တာခ်ီလိတ္ေလဆိပ္တြင္ မႏၱေလးသို႔ ခိုးဝင္မည့္ တရုတ္ႏုိင္ငံသားႏွင့္ ကူညီေပးသည့္ အမ်ိဳးသမီးတို႔အား ဖမ္းဆီးရမိထား

တာခ်ီလိတ္ေလဆိပ္တြင္ မႏၱေလးသို႔ ခိုးဝင္မည့္ တရုတ္ႏုိင္ငံသားႏွင့္ ကူညီေပးသည့္ အမ်ိဳးသမီးတို႔အား ဖမ္းဆီးရမိထား
မတ် 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ မႏၱေလးၿမိဳ႕သို႔ ေလေၾကာင္းလုိင္းျဖင့္ ခိုးဝင္ရန္ ႀကိဳးစားသည့္ တရုတ္ႏုိင္ငံသားတစ္ဦးနွင့္ ကူညီေပးသည့္ အမ်ိဳးသမီးတို႔အား တာခ်ီလိတ္တြင္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

တာခ်ီလိတ္ေလဆိပ္တြင္ ၂၀၁၈ခုႏွစ္ မတ္လ(၂၇)ရက္ေန႔က Yangon Airway ေလေၾကာင္းလိုင္းျဖင့္ တာခ်ီလိတ္ၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔ လုိက္ပါမည့္ ခရီးသည္မ်ားတြင္ ေလာက္ဂ်ယ္ဆိုသည့္ အမ်ိဳးသမီးႏွင့္ အတူ ပါလာသည့္ အမ်ိဳးသားတြင္ သက္ေသခံ အေထာက္အထား မပါသျဖင့္ တာခ်ီလိတ္ လူဝင္မႈႀကီးၾကပ္ေရး ဌာနခြဲ(၆)မွ လူ၀င္မႈႀကီးၾကပ္ေရးမွဴး ဦးထြန္းျမင့္၀င္း ႏွင့္ အဖြဲ႔က ေခၚယူ စစ္ေဆးရာ အဆုိပါ အမ်ိဳးသားမွာ မတ္လ (၂၆)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕သို႔ မယ္ဆိုင္ေခ်ာင္းမွတစ္ဆင့္ တရားမဝင္ ခိုးဝင္လာသည့္ တရုတ္ႏုိင္ငံသားျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္ႏုိင္ငံသား Li Yu Rong သည္ ကြမ္က်ိဳးၿမိဳ႕မွ ျဖစ္ၿပီး ၎ထံမွ ဗီဇာခြင့္ျပဳခ်က္မပါသည့္ ႏုိင္ငံကူးလက္မွတ္ စာအုပ္ကိုလည္း စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသား Li Yu Rong အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ ၁၉၄၇ ခုႏွစ္ လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၃(၁)/၁၃(၁)အရ လည္းေကာင္း၊ ကူညီေပးသည့္ ေလာက္ဂ်ယ္အား လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၁၃(၅)အရ အေရးယူ ထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှတစ်ဆင့် မန္တလေးမြို့သို့ လေကြောင်းလိုင်းဖြင့် ခိုးဝင်ရန် ကြိုးစားသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် ကူညီပေးသည့် အမျိုးသမီးတို့အား တာချီလိတ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

တာချီလိတ်လေဆိပ်တွင် ၂၀၁၈ခုနှစ် မတ်လ(၂၇)ရက်နေ့က Yangon Airway လေကြောင်းလိုင်းဖြင့် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လိုက်ပါမည့် ခရီးသည်များတွင် လောက်ဂျယ်ဆိုသည့် အမျိုးသမီးနှင့် အတူ ပါလာသည့် အမျိုးသားတွင် သက်သေခံ အထောက်အထား မပါသဖြင့် တာချီလိတ် လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ(၆)မှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးထွန်းမြင့်ဝင်း နှင့် အဖွဲ့က ခေါ်ယူ စစ်ဆေးရာ အဆိုပါ အမျိုးသားမှာ မတ်လ (၂၆)ရက်နေ့က တာချီလိတ်မြို့သို့ မယ်ဆိုင်ချောင်းမှတစ်ဆင့် တရားမဝင် ခိုးဝင်လာသည့် တရုတ်နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား Li Yu Rong သည် ကွမ်ကျိုးမြို့မှ ဖြစ်ပြီး၎င်းထံမှ ဗီဇာခွင့်ပြုချက်မပါသည့် နိုင်ငံကူးလက်မှတ် စာအုပ်ကိုလည်း စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Li Yu Rong အား တာချီလိတ်မြို့မ ရဲစခန်းတွင် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)အရ လည်းကောင်း၊ ကူညီပေးသည့် လောက်ဂျယ်အား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၅)အရ အရေးယူ ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~