သီေပါၿမိဳ႕ႏွင့္ စဥ့္အင္တံတားၾကား ကြ်န္းေတာမ်ားအနီး ျဖတ္သန္းသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ခဲျဖင့္ ပစ္ေပါက္မႈမ်ား မၾကာခဏ ျဖစ္ပြားေန

သီေပါၿမိဳ႕ႏွင့္ စဥ့္အင္တံတားၾကား ကြ်န္းေတာမ်ားအနီး ျဖတ္သန္းသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ခဲျဖင့္ ပစ္ေပါက္မႈမ်ား မၾကာခဏ ျဖစ္ပြားေန
မတ် 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး သီေပါၿမိဳ႕ႏွင့္ စဥ့္အင္တံတားအၾကား စံေလာင္းေက်းရြာ ကၽြန္းေတာမ်ား အနီးတြင္ ျဖတ္သန္းသြားလာသည့္ ယာဥ္မ်ားအား ခဲျဖင့္ပစ္ခံရျခင္းမ်ား မၾကာခဏျဖစ္ပြား ေနေသာ္လည္း အဆိုပါ လမ္းေၾကာရွိ သက္ဆိုင္ရာရဲကင္းမ်ားသို႔ တိုင္ၾကားျခင္း၊ အမႈဖြင့္ျခင္းမရွိေၾကာင္း သိရသည္။

“လက္ရွိအခ်ိန္ထိေတာ့ အဲဒီလို ခဲနဲ႔ပစ္ခံရတာမ်ိဳး တိုင္ၾကားထားတာ မရွိေသးဘူး။ ဒီႏွစ္ထဲမွာ အဲဒီလို ကိစၥမ်ိဳးနဲ႔ ပတ္သက္လို႔ တိုင္ၾကား အမႈဖြင့္ရတာလည္း တစ္ခုမွမရွိေသးပါဘူး”ဟု သီေပါၿမိဳ႕မရဲစခန္းမွ တာဝန္မွဴး ရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကၽြန္းေတာမ်ား အနီးတစ္ဝိုက္၌ ညအခ်ိန္ႏွင့္ နံနက္အေစာပိုင္း အာရုဏ္မတက္မီ အခ်ိန္မ်ားတြင္ ျဖတ္သန္း သြားလာေနသည့္ ကုန္တင္ယာဥ္မ်ားႏွင့္ ခရီးသည္တင္ယာဥ္မ်ားအား ခဲျဖင့္ပစ္ျခင္းမ်ား ျပဳလုပ္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

မတ္လ ၂၉ ရက္ေန႔ နံနက္ ၃ နာရီ ဝန္းက်င္ခန္႔ကလည္း သီေပါဘက္မွ လားရႈိးဘက္သို႔ ေမာင္းႏွင္လာၾကသည့္ အားသစ္ ယာဥ္လိုင္းမွ မွန္လံုယာဥ္ ၂ စီးႏွင့္ ထက္ဦး ယာဥ္လိုင္းမွ မွန္လံုယာဥ္ တစ္စီးတို႔အား မ်က္ႏွာခ်င္းဆိုင္မွ လာသည့္ ဆိုင္ကယ္ေပၚမွ ခဲျဖင့္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး မွန္လံုယာဥ္မ်ားမွာ ေရွ႕မွန္ႀကီးမ်ား ကြဲခဲ့ေၾကာင္း သိရသည္။

“အဲဒီကၽြန္းေတာနားမွာ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ေလာက္ကစၿပီး အခုလို ခဲပစ္ခံရတာေတြျဖစ္လာတာ။။ အရင္စစခ်င္းျဖစ္တုန္းက ၁၂ ဘီးယာဥ္(ေခါင္းပိုင္းအျဖဴေရာင္)ေတြကို အဓိကပစ္ခံရတယ္။ ဒီေနာက္ပိုင္းမွာ မွန္လံုယာဥ္ေတြပါ ပစ္ခံရတာေတြျဖစ္လာတယ္” ဟု ျပည္ေထာင္စုလမ္းမႀကီးတြင္ ကုန္တင္ယာဥ္ ေမာင္းႏွင္ေနသူတစ္ဦးက ေျပာသည္။

၂၀၁၇ ခုႏွစ္အတြင္း အဆိုပါ ကၽြန္းေတာေနရာအနီးတြင္ မူးယစ္ေဆးဝါး ျဖန္႔ျဖဴးေရာင္းခ်ျခင္းႏွင့္ စုေပါင္းသံုးစြဲ ျခင္းမ်ားရွိေနသည့္ အတြက္ သက္ဆိုင္ရာရဲတပ္ဖြဲ႔ႏွင့္ နယ္ေျမခံစစ္တပ္တို႔ ပူးေပါင္း၍ ပိတ္ဆို႔ရွာေဖြ ရွင္းလင္းမႈ မ်ားျပဳလုပ္ထားခဲ့ၿပီး အဆိုပါကာလအတြင္း ကားမ်ားအား ခဲျဖင့္ပစ္ခတ္ခံရမႈ အနည္းငယ္ေလ်ာ့သြားခဲ့ေၾကာင္း ျပည္ေထာင္စုလမ္းမႀကီးအား အသံုးျပဳေနသည့္ ယာဥ္ေမာင္းမ်ားထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး သီပေါမြို့နှင့် စဉ့်အင်တံတားအကြား စံလောင်းကျေးရွာ ကျွန်းတောများ အနီးတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များအား ခဲဖြင့်ပစ်ခံရခြင်းများ မကြာခဏဖြစ်ပွား နေသော်လည်း အဆိုပါ လမ်းကြောရှိ သက်ဆိုင်ရာရဲကင်းများသို့ တိုင်ကြားခြင်း၊ အမှုဖွင့်ခြင်းမရှိကြောင်း သိရသည်။

“လက်ရှိအချိန်ထိတော့ အဲဒီလို ခဲနဲ့ပစ်ခံရတာမျိုး တိုင်ကြားထားတာ မရှိသေးဘူး။ ဒီနှစ်ထဲမှာ အဲဒီလို ကိစ္စမျိုးနဲ့ ပတ်သက်လို့ တိုင်ကြား အမှုဖွင့်ရတာလည်း တစ်ခုမှမရှိသေးပါဘူး”ဟု သီပေါမြို့မရဲစခန်းမှ တာဝန်မှူး ရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျွန်းတောများ အနီးတစ်ဝိုက်၌ ညအချိန်နှင့် နံနက်အစောပိုင်း အာရုဏ်မတက်မီ အချိန်များတွင် ဖြတ်သန်း သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များအား ခဲဖြင့်ပစ်ခြင်းများ ပြုလုပ်နကြခြေင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင်ခန့်ကလည်း သီပေါဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာကြသည့် အားသစ် ယာဉ်လိုင်းမှ မှန်လုံယာဉ် ၂ စီးနှင့် ထက်ဦး ယာဉ်လိုင်းမှ မှန်လုံယာဉ် တစ်စီးတို့အား မျက်နှာချင်းဆိုင်မှ လာသည့် ဆိုင်ကယ်ပေါ်မှ ခဲဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မှန်လုံယာဉ်များမှာ ရှေ့မှန်ကြီးများ ကွဲခဲ့ကြောင်း သိရသည်။

“အဲဒီကျွန်းတောနားမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်လောက်ကစပြီး အခုလို ခဲပစ်ခံရတာတွဖြေစ်လာတာ။ အရင်စစချင်းဖြစ်တုန်းက ၁၂ ဘီးယာဉ်(ခေါင်းပိုင်းအဖြူရောင်)တွေကို အဓိကပစ်ခံရတယ်။ ဒီနောက်ပိုင်းမှာ မှန်လုံယာဉ်တွေပါ ပစ်ခံရတာတွဖြေစ်လာတယ်” ဟု ပြည်ထောင်စုလမ်းမကြီးတွင် ကုန်တင်ယာဉ် မောင်းနှင်နေသူတစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း အဆိုပါ ကျွန်းတောနေရာအနီးတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းနှင့် စုပေါင်းသုံးစွဲ ခြင်းများရှိနေသည့် အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် နယ်မြေခံစစ်တပ်တို့ ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေ ရှင်းလင်းမှု များပြုလုပ်ထားခဲ့ပြီး အဆိုပါကာလအတွင်း ကားများအား ခဲဖြင့်ပစ်ခတ်ခံရမှု အနည်းငယ်လျော့သွားခဲ့ကြောင်း ပြည်ထောင်စုလမ်းမကြီးအား အသုံးပြုနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~