ႏိုင္ငံေတာ္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၏ တာခ်ီလိတ္ၿမိဳ႕ခရီးစဥ္တြင္ ေဒသတြင္း အေျခအေနမ်ား တင္ျပခြင့္ရရွိေရး ေမွ်ာ္လင့္ေန

ႏိုင္ငံေတာ္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၏ တာခ်ီလိတ္ၿမိဳ႕ခရီးစဥ္တြင္ ေဒသတြင္း အေျခအေနမ်ား တင္ျပခြင့္ရရွိေရး ေမွ်ာ္လင့္ေန
မတ် 14, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ လာေရာက္မည့္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၏ ခရီးစဥ္အတြင္း နယ္စပ္ကုန္သြယ္ေရး၊ ေျမယာႏွင့္ တာခ်ီလိတ္အတြင္း တရားမဝင္ လုပ္ငန္းမ်ား အေၾကာင္း တင္ျပသြားရန္ ေဒသတြင္းမွ လုပ္ငန္းရွင္မ်ား၊ ဖိတ္ၾကားခံထားရသည့္ ႏုိင္ငံေရးပါတီမ်ားက ျပင္ဆင္ေနၾကေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ အစည္းအေဝးထုိင္ၿပီး တုိင္ပင္ေဆြးေႏြးထားတာကေတာ့ ထုိင္းဘက္ကေနၿပီးေတာ့ ျမန္မာဘက္က ေကာက္ပဲသီးႏွံ စိုက္ပ်ိဳးေရးထြက္ကုန္ေတြကို တရားဝင္ ဝယ္ယူေပးဖို႔ကိစၥ တင္ေပးဖို႔ပါ။ ကၽြန္ေတာ္တုိ႔ ဘက္ကေန ဒီတုိင္း တင္ပို႔ေနရေတာ့ သူတို႔ဝယ္တဲ့ေစ်းနဲ႔ ေရာင္းရေတာ့ ေစ်းရတာ တအား နည္းတယ္။ ဒီဘက္က တရားဝင္ တင္သြင္းခြင့္ရိွေပမဲ့ သူတို႔ဘက္က စိုက္ပ်ိဳးေရးထြက္ကုန္ေတြအေပၚ အခြန္အခေတြ အရမ္းကို ႀကီးျမႇင့္ထားတယ္။ ကၽြန္ေတာ္တုိ႔ေတြ မပို႔ႏုိင္ေအာင္ ေစ်းေတြ တအား တင္ထားတယ္ေပါ့။ ဒါေၾကာင့္ အစိုးရခ်င္းခ်ိတ္ဆက္ ေဆာင္ရြက္ေပးမယ္ဆိုရင္ေတာ့ ပိုအဆင္ေျပမယ္ေပါ့။ ဒါကေတာ့ ထိုင္းဘက္က မူဝါဒေပၚ မူတည္ေတာ့ အဆင္ေျပ မေျပေတာ့ မသိဘူးေပါ့ေနာ္။ ေနာက္တစ္ခု ကေတာ့ အားလံုးအတြက္ပါ။ ဒီနယ္စပ္ေတြကေန Arrival Visa လုပ္ေပးလုိ႔ရမယ္ဆုိရင္ ပိုအဆင္ေျပမယ္ေပါ့။ ကၽြန္ေတာ္တုိ႔ ဗီဇာေၾကး သြင္းဖုိ႔လိုမယ္ဆိုရင္လည္း ထုိင္းလူဝင္မႈႀကီးၾကပ္ေရးမွာ သြင္းမယ္ေပါ့။ ဒါလည္း တင္ျပခ်င္ပါတယ္”ဟု တာခ်ီလိတ္နယ္စပ္ ကုန္သည္ႀကီးမ်ားအသင္း ဒုတိယ ဥကၠဌ ဦးစိုင္းစိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏုိင္ငံေတာ္ ဒုတိယသမၼတ၏ ခရီးစဥ္လာေရာက္ပါက ေဒသတြင္း လူထုကိုယ္စား တင္ျပႏုိင္ရန္ တာခ်ီလိတ္ၿမိဳ႕မွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီကလည္း အစည္းအေဝး က်င္းပေဆြးေႏြးၿပီး ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တုိ႔ ပါတီဘက္က သံုးေယာက္ဖိတ္ထားတယ္လို႔ ၾကားတယ္။ တင္ျပခြင့္ရမယ္ဆိုရင္ေတာ့ အဓိကကေတာ့ ေျမယာျပႆနာ၊ ေႏြရာသီေရရွားပါးမယ့္ ျပႆနာေတြအတြက္ရယ္၊ တရားမဝင္ သစ္ကိစၥ၊ ေရႊကိစၥနဲ႔ ေလာင္းကစားဝိုင္းကိစၥေတြ စတာေတြ တင္ျပဖို႔ေတာ့ စီစဥ္ထားပါတယ္။ ေနာက္ က်န္းမာေရး ကိစၥက ေဆးရံုမွာ ေဆးမလံုေလာက္တဲ့ ကိစၥေတြ၊  ရွမ္းရိုးမကြင္းကိစၥေတြလည္း တင္ျပသြားဖို႔ ရိွပါတယ္။ ဒုသမၼတႀကီးရဲ႕ ခရီးစဥ္မွာ လူထုအေနနဲ႔ တုိက္ရိုက္တင္ျပခြင့္ရဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ ေနာက္ ဒုသမၼတႀကီးက ေျမယာျပႆနာေျဖရွင္းေရးအဖဲြ႕ရဲ႕ ဥကၠဌလည္းျဖစ္ေတာ့ ေျမယာျပႆနာ ေျဖရွင္းေပးႏုိင္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္ ”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ  ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

ဒုတိယသမၼတ၏ ခရီးစဥ္ရိွသည္ဟု ဆိုေသာ္လည္း ခရီးစဥ္အေသးစိတ္အား ျပည္နယ္အစုိးရက စီစဥ္ေနျခင္း ျဖစ္သျဖင့္ တာခ်ီလိတ္ခရို္င္အုပ္ခ်ဳပ္ေရးဌာနအေနျဖင့္ အဆိုပါ ခရီးစဥ္ႏွင့္ပတ္သက္၍ အတည္ျပဳေျပာၾကားႏုိင္ျခင္း မရိွေသးေၾကာင္း တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊထံမွ သိရသည္။

“ ခရီးစဥ္နဲ႔ပတ္သက္လို႔ ေန႔ရက္ကို အတည္ျပဳထားျခင္း မရိွေသးပါဘူး။ လာမယ္ဆိုရင္ေတာ့ ေပးအပ္ပြဲ တစ္ခုေတာ့ အၾကမ္းဖ်ဥ္း ပါမယ္ထင္တယ္။ က်န္တဲ့အေသးစိတ္ကိုေတာ့ ကၽြန္ေတာ္တုိ႔ကို ဘာမွ အတည္မျပဳေသးပါဘူး။ ခရီးစဥ္ အေသးစိတ္ကို ျပည္နယ္အစိုးရအဖြဲ႕က စီစဥ္ေနပါတယ္”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏုိင္ငံေတာ္ ဒုတိယသမၼတ၏ ရွမ္းျပည္နယ္တြင္း ခရီးစဥ္အတြက္ ရွမ္းျပည္နယ္အစိုးရက အႀကံျပဳ တင္ျပခ်က္အေပၚ သမၼတရံုးက အတည္ျပဳျခင္းျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းထံမွ သိရသည္။

ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူသည္ မတ္လ (၁၄)ရက္ေန႔တြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ေရာက္ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လာရောက်မည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ခရီးစဉ်အတွင်း နယ်စပ်ကုန်သွယ်ရေး၊ မြေယာနှင့် တာချီလိတ်အတွင်း တရားမဝင် လုပ်ငန်းများ အကြောင်း တင်ပြသွားရန် ဒေသတွင်းမှ လုပ်ငန်းရှင်များ၊ ဖိတ်ကြားခံထားရသည့် နိုင်ငံရေးပါတီများက ပြင်ဆင်နကြေကြောင်း သိရသည်။

“ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီး တိုင်ပင်ဆွေးနွေးထားတာကတော့ ထိုင်းဘက်ကနပြေီးတော့ မြန်မာဘက်က ကောက်ပဲသီးနှံ စိုက်ပျိုးရေးထွက်ကုန်တွေကို တရားဝင် ဝယ်ယူပေးဖို့ကိစ္စ တင်ပေးဖို့ပါ။ ကျွန်တော်တို့ ဘက်ကနေ ဒီတိုင်း တင်ပို့နေရတော့ သူတို့ဝယ်တဲ့ဈေးနဲ့ ရောင်းရတော့ ဈေးရတာ တအား နည်းတယ်။ ဒီဘက်က တရားဝင် တင်သွင်းခွင့်ရှိပေမဲ့ သူတို့ဘက်က စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် အခွန်အခတွေ အရမ်းကို ကြီးမြှင့်ထားတယ်။ ကျွန်တော်တို့တွေ မပို့နိုင်အောင် ဈေးတွေ တအား တင်ထားတယ်ပေါ့။ ဒါကြောင့် အစိုးရချင်းချိတ်ဆက် ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်ပေါ့။ ဒါကတော့ ထိုင်းဘက်က မူဝါဒပေါ် မူတည်တော့ အဆင်ပြေ မပြေတော့ မသိဘူးပေါ့နော်။ နောက်တစ်ခု ကတော့ အားလုံးအတွက်ပါ။ ဒီနယ်စပ်တွေကနေ Arrival Visa လုပ်ပေးလို့ရမယ်ဆိုရင် ပိုအဆင်ပြေမယ်ပေါ့။ ကျွန်တော်တို့ ဗီဇာကြေး သွင်းဖို့လိုမယ်ဆိုရင်လည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးမှာ သွင်းမယ်ပေါ့။ ဒါလည်း တင်ပြချင်ပါတယ်”ဟု တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဌ ဦးစိုင်းစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော် ဒုတိယသမ္မတ၏ ခရီးစဉ်လာရောက်ပါက ဒေသတွင်း လူထုကိုယ်စား တင်ပြနိုင်ရန် တာချီလိတ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း အစည်းအဝေး ကျင်းပဆွေးနွေးပြီး ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပါတီဘက်က သုံးယောက်ဖိတ်ထားတယ်လို့ ကြားတယ်။ တင်ပြခွင့်ရမယ်ဆိုရင်တော့ အဓိကကတော့ မြေယာပြဿနာ၊ နွေရာသီရေရှားပါးမယ့် ပြဿနာတွေအတွက်ရယ်၊ တရားမဝင် သစ်ကိစ္စ၊ ရွှေကိစ္စနဲ့ လောင်းကစားဝိုင်းကိစ္စတွေ စတာတွေ တင်ပြဖို့တော့ စီစဉ်ထားပါတယ်။ နောက် ကျန်းမာရေး ကိစ္စက ဆေးရုံမှာ ဆေးမလုံလောက်တဲ့ ကိစ္စတွေ၊ ရှမ်းရိုးမကွင်းကိစ္စတွေလည်း တင်ပြသွားဖို့ ရှိပါတယ်။ ဒုသမ္မတကြီးရဲ့ ခရီးစဉ်မှာ လူထုအနေနဲ့ တိုက်ရိုက်တင်ပြခွင့်ရဖို့တော့ မျှော်လင့်ပါတယ်။ နောက် ဒုသမ္မတကြီးက မြေယာပြဿနာဖြေရှင်းရေးအဖွဲ့ရဲ့ ဥက္ကဌလည်းဖြစ်တော့ မြေယာပြဿနာ ဖြေရှင်းပေးနိုင်ဖို့တော့ မျှော်လင့်ပါတယ် ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ဒုတိယသမ္မတ၏ ခရီးစဉ်ရှိသည်ဟု ဆိုသော်လည်း ခရီးစဉ်အသေးစိတ်အား ပြည်နယ်အစိုးရက စီစဉ်နခြေင်း ဖြစ်သဖြင့် တာချီလိတ်ခရို်င်အုပ်ချုပ်ရေးဌာနအနဖြေင့် အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးကြောင်း တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေထံမှ သိရသည်။

“ ခရီးစဉ်နဲ့ပတ်သက်လို့ နေ့ရက်ကို အတည်ပြုထားခြင်း မရှိသေးပါဘူး။ လာမယ်ဆိုရင်တော့ ပေးအပ်ပွဲ တစ်ခုတော့ အကြမ်းဖျဉ်း ပါမယ်ထင်တယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ ကျွန်တော်တို့ကို ဘာမှ အတည်မပြုသေးပါဘူး။ ခရီးစဉ် အသေးစိတ်ကို ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော် ဒုတိယသမ္မတ၏ ရှမ်းပြည်နယ်တွင်း ခရီးစဉ်အတွက် ရှမ်းပြည်နယ်အစိုးရက အကြံပြု တင်ပြချက်အပေါ် သမ္မတရုံးက အတည်ပြုခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံမှ သိရသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မတ်လ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရောက်ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~