျဖစ္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးေက်ာ္ႏိုင္၊ ၿမိဳ႕နယ္အမႈေဆာင္အရာရိွ ဦးတိုးေဇာ္ထြန္း၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးထြန္းေနလိႈင္၊ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန ဦးစီးမွဴး ဦးျမင့္ေဌးႏွင့္ ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုင္းခမ္းက်န္တို႔က တာဝန္ယူၾကၿပီး ဥကၠဌအျဖစ္ ၿမိဳ႕မိၿမိဳ႕ဖ ဦးထြန္းေရႊ၊ ဒုတိယဥကၠဌ(၁)အျဖစ္ ၿမိဳ႕မိၿမိဳ႕ဖ ဦးသန္းေအး၊ ဒုဥကၠဌ (၂)အျဖစ္ ၿမိဳ႕မိၿမိဳ႕ဖ ဦးေဇာ္ျမင့္၊ အေထြေထြအတြင္းေရးမွဴးအျဖစ္ နည္းစနစ္မွဴး ဦးေအာင္ၾကည္စိုးေထြး၊ တြဲဖက္ အေထြေထြ အတြင္းေရးမွဴး အျဖစ္ ကစားသမားကိုယ္စားလွယ္ ဦးေက်ာ္ေဆြ၊ ဘ႑ာေရးမွဴးအျဖစ္ နည္းျပကိုယ္စားလွယ္ ဦးသန္းေဇာ္ႏွင့္ အဖြဲ႕ဝင္မ်ားအျဖစ္ ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုင္းပီး၊ ဦးလွေမာင္သာ၊ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဇင္ဝိုင္းသက္ဦး၊ ဒုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴး ေအာင္လင္းခိုင္၊ ၿမိဳ႕နယ္ဆရာဝန္ ေဒါက္တာ ေအးျမတ္ဝင္း၊ ဒုၿမိဳ႕နယ္ ပညာေရးမွဴး ဦးေက်ာ္မ်ိဳးႏုိင္၊ ဒိုင္ကိုယ္စားလွယ္ ဦးစိုးထက္၊  ဖူဆယ္ကိုယ္စားလွယ္ ဦးသိန္းသန္းႏွင့္ အမ်ိဳးသမီး ေဘာလံုးကိုယ္စားလွယ္ ေဒၚျမင့္ျမင့္ခိုင္တို႔က တာဝန္ယူထားေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ (MFF)က တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားအား ဖြဲ႕စည္းေနရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္ (၆)ၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားအား ေရြးခ်ယ္ဖြဲ႕စည္းျခင္းကို မတ္လ (၁၂)ရက္ေန႔မွစ၍ ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က သက္ဆုိင္ရာေဒသ အားကစားႏွင့္ ကာယပညာဦးစီးဌာန တာဝန္ရိွသူမ်ားျဖင့္ ကြင္းဆင္းဖြဲ႕စည္းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားသည္ ယခင္က ေဒသအလုိက္ရိွသည့္ ၿမိဳ႕နယ္ေဘာလံုးေကာ္မတီမ်ား ေနရာတြင္ အစားထုိးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ႏွင့္ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ  မိုင္းတံုၿမိဳ႕၊ မိုင္းဆတ္ၿမိဳ႕၊ တာခ်ီလိတ္ၿမိဳ႕၊ မုိင္းျဖတ္ၿမိဳ႕၊ မိုင္းခတ္ၿမိဳ႕ႏွင့္ က်ိဳင္းတံုၿမိဳ႕တို႔တြင္ ေဘာလံုး အဖြဲ႕ခ်ဳပ္မ်ား ဖြဲ႕စည္းမည္ျဖစ္ရာ မတ္လ (၁၅)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ မိုင္းခတ္ၿမိဳ႕ႏွင့္ ညေန (၃)နာရီတြင္ က်ိဳင္းတံုၿမိဳ႕တုိ႔၌ အသီးသီးေရြးခ်ယ္ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကို နာယက (၆)ဦး၊ အလုပ် အမှုဆောင် (၁၅)ဦးတို့ဖြင့် မတ်လ (၁၄)ရက်နေ့ နေ့လည်ပိုင်းက ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ချုပ်အနဖြေင့် မြို့နယ်အတွင်း ဘောလုံးအားကစားတိုးတက်ရေး၊ လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေး၊ လူငယ်သက်တမ်းအလိုက်ပြိုင်ပွဲများ၊ အလွတ်တန်းပြိုင်ပွဲများ ပိုမိုစနစ်တကျ ကျင်းပလာနိုင်ရေးတို့အတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်၏ နာယကများအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ မြို့နယ်အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဌေးနှင့် မြို့မိမြို့ဖ ဦးစိုင်းခမ်းကျန်တို့က တာဝန်ယူကြပြီး ဥက္ကဌအဖြစ် မြို့မိမြို့ဖ ဦးထွန်းရွှေ၊ ဒုတိယဥက္ကဌ(၁)အဖြစ် မြို့မိမြို့ဖ ဦးသန်းအေး၊ ဒုဥက္ကဌ (၂)အဖြစ် မြို့မိမြို့ဖ ဦးဇော်မြင့်၊ အထွေထွေအတွင်းရေးမှူးအဖြစ် နည်းစနစ်မှူး ဦးအောင်ကြည်စိုးထွေး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး အဖြစ် ကစားသမားကိုယ်စားလှယ် ဦးကျော်ဆွေ၊ ဘဏ္ဍာရေးမှူးအဖြစ် နည်းပြကိုယ်စားလှယ် ဦးသန်းဇော်နှင့် အဖွဲ့ဝင်များအဖြစ် မြို့မိမြို့ဖ ဦးစိုင်းပီး၊ ဦးလှမောင်သာ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်လင်းခိုင်၊ မြို့နယ်ဆရာဝန် ဒေါက်တာ အေးမြတ်ဝင်း၊ ဒုမြို့နယ် ပညာရေးမှူး ဦးကျော်မျိုးနိုင်၊ ဒိုင်ကိုယ်စားလှယ် ဦးစိုးထက်၊ ဖူဆယ်ကိုယ်စားလှယ် ဦးသိန်းသန်းနှင့် အမျိုးသမီး ဘောလုံးကိုယ်စားလှယ် ဒေါ်မြင့်မြင့်ခိုင်တို့က တာဝန်ယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များအား ဖွဲ့စည်းနေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ် (၆)မြို့နယ်တွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များအား ရွေးချယ်ဖွဲ့စည်းခြင်းကို မတ်လ (၁၂)ရက်နေ့မှစ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာဒေသ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူများဖြင့် ကွင်းဆင်းဖွဲ့စည်းပေးနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ်ဘောလုံးအဖွဲ့ချုပ်များသည် ယခင်က ဒေသအလိုက်ရှိသည့် မြို့နယ်ဘောလုံးကော်မတီများ နေရာတွင် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မိုင်းတုံမြို့၊ မိုင်းဆတ်မြို့၊ တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့၊ မိုင်းခတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းမည်ဖြစ်ရာ မတ်လ (၁၅)ရက်နေ့ နံနက် (၁၀)နာရီတွင် မိုင်းခတ်မြို့နှင့် ညနေ (၃)နာရီတွင် ကျိုင်းတုံမြို့တို့၌ အသီးသီးရွေးချယ်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~