သီေပါၿမိဳ႕ ကုန္းသာေက်းရြာဘုန္းႀကီးေက်ာင္းအနီးတြင္ ေတြ႔ရသည့္ ပုတ္ပြေသဆံုး အေလာင္းႏွင့္ ပတ္သက္၍ သံသယရွိသူအား ဖမ္းဆီးစစ္ေဆးေန

သီေပါၿမိဳ႕ ကုန္းသာေက်းရြာဘုန္းႀကီးေက်ာင္းအနီးတြင္ ေတြ႔ရသည့္ ပုတ္ပြေသဆံုး အေလာင္းႏွင့္ ပတ္သက္၍ သံသယရွိသူအား ဖမ္းဆီးစစ္ေဆးေန
မတ် 21, 2018
By Tachileik News Agency

သီေပါၿမိဳ႕နယ္ ကုန္းသာေက်းရြာဘုန္းႀကီးေက်ာင္းအနီးတြင္ မတ္လ(၂၀)ရက္ေန႔က ေတြ႔ရွိရသည့္ ပုတ္ပြေသဆံုး အေလာင္းတစ္ေလာင္းႏွင့္ ပတ္သက္၍ သံသယရွိသူ အသက္(၆၅)ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးအား ရဲတပ္ဖြဲ႔မွ ဖမ္းဆီးထားၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

“အေလာင္းေတြ႔ေတာ့ စစ္ေဆးစံုစမ္းတာေတြလုပ္ၿပီး ပစ္မႈက်ဴးလြန္သူလို႔ ယူဆရတဲ့ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီး ရမိထားပါတယ္၊ ေလာေလာဆယ္ေတာ့ လူသတ္မႈနဲ႔ အမႈဖြင့္အေရးယူ စစ္ေဆးေနပါတယ္” ဟု သီေပါၿမိဳ႕မရဲတပ္ဖြဲ႔မွ နယ္ထိန္းတပ္ဖြဲ႔ေခါင္းေဆာင္ ရဲအုပ္ရဲျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

သီေပါၿမိဳ႕နယ္ကုန္းသာေက်းရြာရွိ ကုန္းသာဘုန္းေတာ္ႀကီးေက်ာင္းအနီး ေတာလမ္းနံေဘးမွ နာနတ္စိုက္ခင္း တစ္ခုတြင္ ပုတ္ပြေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းအား မတ္လ ၂၀ ရက္ေန႔တြင္ ေဒသခံတစ္ဦး မွ ေတြ႔ရွိခဲ့သည့္အတြက္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“အေလာင္းက နာနတ္ခင္းထဲမွာ ပက္လက္ အေနအထားေပါ့၊ ပုတ္ပြေနတဲ့ အေျခအေနျဖစ္ေနၿပီ၊ သက္ဆိုင္ရာက စစ္ေဆးမႈလုပ္ၿပီးတဲ့ေနာက္ သီေပါျပည္သူ႔ေဆးရံုႀကီး ရင္ခြဲရံုဌာနကို ပို႔ေဆာင္ေပးထားပါတယ္” ဟု နယ္စည္းမျခားပရဟိတအသင္း (သီေပါ) မွ ကိုမ်ိဳးက တာခ်ီလိတ္သတင္း ေအဂ်င္စီ သုိ႔ေျပာသည္။

အဆိုပါ ပုတ္ပြေသဆံုးေနသူႏွင့္ ပတ္သက္၍ လူသတ္မႈျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရွိရၿပီး လူသတ္မႈ က်ဴးလြန္သူဟု ယူဆရသည့္ အသက္ ၆၅ ႏွစ္အရြယ္ ဦးလံုးဆာ (နမ့္လန္ၿမိဳ႕တြင္ေနထိုင္သူ) ဟု ကနဦး သိရွိရၿပီး အေလာင္းေတြ႔ရွိသည့္ ေန႔တြင္ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ျပစ္မႈတြင္ ပါဝင္ ပတ္သက္ေနသည္ဟု ယူဆရသူအား တစ္ပါတည္း ရွာေဖြဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူဟု ယူဆရသည့္ အဆိုပါ အမ်ိဳးသားအား သီေပါၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၃/၂၀၁၈ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

သီပေါမြို့နယ် ကုန်းသာကျေးရွာဘုန်းကြီးကျောင်းအနီးတွင် မတ်လ(၂၀)ရက်နေ့က တွေ့ရှိရသည့် ပုတ်ပွသေဆုံး အလောင်းတစ်လောင်းနှင့် ပတ်သက်၍ သံသယရှိသူ အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

“အလောင်းတွေ့တော့ စစ်ဆေးစုံစမ်းတာတွေလုပ်ပြီး ပစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီး ရမိထားပါတယ်၊ လောလောဆယ်တော့ လူသတ်မှုနဲ့ အမှုဖွင့်အရေးယူ စစ်ဆေးနေပါတယ်” ဟု သီပေါမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

သီပေါမြို့နယ်ကုန်းသာကျေးရွာရှိ ကုန်းသာဘုန်းတော်ကြီးကျောင်းအနီး တောလမ်းနံဘေးမှ နာနတ်စိုက်ခင်း တစ်ခုတွင် ပုတ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းအား မတ်လ ၂၀ ရက်နေ့တွင် ဒေသခံတစ်ဦး မှ တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလောင်းက နာနတ်ခင်းထဲမှာ ပက်လက် အနေအထားပေါ့၊ ပုတ်ပွနေတဲ့ အခြေအနဖြေစ်နပြေီ၊ သက်ဆိုင်ရာက စစ်ဆေးမှုလုပ်ပြီးတဲ့နောက် သီပေါပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနကို ပို့ဆောင်ပေးထားပါတယ်” ဟု နယ်စည်းမခြားပရဟိတအသင်း (သီပေါ) မှ ကိုမျိုးက တာချီလိတ်သတင်း အေဂျင်စီ သို့ပြောသည်။

အဆိုပါ ပုတ်ပွသေဆုံးနေသူနှင့် ပတ်သက်၍ လူသတ်မှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လူသတ်မှု ကျူးလွန်သူဟု ယူဆရသည့် အသက် ၆၅ နှစ်အရွယ် ဦးလုံးဆာ (နမ့်လန်မြို့တွင်နေထိုင်သူ) ဟု ကနဦး သိရှိရပြီး အလောင်းတွေ့ရှိသည့် နေ့တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြစ်မှုတွင် ပါဝင် ပတ်သက်နေသည်ဟု ယူဆရသူအား တစ်ပါတည်း ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူဟု ယူဆရသည့် အဆိုပါ အမျိုးသားအား သီပေါမြို့မရဲစခန်းတွင် (ပ) ၄၃/၂၀၁၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~