နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တော်အား လက်ခံတော်မူခဲ့သည့် မိုင်းဖုန်းဆရာတော် တာချီလိတ်သို့ ပြန်လည်ကြွရောက်လာ

နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တော်အား လက်ခံတော်မူခဲ့သည့် မိုင်းဖုန်းဆရာတော် တာချီလိတ်သို့ ပြန်လည်ကြွရောက်လာ
မတျ 14, 2018
By Tachileik News Agency


နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ(ကမ္မဋ္ဌာန်းနည်းပြ ပထမအဆင့်) ဘွဲ့တံဆိပ်တော် စုစုပေါင်း (၆)ခု ဆက်ကပ် လှူဒါန်းရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ဆရာတော်ကြီး နှစ်ပါး ပါဝင်ရာ၌ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်(မိုင်းဖုန်းဆရာတော်) သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရသည် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းခံရခြင်း ဖြစ်သည်။

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသော တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်(မိုင်းဖုန်းဆရာတော်) သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရအား ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ပြုလုပ်သည့် ပူဇော်ခြင်း အခမ်းအနားတွင် ပူဇော်မှုများကို ခံယူတော်မှုခဲ့ပြီးနောက် ဟဲဟိုးလေဆိပ်မှ တဆင့် တာချီလိတ်လေဆိပ်သို့ မတ်လ(၁၄)ရက်နေ့တွင် ပြန်လည်ကြွရောက်လာတော်မူခြင်း ဖြစ်ကြောင်း သိရှိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်သမ္မတမှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တော်အား လက်ခံပြီး တာချီလိတ်သို့ မတ်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက ပြန်လည်ကြွရောက်တော်မူလာသော မိုင်းဖုန်းဆရာတော်အား တာချီလိတ်လေဆိပ်တွင် တပည့်ဒါယကာ ဒါယိကာမများက ဦးခိုက် ကြိုဆို ပင့်ဆောင်ကြသည်။

နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ(ကမ္မဋ္ဌာန်းနည်းပြ ပထမအဆင့်) ဘွဲ့တံဆိပ်တော် စုစုပေါင်း (၆)ခု ဆက်ကပ် လှူဒါန်းရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ဆရာတော်ကြီး နှစ်ပါး ပါဝင်ရာ၌ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်(မိုင်းဖုန်းဆရာတော်) သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရသည် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းခံရခြင်း ဖြစ်သည်။

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသော တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်(မိုင်းဖုန်းဆရာတော်) သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရအား ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ပြုလုပ်သည့် ပူဇော်ခြင်း အခမ်းအနားတွင် ပူဇော်မှုများကို ခံယူတော်မှုခဲ့ပြီးနောက် ဟဲဟိုးလေဆိပ်မှ တဆင့် တာချီလိတ်လေဆိပ်သို့ မတ်လ(၁၄)ရက်နေ့တွင် ပြန်လည်ကြွရောက်လာတော်မူခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - စိုင်းသန့်ဇင်လတ်၊ စိုင်းစိုင်း 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~