ခရီးသည္တင္ယာဥ္ျဖင့္ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား(၄)သိန္းကို ကေလာၿမိဳ႕အထြက္တြင္ ဖမ္းမိ

ခရီးသည္တင္ယာဥ္ျဖင့္ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား(၄)သိန္းကို ကေလာၿမိဳ႕အထြက္တြင္ ဖမ္းမိ
မတ် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕အထြက္ သာစည္ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ခရီးသည္တင္ယာဥ္ျဖင့္ တင္ေဆာင္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပားေလးသိန္းကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ မတ္လ (၁၆)ရက္ေန႔ ည(၁၀)နာရီအခ်ိန္က မူးယစ္တပ္ဖြဲ႕စု(၂၅) ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ခရီးသည္တင္ မွန္လုံေမာ္ေတာ္ယာဥ္ကို ရွာေဖြရာ ခရီးသည္ ခြန္ခ်စ္စိန္ ႏွင့္ ေက်ာ္ေစာ(ခ)ေမာင္တုံး တို႔ တန္ဆာအပ္ႏွံထားသည့္ ဆာလာအိတ္ သံုးအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ား သယ္ေဆာင္လာသည့္ ခြန္ခ်စ္စိန္ႏွင့္ ေက်ာ္ေစာ(ခ) ေမာင္တုံး တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် သာစည်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ခရီးသည်တင်ယာဉ်ဖြင့် တင်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားလေးသိန်းကို ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မတ်လ (၁၆)ရက်နေ့ ည(၁၀)နာရီအချိန်က မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်ကို ရှာဖွေရာ ခရီးသည် ခွန်ချစ်စိန် နှင့် ကျော်စော(ခ)မောင်တုံး တို့ တန်ဆာအပ်နှံထားသည့် ဆာလာအိတ် သုံးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများ သယ်ဆောင်လာသည့် ခွန်ချစ်စိန်နှင့် ကျော်စော(ခ) မောင်တုံး တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~