တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕တြင္ အမ်ဳိးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕တြင္ အမ်ဳိးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
မတ် 28, 2018
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕ အမွတ္(၁)ရပ္ကြက္တြင္ အမ်ဳိးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈ မတ္လ(၂၇)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ သိရသည္။

ေသဆံုးသူသည္ အသက္(၃၈)ႏွစ္၀န္းက်င္ရွိ ဦးအိုက္ခမ္းပံု ျဖစ္ၿပီး ၎သည္ ေနအိမ္ဘုရားစင္ေဘးအေပၚ ေခါင္ထုတ္တန္း၌ ႏိုင္လြန္ႀကိဳးအစိမ္းေရာင္ျဖင့္ ႀကိဳးဆြဲခ်ေသဆံုးေနျခင္း ျဖစ္ေၾကာင္း သိရွိရသည့္အတြက္ က်ဳိင္းလပ္နယ္ေျမရဲစခန္းမွ ေခတၱစခန္းမွဴး ဒုရဲအုပ္ေကာင္းျမတ္ေထြး ႏွင့္ တပ္ဖြဲ႔၀င္မ်ား အမွတ္(၁)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုင္အင္ ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက သြားေရာက္ စစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။

ေသဆံုးသူသည္ မဂၤလာေဆာင္၌ အရက္အနည္းငယ္ေသာက္ၿပီး ညေန(၅)နာရီအခ်ိန္တြင္ ေနအိမ္အတြင္းသို႔ ၀င္ေရာက္သြားၿပီး တံခါးအား အတြင္း၌ ပိတ္ထားေၾကာင္း၊ ည(၇)နာရီ(၄၅)နာရီ၀န္းက်င္ အခ်ိန္တြင္ ၎၏ ဇနီးျဖစ္သူမွာ ေနအိမ္တံခါးအား ေခါက္၍ ေခၚရာ မရျဖစ္သျဖင့္ ေသဆံုးသြားသူ၏ အကိုျဖစ္သူမွ လာေရာက္၍ ေနအိမ္တံခါးအား ဖ်က္၍ ၀င္ေရာက္ခဲ့ရာတြင္ ႀကိဳးဆြဲခ် ေသဆံုးေနသည္ကို ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ေသဆံုးေနသည့္ အေလာင္းအား ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္ မဟုတ္ စစ္ေဆးႏိုင္ရန္ အတြက္ က်ဳိင္းလပ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စစ္ေဆးၿပီးေနာက္ က်ဳိင္းလပ္နယ္ေျမရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၁/၂၀၁၈ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ



~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အမှတ်(၁)ရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု မတ်လ(၂၇)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ သိရသည်။

သေဆုံးသူသည် အသက်(၃၈)နှစ်ဝန်းကျင်ရှိ ဦးအိုက်ခမ်းပုံ ဖြစ်ပြီး၎င်းသည် နေအိမ်ဘုရားစင်ဘေးအပေါ် ခေါင်ထုတ်တန်း၌ နိုင်လွန်ကြိုးအစိမ်းရောင်ဖြင့် ကြိုးဆွဲချသေဆုံးနခြေင်း ဖြစ်ကြောင်း သိရှိရသည့်အတွက် ကျိုင်းလပ်နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်ကောင်းမြတ်ထွေး နှင့် တပ်ဖွဲ့ဝင်များ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုင်အင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

သေဆုံးသူသည် မင်္ဂလာဆောင်၌ အရက်အနည်းငယ်သောက်ပြီး ညနေ(၅)နာရီအချိန်တွင် နေအိမ်အတွင်းသို့ ဝင်ရောက်သွားပြီး တံခါးအား အတွင်း၌ ပိတ်ထားကြောင်း၊ ည(၇)နာရီ(၄၅)နာရီဝန်းကျင် အချိန်တွင်၎င်း၏ ဇနီးဖြစ်သူမှာ နေအိမ်တံခါးအား ခေါက်၍ ခေါ်ရာ မရဖြစ်သဖြင့် သေဆုံးသွားသူ၏ အကိုဖြစ်သူမှ လာရောက်၍ နေအိမ်တံခါးအား ဖျက်၍ ဝင်ရောက်ခဲ့ရာတွင် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ သေဆုံးနေသည့် အလောင်းအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် အတွက် ကျိုင်းလပ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးပြီးနောက် ကျိုင်းလပ်နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၈ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~