လားရိႈးတြင္ ၂၀၁၈သႀကၤန္အတြင္း ဗဟိုမ႑ပ္ထားရိွေရး ေဆြးေႏြးရန္ စီစဥ္ေနဆဲ

လားရိႈးတြင္ ၂၀၁၈သႀကၤန္အတြင္း ဗဟိုမ႑ပ္ထားရိွေရး ေဆြးေႏြးရန္ စီစဥ္ေနဆဲ
မတ် 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ သႀကၤန္ပြဲေတာ္ ဗဟိုမ႑ပ္ထားရွိရန္ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ေဆြးေႏြး တိုင္ပင္မႈျပဳလုပ္ရန္ စီစဥ္ေနဆဲျဖစ္ေၾကာင္း လားရိႈး ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနထံမွ သိရသည္။

“ရပ္ကြက္အလိုက္ မ႑ပ္ေတြလုပ္မယ္။ ဌာနဆိုင္ရာေတြကေန အဲဒီမ႑ပ္ေတြမွာ အားျဖည့္ပါဝင္ လုပ္ေဆာင္ ေပးမယ္။ ဗဟိုမ႑ပ္ကေတာ့ ေလာေလာဆယ္အထိ လုပ္ဖို႔ စီစဥ္ထားတာမရွိေသးဘူး။ ေရအေနအထား၊ ဘတ္ဂ်က္ အေနအထား၊ လံုၿခံဳေရး အေနအထားေတြအရ ဗဟိုမ႑ပ္အတြက္ကေတာ့ ေသခ်ာတ့ဲဆံုးျဖတ္ခ်က္ မခ်ရေသးဘူး” ဟု လားရႈိးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ဗဟိုမ႑ပ္ျပဳလုပ္ရန္ အတြက္ က်ပ္သိန္း (၆၀၀) ေက်ာ္ခန္႔ ကုန္က်စရိတ္ရွိသည့္အတြက္ လားရိႈးၿမိဳ႕နယ္ အတြင္းရွိ ရပ္မိရပ္ဖမ်ား၊ လုပ္ငန္းရွင္မ်ား၊ အလွဴရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္၍ ရံပုံေငြရွိလာမည္ဆိုပါက အမ်ားျပည္သူ ဆႏၵအရ ဗဟိုမ႑ပ္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“လုပ္ငန္းရွင္ေတြကလည္း သိန္းရာနဲ႔ခ်ီလွဴဒါန္းရမယ္ဆိုေတာ့ ဝန္ထုပ္ဝန္ပိုးျဖစ္ႏိုင္တာေတြရွိတယ္။ ကၽြန္ေတာ္တို႔ ကေတာ့ ရပ္မိရပ္ဖ၊ ၿမိဳ႕မိၿမိဳ႕ဖေတြ ျပည္သူေတြက လုပ္ခ်င္တယ္ဆို လုပ္ေပးမွာပဲ။ လံုၿခံဳေရးအတြက္လည္း တာဝန္ရွိသူေတြက ဝိုင္းလုပ္မွာပဲ။ အဓိကကေတာ့ ေငြေရးေၾကးေရးပဲ ” ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

သႀကၤန္ကာလအတြင္း လားရိႈးၿမိဳ႕နယ္၌ ေရအခက္အခဲ မရွိေစရန္ အဓိက ေရစုေဆာင္းေနရာမ်ားျဖစ္သည့္ ဟူးမြန္၊ နမ့္က်န္၊ နမ့္မ်ွင္ ႏွင့္ ေကာက္ေကြ႔ ေရေလွာင္တမံမ်ားတြင္ ေရအလံုအေလာက္ရွိေနေၾကာင္း သိရသည္။

“မိုးလည္းမရြာဘူး။ လက္ရွိဝင္ေနတဲ့ ေရဝင္ေတြရပ္သြားမယ္ ဆိုရင္ေတာင္ သႀကၤန္ကာလအတြက္ ေရအသံုးျပဳမႈနဲ႔ လက္ရွိေပးေဝေနတဲ့ ေရကုန္တဲ့ႏႈန္းအတိုင္းဆိုရင္ေတာင္ ရက္ေပါင္း (၃၇) ရက္စာအတြက္ ေရအလံု အေလာက္ ရွိတယ္။ မႏွစ္က ဒီလိုအခ်ိန္မွာ ရွိတဲ့ေရပမာဏထက္၊ ဒီႏွစ္ကာလတူအခ်ိန္မွာက ဧကေပ (၅၀၀) ေက်ာ္ ပိုေသးတယ္ ” ဟု ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈစီမံကိန္းဦးစီးဌာန(လားရိႈး) မွ ဦးစီးအရာရွိ(ၿမိဳ႕ျပ) ဦးေအာင္မင္းစိုးက ေျပာသည္။

လားရိႈးၿမိဳ႕အတြက္ အသံုးျပဳေနသည့္ ေရအရင္းအျမစ္ျဖစ္သည့္ ေရေလွာင္တမံ (၄) ခုတြင္ ေရအလံုအေလာက္ရိွေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၈ ခုနှစ် သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ထားရှိရန် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ဆွေးနွေး တိုင်ပင်မှုပြုလုပ်ရန် စီစဉ်နေဆဲဖြစ်ကြောင်း လားရှိုး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

“ရပ်ကွက်အလိုက် မဏ္ဍပ်တွေလုပ်မယ်။ ဌာနဆိုင်ရာတွေကနေ အဲဒီမဏ္ဍပ်တွေမှာ အားဖြည့်ပါဝင် လုပ်ဆောင် ပေးမယ်။ ဗဟိုမဏ္ဍပ်ကတော့ လောလောဆယ်အထိ လုပ်ဖို့ စီစဉ်ထားတာမရှိသေးဘူး။ ရေအနေအထား၊ ဘတ်ဂျက် အနေအထား၊ လုံခြုံရေး အနေအထားတွေအရ ဗဟိုမဏ္ဍပ်အတွက်ကတော့ သေချာတဲ့ဆုံးဖြတ်ချက် မချရသေးဘူး” ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗဟိုမဏ္ဍပ်ပြုလုပ်ရန် အတွက် ကျပ်သိန်း (၆၀၀) ကျော်ခန့် ကုန်ကျစရိတ်ရှိသည့်အတွက် လားရှိုးမြို့နယ် အတွင်းရှိ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ အလှူရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ ရံပုံငွေရှိလာမည်ဆိုပါက အများပြည်သူ ဆန္ဒအရ ဗဟိုမဏ္ဍပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းရှင်တွေကလည်း သိန်းရာနဲ့ချီလှူဒါန်းရမယ်ဆိုတော့ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်တာတွေရှိတယ်။ ကျွန်တော်တို့ ကတော့ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖတွေ ပြည်သူတွေက လုပ်ချင်တယ်ဆို လုပ်ပေးမှာပဲ။ လုံခြုံရေးအတွက်လည်း တာဝန်ရှိသူတွေက ဝိုင်းလုပ်မှာပဲ။ အဓိကကတော့ ငွေရေးကြေးရေးပဲ ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

သင်္ကြန်ကာလအတွင်း လားရှိုးမြို့နယ်၌ ရေအခက်အခဲ မရှိစေရန် အဓိက ရေစုဆောင်းနေရာများဖြစ်သည့် ဟူးမွန်၊ နမ့်ကျန်၊ နမ့်မျှင် နှင့် ကောက်ကွေ့ ရေလှောင်တမံများတွင် ရေအလုံအလောက်ရှိနေကြောင်း သိရသည်။

“မိုးလည်းမရွာဘူး။ လက်ရှိဝင်နေတဲ့ ရေဝင်တွေရပ်သွားမယ် ဆိုရင်တောင် သင်္ကြန်ကာလအတွက် ရေအသုံးပြုမှုနဲ့ လက်ရှိပေးဝေနေတဲ့ ရေကုန်တဲ့နှုန်းအတိုင်းဆိုရင်တောင် ရက်ပေါင်း (၃၇) ရက်စာအတွက် ရေအလုံ အလောက် ရှိတယ်။ မနှစ်က ဒီလိုအချိန်မှာ ရှိတဲ့ရေပမာဏထက်၊ ဒီနှစ်ကာလတူအချိန်မှာက ဧကပေ (၅၀၀) ကျော် ပိုသေးတယ် ” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံကိန်းဦးစီးဌာန(လားရှိုး) မှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်မင်းစိုးက ပြောသည်။

လားရှိုးမြို့အတွက် အသုံးပြုနေသည့် ရေအရင်းအမြစ်ဖြစ်သည့် ရေလှောင်တမံ (၄) ခုတွင် ရေအလုံအလောက်ရှိနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~