က်ိဳင္းတံုၿမိဳ႕နယ္အတြင္းမွ လမ္း မရိွသည့္ ေက်းရြာ ၉ ရြာအတြက္ နတလရန္ပံုေငြ က်ပ္သိန္း ၃၂၅၀ ျဖင့္ ေျမသားလမ္းေဖါက္လုပ္ေနမႈအား ျပည္နယ္အစိုးရအဖြဲ႕စစ္ေဆး

က်ိဳင္းတံုၿမိဳ႕နယ္အတြင္းမွ လမ္း မရိွသည့္ ေက်းရြာ ၉ ရြာအတြက္ နတလရန္ပံုေငြ က်ပ္သိန္း ၃၂၅၀ ျဖင့္ ေျမသားလမ္းေဖါက္လုပ္ေနမႈအား ျပည္နယ္အစိုးရအဖြဲ႕စစ္ေဆး
မတ် 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္အတြင္း လားဟူႏွင့္ အာခါတုိင္းရင္းသားအမ်ားစုေနထုိင္သည့္  ေက်းရြာ (၉) ရြာအား က်ိဳင္းတံု - ေတာင္ႀကီးလမ္းႏွင့္ ဆက္သြယ္မည့္ ေျမသားလမ္းပိုင္းေဖါက္လုပ္ေနမႈ အေျခအေနကို မတ္လ (၁)ရက္ေန႔တြင္ ျပည္နယ္အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးႏွင့္ တာဝန္ရိွသူမ်ားက စစ္ေဆးေၾကာင္း သိရသည္။

“က်ိဳင္းတံုကေန မုိင္းပ်ဥ္းသြားတဲ့လမ္းမွာ ရင္ကြဲေတာင္ဆိုတာရိွတယ္။ အဲဒီကေန ပန္ပက္ရြာတို႔ လားဟူ၊ အာခါတိုင္းရင္းသားေတြ မ်ားတယ္။ က်ိဳင္းတံုကေန ေတာင္ႀကီးသြားတဲ့လမ္း တံုတာမေရာက္ခင္မွာ ညာဘက္ ခ်ိဳးဝင္ရတဲ့ရြာေတြေပါ့။ ရင္ကြဲေတာင္ေပါ့။ အဲဒီမွာ သူတို႔လမ္းမရိွဘူး။ သူတုိ႔ရြာေတြအတြက္ အရင္က NGO တစ္ခုက က်န္းမာေရးဌာနတစ္ခု တည္ေဆာက္ေပးဖို႔ လာၾကည့္ေသးတယ္။ အေဆာက္ အဦး အတြက္ ဘိလပ္ေျမတို႔ ေဆာက္လုပ္ေရးပစၥည္းေတြ သယ္ဖို႔ကို လမ္းမရိွလို႔ တျခားရြာကို ေပးလုိက္ရတယ္။ အခု လမ္းရၿပီဆိုေတာ့ ျပန္ေတာင္းလို႔ေတာ့ ရပါတယ္။  ဒီလမ္းပိုင္းကို ေဖါက္တဲ့ ကုမၸဏီကလည္း ဒီေဒသ အေျခအေနကိုျမင္ေတာ့ ေနာက္ထပ္ (၂)မိုင္ေလာက္ကို သူတို႔က လုပ္ေပးမယ္ ဆိုၿပီး ေျပာလာပါတယ္”ဟု က်ိဳင္းတံုမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္စပ္ေဒသႏွင့္ တိုင္းရင္းသား လူမ်ဳိးမ်ား ဖြံ႔ၿဖဳိးတိုးတက္ေရး ဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ရံပုံေငြ က်ပ္သိန္း (၃၂၅၀)ျဖင့္ (၁၃) မိုင္အရွည္ရိွသည့္ ေျမသားလမ္းပိုင္းေဖါက္လုပ္ေနမႈအား ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု ဦးေဆာင္ၿပီး က်ိဳင္းတံုမဲဆႏၵနယ္မွ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးပါဝင္သည့္အဖြဲ႕က လုပ္ငန္းအေျခအေနမ်ား စစ္ေဆးျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းအား နယ္စပ္ေဒသႏွင့္ တိုင္းရင္းသား လူမ်ဳိးမ်ား ဖြံ႔ၿဖဳိးတိုးတက္ေရး ဦးစီးဌာန ရန္ပံုေငြျဖင့္ Power Earth ကုမၸဏီက (၁၃)မိုင္အရွည္ေဖါက္လုပ္ျခင္းကို လုပ္ငန္းေဆာင္ရြက္ေနၿပီး အဆိုပါ ကုမၸဏီက ေနာက္ထပ္ (၂)မုိင္ ထပ္ေဆာင္း ေဖါက္လုပ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

“အခုက ေျမသားလမ္းပိုင္းျဖစ္တယ္။ သဲဆန္တဲ့ ေျမျဖစ္တယ္ဆိုေတာ့ ေရရွည္အတြက္ ထပ္ၿပီး လုပ္ေဆာင္ဖို႔ လိုပါေသးတယ္။ အရင္ကလည္း ဒီလိုပဲ ေျမသားလမ္းေတြလုပ္ၿပီး ေနာက္ပိုင္း ေပ်ာက္သြား တာေတြ ရိွတယ္ေပါ့ေနာ္။ ဒီေတာ့ ေက်ာက္ေခ်ာလမ္းေလာက္အထိေတာ့ ကၽြန္ေတာ္တုိ႔ ဘတ္ဂ်က္ ထပ္ေတာင္း လုပ္ေဆာင္ရမွာပါ။ ေနာက္တစ္ခုက ဒီရြာေတြအေနနဲ႔ အခုလမ္းပိုင္းက က်ိဳင္းတံု - ေတာင္ႀကီး လမ္းနဲ႔ ဆက္သြားမွာ။ ဒီရြာ (၉)ရြာကေန ေနာက္ထပ္ (၆)မိုင္ေလာက္က်န္တာကို ဆက္ေဖါက္လုိက္ရင္ က်ိဳင္းတံု - မုိင္းပ်ဥ္းလမး္ကို ဆက္သြားလို႔ရတယ္။ အဲဒီလမ္းပိုင္း ေဖါက္လုပ္ဖို႔နဲ႔ အခုေဖါက္ေနတဲ့ ေျမသားလမ္းကို ေက်ာက္ေခ်ာလမ္းခင္းဖို႔ကို လာမယ့္ ဘတ္ဂ်က္ႏွစ္မွာ ေဆာင္ရြက္ႏုိင္ဖုိ႔ တင္ျပသြားဖို႔ စီစဥ္ေနပါတယ္”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက ေျပာသည္။

အဆိုပါ ေက်းရြာ(၉)ခုတြင္ က်ိဳင္းတံုၿမိဳ႕ႏွင့္ အနီးဆံုးရြာမွာ (၁၃)မိုင္အကြာတြင္ ရိွေနၿပီး ယခင္က လမ္းပန္း ဆက္သြယ္ေရး ခက္ခဲမႈေၾကာင့္ အေရးေပၚလူနာမ်ားအား ေဆးရံုတင္ပို႔ရန္ အထမ္းျဖင့္ ပို႔ေဆာင္ရသျဖင့္ အသက္ ဆံုးရႈံးမႈမ်ားလည္း မၾကာခဏ ႀကံဳေနရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်းရြာ (၉)ရြာအေနျဖင့္ က်ိဳင္းတံု - မုိင္းပ်ဥ္းလမ္းႏွင့္ က်ိဳင္းတံု - ေတာင္ႀကီးလမ္းတို႔ႏွင့္ ဆက္သြယ္ႏုိင္ၿပီး ေဒသတြင္း ေက်းရြာခ်င္းဆက္လမ္းကြန္ယက္ ခ်ိတ္ဆက္ႏုိင္ေရးအတြက္ လာမည့္ ဘ႑ာႏွစ္ဘတ္ဂ်က္တြင္ တင္ျပသြားရန္ စီစဥ္ထားေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးထံမွ သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - wanna soe(FB)





~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း လားဟူနှင့် အာခါတိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာ (၉) ရွာအား ကျိုင်းတုံ - တောင်ကြီးလမ်းနှင့် ဆက်သွယ်မည့် မြေသားလမ်းပိုင်းဖောက်လုပ်နေမှု အခြေအနေကို မတ်လ (၁)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် တာဝန်ရှိသူများက စစ်ဆေးကြောင်း သိရသည်။

“ကျိုင်းတုံကနေ မိုင်းပျဉ်းသွားတဲ့လမ်းမှာ ရင်ကွဲတောင်ဆိုတာရှိတယ်။ အဲဒီကနေ ပန်ပက်ရွာတို့ လားဟူ၊ အာခါတိုင်းရင်းသားတွေ များတယ်။ ကျိုင်းတုံကနေ တောင်ကြီးသွားတဲ့လမ်း တုံတာမရောက်ခင်မှာ ညာဘက် ချိုးဝင်ရတဲ့ရွာတွေပေါ့။ ရင်ကွဲတောင်ပေါ့။ အဲဒီမှာ သူတို့လမ်းမရှိဘူး။ သူတို့ရွာတွေအတွက် အရင်က NGO တစ်ခုက ကျန်းမာရေးဌာနတစ်ခု တည်ဆောက်ပေးဖို့ လာကြည့်သေးတယ်။ အဆောက် အဦး အတွက် ဘိလပ်မြေတို့ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ဖို့ကို လမ်းမရှိလို့ တခြားရွာကို ပေးလိုက်ရတယ်။ အခု လမ်းရပြီဆိုတော့ ပြန်တောင်းလို့တော့ ရပါတယ်။ ဒီလမ်းပိုင်းကို ဖောက်တဲ့ ကုမ္ပဏီကလည်း ဒီဒေသ အခြေအနေကိုမြင်တော့ နောက်ထပ် (၂)မိုင်လောက်ကို သူတို့က လုပ်ပေးမယ် ဆိုပြီး ပြောလာပါတယ်”ဟု ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ရံပုံငွေ ကျပ်သိန်း (၃၂၅၀)ဖြင့် (၁၃) မိုင်အရှည်ရှိသည့် မြေသားလမ်းပိုင်းဖောက်လုပ်နေမှုအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ ဦးဆောင်ပြီး ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးပါဝင်သည့်အဖွဲ့က လုပ်ငန်းအခြေအနေများ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းအား နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွဖြေင့် Power Earth ကုမ္ပဏီက (၁၃)မိုင်အရှည်ဖောက်လုပ်ခြင်းကို လုပ်ငန်းဆောင်ရွက်နပြေီး အဆိုပါ ကုမ္ပဏီက နောက်ထပ် (၂)မိုင် ထပ်ဆောင်း ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“အခုက မြေသားလမ်းပိုင်းဖြစ်တယ်။ သဲဆန်တဲ့ မြဖြေစ်တယ်ဆိုတော့ ရေရှည်အတွက် ထပ်ပြီး လုပ်ဆောင်ဖို့ လိုပါသေးတယ်။ အရင်ကလည်း ဒီလိုပဲ မြေသားလမ်းတွေလုပ်ပြီး နောက်ပိုင်း ပျောက်သွား တာတွေ ရှိတယ်ပေါ့နော်။ ဒီတော့ ကျောက်ချောလမ်းလောက်အထိတော့ ကျွန်တော်တို့ ဘတ်ဂျက် ထပ်တောင်း လုပ်ဆောင်ရမှာပါ။ နောက်တစ်ခုက ဒီရွာတွေအနေနဲ့ အခုလမ်းပိုင်းက ကျိုင်းတုံ - တောင်ကြီး လမ်းနဲ့ ဆက်သွားမှာ။ ဒီရွာ (၉)ရွာကနေ နောက်ထပ် (၆)မိုင်လောက်ကျန်တာကို ဆက်ဖောက်လိုက်ရင် ကျိုင်းတုံ - မိုင်းပျဉ်းလမး်ကို ဆက်သွားလို့ရတယ်။ အဲဒီလမ်းပိုင်း ဖောက်လုပ်ဖို့နဲ့ အခုဖောက်နေတဲ့ မြေသားလမ်းကို ကျောက်ချောလမ်းခင်းဖို့ကို လာမယ့် ဘတ်ဂျက်နှစ်မှာ ဆောင်ရွက်နိုင်ဖို့ တင်ပြသွားဖို့ စီစဉ်နေပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ပြောသည်။

အဆိုပါ ကျေးရွာ(၉)ခုတွင် ကျိုင်းတုံမြို့နှင့် အနီးဆုံးရွာမှာ (၁၃)မိုင်အကွာတွင် ရှိနပြေီး ယခင်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် အရေးပေါ်လူနာများအား ဆေးရုံတင်ပို့ရန် အထမ်းဖြင့် ပို့ဆောင်ရသဖြင့် အသက် ဆုံးရှုံးမှုများလည်း မကြာခဏ ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ (၉)ရွာအနဖြေင့် ကျိုင်းတုံ - မိုင်းပျဉ်းလမ်းနှင့် ကျိုင်းတုံ - တောင်ကြီးလမ်းတို့နှင့် ဆက်သွယ်နိုင်ပြီး ဒေသတွင်း ကျေးရွာချင်းဆက်လမ်းကွန်ယက် ချိတ်ဆက်နိုင်ရေးအတွက် လာမည့် ဘဏ္ဍာနှစ်ဘတ်ဂျက်တွင် တင်ပြသွားရန် စီစဉ်ထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးထံမှ သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - wanna soe(FB)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~