လားရိႈးၿမိဳ႕ ရိုးမဘဏ္အနီး ဗံုးေပါက္ကြဲမႈႏွင့္ပတ္သက္၍ သဲလြန္စမ်ား ရရိွထားၿပီး အျမန္ဆံုးေဖၚထုတ္သြားမည္

လားရိႈးၿမိဳ႕ ရိုးမဘဏ္အနီး ဗံုးေပါက္ကြဲမႈႏွင့္ပတ္သက္၍ သဲလြန္စမ်ား ရရိွထားၿပီး အျမန္ဆံုးေဖၚထုတ္သြားမည္
မတ် 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ရိုးမဘဏ္အနီးတြင္ ေဖေဖၚဝါရီလ (၂၁) ရက္ေန႔က ဗံုးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ သဲလြန္စမ်ား ရရွိထားၿပီး တရားခံကို အျမန္ဆံုးေဖၚထုတ္သြားမည္ျဖစ္ေၾကာင္း မတ္လ (၃)ရက္ေန႔တြင္ လားရိႈးခရိုင္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ျဖစ္တဲ့ေန႔ကေန စၿပီးေတာ့မွ ျဖစ္စဥ္ျဖစ္ပြားရာ ေနရာမွာ သဲလြန္စေတြကို ဒီေန႔အခ်ိန္ထိ ရွာေဖြ ေတြ႔ရွိထားတာ ေတြရွိပါတယ္။ ဗံုးေပါက္ကြဲမႈမွာ အသံုးျပဳခဲ့တဲ့ သဲလြန္စအခ်ိဳ႕ကိုလည္း ရရွိထားပါတယ္။ အဲဒါေတြကို သဲလြန္စ အေနနဲ႔ အသံုးျပဳၿပီးေတာ့ ကၽြမ္းက်င္သူေတြနဲ႔ ေဖၚထုတ္သြားမွာျဖစ္ပါတယ္” ဟု လားရိႈးခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ ပူးေပါင္းေဆာင္ရြက္ရမည့္ အဖြဲ႔အစည္းမ်ားႏွင့္လည္း ခ်ိတ္ဆက္ ေဆာင္ရြက္ေနၿပီး အျမန္ဆံုး ေဖၚထုတ္ႏိုင္ရန္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ဒီလို ဗံုးေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီးေတာ့ လံုၿခံဳေရးေဆာင္ရြက္ေနရတဲ့ ရဲတပ္ဖြဲ႔အေနနဲ႔ အဲဒီကိစၥမွာ ေသဆံုးရသူေတြ၊ ဒဏ္ရာရသူေတြ အတြက္ သူတို႔မိသားစုေတြနဲ႔ ထပ္တူ ကၽြန္ေတာ္နဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြ အကုန္လံုးက စိတ္မေကာင္း ျဖစ္ရပါတယ္။ ဒီအတြက္လည္း ကၽြန္ေတာ္တို႔မွာ ပိုၿပီးေတာ့မွ လံုၿခံဳေရးကို ေဆာင္ရြက္ရမယ့္ တာဝန္ရွိလာၿပီလို႔ ခံယူပါတယ္။ အမ်ားျပည္သူနဲ႔ပူးေပါင္းေဆာင္ရြက္ဖို႔ ကၽြန္ေတာ္တို႔ အဆင္သင့္ရွိပါတယ္”ဟု ခရိုင္ရဲတပ္ဖြဲ႔မွဴးက ေျပာသည္။

လားရိႈးၿမိဳ႕ လမ္းမေတာ္လမ္းႏွင့္ ေရႊဘိုလမ္းေထာင့္ရွိ ရိုးမဘဏ္ (၁) အေရွ႕တြင္ ေဖေဖၚဝါရီလ (၂၁) ရက္ေန႔ ညေန (၄) နာရီခြဲခန္႔က ဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ဘဏ္ဝန္ထမ္း အမ်ိဳးသမီး (၂) ဦးေသဆံုးၿပီး (၂၁) ဦးဒဏ္ရာ ရရိွခဲ့ျခင္းျဖစ္သည္။

ဗံုးေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ လားရိႈးၿမိဳ႕တြင္း လံုၿခံဳေရးအား လားရိႈးခရိုင္ရဲတပ္ဖြဲ႔က အင္အားျပည့္ အသံုးျပဳကာ လွည့္ကင္းမ်ားျဖင့္ တင္းတင္းၾကပ္ၾကပ္ေဆာင္ရြက္ႏုိင္ေရး လုပ္ေဆာင္ထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရိုးမဘဏ်အနီးတွင် ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သဲလွန်စများ ရရှိထားပြီး တရားခံကို အမြန်ဆုံးဖော်ထုတ်သွားမည်ဖြစ်ကြောင်း မတ်လ (၃)ရက်နေ့တွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဖြစ်တဲ့နေ့ကနေ စပြီးတော့မှ ဖြစ်စဉ်ဖြစ်ပွားရာ နေရာမှာ သဲလွန်စတွေကို ဒီနေ့အချိန်ထိ ရှာဖွေ တွေ့ရှိထားတာ တွေရှိပါတယ်။ ဗုံးပေါက်ကွဲမှုမှာ အသုံးပြုခဲ့တဲ့ သဲလွန်စအချို့ကိုလည်း ရရှိထားပါတယ်။ အဲဒါတွေကို သဲလွန်စ အနေနဲ့ အသုံးပြုပြီးတော့ ကျွမ်းကျင်သူတွေနဲ့ ဖော်ထုတ်သွားမှာဖြစ်ပါတယ်” ဟု လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရမည့် အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နပြေီး အမြန်ဆုံး ဖော်ထုတ်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီလို ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးဆောင်ရွက်နေရတဲ့ ရဲတပ်ဖွဲ့အနေနဲ့ အဲဒီကိစ္စမှာ သေဆုံးရသူတွေ၊ ဒဏ်ရာရသူတွေ အတွက် သူတို့မိသားစုတွေနဲ့ ထပ်တူ ကျွန်တော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကုန်လုံးက စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့မှာ ပိုပြီးတော့မှ လုံခြုံရေးကို ဆောင်ရွက်ရမယ့် တာဝန်ရှိလာပြီလို့ ခံယူပါတယ်။ အများပြည်သူနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်”ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။

လားရှိုးမြို့ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်ရှိ ရိုးမဘဏ် (၁) အရှေ့တွင် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညနေ (၄) နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဘဏ်ဝန်ထမ်း အမျိုးသမီး (၂) ဦးသေဆုံးပြီး (၂၁) ဦးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လားရှိုးမြို့တွင်း လုံခြုံရေးအား လားရှိုးခရိုင်ရဲတပ်ဖွဲ့က အင်အားပြည့် အသုံးပြုကာ လှည့်ကင်းများဖြင့် တင်းတင်းကြပ်ကြပ်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~