တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ေခ်ာင္း(လြယ္ေတာ္ခမ္းေခ်ာင္း)တြင္ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ေခ်ာင္း(လြယ္ေတာ္ခမ္းေခ်ာင္း)တြင္ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုး
မတ် 10, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု အတြင္းရွိ ပုန္းထြန္ေခ်ာင္းဟု အမ်ားသိရွိထားသည့္ လြယ္ေတာ္ခမ္း ေခ်ာင္းတြင္ အမ်ဳိးသားတစ္ဦး မတ္လ(၁၀)ရက္ေန႔ ညေနပိုင္းက ေရနစ္ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေရနစ္ေသဆံုးရာ ေနရာသို႔ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ တာ၀န္ရွိသူမ်ား၊ လြယ္ေတာ္ခမ္း ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ အဖြဲ႔မွ သြားေရာက္ၾကည့္ရႈ စစ္ေဆးခ့ဲၾကၿပီး ေသဆံုးသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးခဲဲ့ေၾကာင္း သိရသည္။

ေသဆံုးသူသည္ အသက္(၃၀)၀န္းက်င္ရွိ မ်ဳိးသန္႔ထြန္းျဖစ္ၿပီး ၎သည္ ဘဏ္၀န္ထမ္းတစ္ဦးျဖစ္ေၾကာင္း သိရသည္။

ေရနစ္ေသဆံုးသည့္ ေခ်ာင္းသည္ ႏွစ္စဥ္ သႀကၤန္ကာလအတြင္း၌ တစ္လအၾကာ စားေသာက္ဆိုင္ ခန္းမ်ားျဖင့္ ေရကစားအပန္းေျဖရန္အတြက္ ဖြင့္လွစ္ေလ့ရွိၿပီး ေရနစ္မႈမ်ား မျဖစ္ေပၚရန္အတြက္ အဆိုပါ ေခ်ာင္းမွ တာ၀န္ရွိသူမ်ား ေစာင့္ၾကပ္ေလ့ရွိေသာ္လည္း ယခုအခါမွာ အဆိုပါ ေခ်ာင္းတြင္ ေစ်းဆိုင္တဲမ်ား ေဆာက္လုပ္ေနဆဲ ကာလျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်းရှိ ပုန်းထွန်ချောင်းဟု အများသိရှိထားသည့် လွယ်တော်ခမ်း ချောင်းတွင် အမျိုးသားတစ်ဦး မတ်လ(၁၀)ရက်နေ့ ညနေပိုင်းက ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးရာ နေရာသို့ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများ၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၃၀)ဝန်းကျင်ရှိ မျိုးသန့်ထွန်းဖြစ်ပြီး၎င်းသည် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသည့် ချောင်းသည် နှစ်စဉ် သင်္ကြန်ကာလအတွင်း၌ တစ်လအကြာ စားသောက်ဆိုင် ခန်းများဖြင့် ရေကစားအပန်းဖြေရန်အတွက် ဖွင့်လှစ်လေ့ရှိပြီး ရေနစ်မှုများ မဖြစ်ပေါ်ရန်အတွက် အဆိုပါ ချောင်းမှ တာဝန်ရှိသူများ စောင့်ကြပ်လေ့ရှိသော်လည်း ယခုအခါမှာ အဆိုပါ ချောင်းတွင် ဈေးဆိုင်တဲများ ဆောက်လုပ်နေဆဲ ကာလဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~