တာချီလိတ်ရှိ ဆေးဖြတ်စခန်းမှ ဆေးဖြတ်သင်တန်းသားများ အသက်မွေးဝမ်းကြောင်းအဖြစ် သံပန်းသံတခါး အတတ်ပညာ တတ်မြောက်ရန် ရွှေတြိဂံဒေသ လူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ စက်ပစ္စည်း ပံ့ပိုးပေးမည်

တာချီလိတ်ရှိ ဆေးဖြတ်စခန်းမှ ဆေးဖြတ်သင်တန်းသားများ အသက်မွေးဝမ်းကြောင်းအဖြစ် သံပန်းသံတခါး အတတ်ပညာ တတ်မြောက်ရန် ရွှေတြိဂံဒေသ လူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ စက်ပစ္စည်း ပံ့ပိုးပေးမည်
မတ် 26, 2018
By Tachileik News Agency

တာချီလိတ်မြို့ရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ဆေးဖြတ် သင်တန်းသားများ အသက်မွေးဝမ်းကြောင်း ပညာအနေဖြင့် သံပန်းသံတခါး အတတ်ပညာ တတ်မြောက်ရန်အတွက် ရွှေတြိဂံဒေသ လူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ သံပန်းသံတခါးလုပ်ငန်းအတွက် လိုအပ်သည့် စက်ပစ္စည်းများ ပံ့ပိုးပေးနိုင်ရန် မတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ဆေးဖြတ်စခန်းသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆေးဖြတ်စခန်းရှိ ဆေးဖြတ်သင်တန်းသားများအား အသက်မွေးဝမ်းကြောင်းအတွက် ထောက်ပံ့ ပေးနိုင်ရန် ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေး အဖွဲ့ အနေဖြင့် စက်ဘီးစီးသမား(၇)ဦးမှ ခရီးရှည်စက်ဘီးစီးကာ ရန်ပုံငွေရှာဖွေခဲ့ကြရာမှ အလှူငွေစုစုပေါင်း ကျပ်သိန်းပေါင်း (၂၄၄)သိန်းကျော်ရရှိထားရာ အဆိုပါ ငွေများထဲက ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရရှိထားတဲ့ ရံပုံငွေတွေကို အလှူရှင်တွေလည်း အကျိုးရှိရှိ လှူတာမျိုး ဖြစ်စေချင်တဲ့အတွက် ဆေးဖြတ်သင်တန်းသားတွေကို အသက်မွေးဝမ်းကြောင်း ပညာ တစ်ခုခု တတ်သွားဖို့ အခု ကျွန်တော်တို့ သံပန်း သံတခါး လုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ ပံ့ပိုးပေးဖို့အတွက် ပစ္စည်းတွေ ၀ယ်မဲ့ကိစ္စရယ်၊  စက်ပစ္စည်းတွေထားဖို့အတွက် အခန်းကို ပြုလုပ်ပေးဖို့ရယ် သွားရောက်ကြည့်ခဲ့ပါတယ်၊ သံပန်း ပညာကိုတော့ ဦးတင့်ဆွေရဲ့ အသိမိတ်ဆွေက အခမဲ့ သင်ကြားပေးသွားမယ်လို့ ပြောပါတယ်၊ စက်ပစ္စည်းတွေကို မယ်ဆိုင်ကနေ ဈေးသက်သက် သာသာနဲ့ ၀ယ်ယူဖို့ စီစဉ်ထားပါတယ်"ဟု  ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ ဦးတင်ဝင်းက ပြောသည်။


"အခု ဆေးဖြတ်စခန်းမှာ ဆေးပြတ်သွားလို့ နေရပ်ဖြစ်တဲ့ ရန်ကုန်ကို ပြန်ချင်တဲ့ (၂)ဦးရှိနေတယ်၊ ဒီမှာနေရင် ဆေးပြန်သုံးမိမှာဆိုးလို့ သူတို့ကိုယ်တိုင်ကလည်း ပြန်ချင်တယ်လို့ ပြောလာလို့ သူတို့ ပြန်ဖို့အတွက် လမ်းစရိတ်ကိုလည်း ကျွန်တော်တို့အနေနဲ့ ကူညီပေးသွားဖို့လည်း စီစဉ်ထားပါတယ်၊ "ဟု  ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ ဦးတင်ဝင်းက ပြောသည်။



ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တစ်ခုတည်းသော ဆေးဖြတ်စခန်းကို မိုင်းကိုး ပြည်သူ့စစ်အဖွဲ့က မြေနေရာလှူဒါန်းထားသည့်  ရန်ကုန်ရွာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မိုင်းကိုးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျလော၏ မတည်ထောက်ပံ့ငွေနှင့် မူးယစ်ဆေးဖြတ်လိုသူများ၏ စရိတ်ထည့်ဝင်ငွေ ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပံ့ပိုးငွေတို့ဖြင့် ရပ်တည်နေသည့် ရပ်ရွာအခြေပြု ကိုယ့်အားကိုယ်ကိုး ဆေးဖြတ်စခန်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ဆေးဖြတ် သင်တန်းသားများ အသက်မွေးဝမ်းကြောင်း ပညာအနဖြေင့် သံပန်းသံတခါး အတတ်ပညာ တတ်မြောက်ရန်အတွက် ရွှတြေိဂံဒေသ လူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ သံပန်းသံတခါးလုပ်ငန်းအတွက် လိုအပ်သည့် စက်ပစ္စည်းများ ပံ့ပိုးပေးနိုင်ရန် မတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ဆေးဖြတ်စခန်းသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆေးဖြတ်စခန်းရှိ ဆေးဖြတ်သင်တန်းသားများအား အသက်မွေးဝမ်းကြောင်းအတွက် ထောက်ပံ့ ပေးနိုင်ရန် ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေး အဖွဲ့ အနဖြေင့် စက်ဘီးစီးသမား(၇)ဦးမှ ခရီးရှည်စက်ဘီးစီးကာ ရန်ပုံငွေရှာဖွေခဲ့ကြရာမှ အလှူငွေစုစုပေါင်း ကျပ်သိန်းပေါင်း (၂၄၄)သိန်းကျော်ရရှိထားရာ အဆိုပါ ငွေများထဲက ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရရှိထားတဲ့ ရံပုံငွေတွေကို အလှူရှင်တွေလည်း အကျိုးရှိရှိ လှူတာမျိုး ဖြစ်စေချင်တဲ့အတွက် ဆေးဖြတ်သင်တန်းသားတွေကို အသက်မွေးဝမ်းကြောင်း ပညာ တစ်ခုခု တတ်သွားဖို့ အခု ကျွန်တော်တို့ သံပန်း သံတခါး လုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ ပံ့ပိုးပေးဖို့အတွက် ပစ္စည်းတွေ ဝယ်မဲ့ကိစ္စရယ်၊ စက်ပစ္စည်းတွေထားဖို့အတွက် အခန်းကို ပြုလုပ်ပေးဖို့ရယ် သွားရောက်ကြည့်ခဲ့ပါတယ်၊ သံပန်း ပညာကိုတော့ ဦးတင့်ဆွေရဲ့ အသိမိတ်ဆွေက အခမဲ့ သင်ကြားပေးသွားမယ်လို့ ပြောပါတယ်၊ စက်ပစ္စည်းတွေကို မယ်ဆိုင်ကနေ ဈေးသက်သက် သာသာနဲ့ ဝယ်ယူဖို့ စီစဉ်ထားပါတယ်"ဟု ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ ဦးတင်ဝင်းက ပြောသည်။

ဆေးဖြတ်စခန်းတွင် ဆေးပြတ်သွားပြီး နယ်သို့ ပြန်လိုသော်လည်း လမ်းစရိတ်အခက်အခဲဖြစ်နေသူ (၂)ဦးအား နေရပ်ပြန်နိုင်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အခု ဆေးဖြတ်စခန်းမှာ ဆေးပြတ်သွားလို့ နေရပ်ဖြစ်တဲ့ ရန်ကုန်ကို ပြန်ချင်တဲ့ (၂)ဦးရှိနေတယ်၊ ဒီမှာနေရင် ဆေးပြန်သုံးမိမှာဆိုးလို့ သူတို့ကိုယ်တိုင်ကလည်း ပြန်ချင်တယ်လို့ ပြောလာလို့ သူတို့ ပြန်ဖို့အတွက် လမ်းစရိတ်ကိုလည်း ကျွန်တော်တို့အနေနဲ့ ကူညီပေးသွားဖို့လည်း စီစဉ်ထားပါတယ်၊ "ဟု ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ ဦးတင်ဝင်းက ပြောသည်။

ဆေးဖြတ်စခန်းတွင် လက်ရှိ၌ ဆေးဖြတ်သင်တန်းသား (၇၀)ဦးရှိနေရာ အဆိုပါ (၇၀)ဦးထဲမှ သံပန်းသံတံခါးအတတ်ပညာကို စိတ်ပါဝင်စားသူအား ရွေးချယ်၍ သင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"စက်ပစ္စည်းတွေလည်း ရှိလာတော့မယ်ဆိုတော့ သူတို့တွေကို တာချီလိတ်က TCL မှန်အလူမီနီယံ သံပန်းသံတခါး လုပ်ငန်းမှ ကိုဇော်မျိုးနဲ့အဖွဲ့က အခမဲ့ သင်ကြားပေးသွားဖို့ ပြောထားပြီးပါပြီ၊ ဒီဆေးဖြတ်စခန်းကနေ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခု တတ်မြောက်သွားဖို့အတွက် အားလုံးပါဝင် လုပ်ဆောင်ကြတဲ့ သဘောပါ"ဟု အဆိုပါ ဆေးဖြတ်စခန်းသို့ ဆေးဖြတ်လိုသူများအား ကူညီ ပို့ဆောင်ပေးနေသူ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တစ်ခုတည်းသော ဆေးဖြတ်စခန်းကို မိုင်းကိုး ပြည်သူ့စစ်အဖွဲ့က မြေနေရာလှူဒါန်းထားသည့် ရန်ကုန်ရွာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မိုင်းကိုးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျလော၏ မတည်ထောက်ပံ့ငွေနှင့် မူးယစ်ဆေးဖြတ်လိုသူများ၏ စရိတ်ထည့်ဝင်ငွေ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပံ့ပိုးငွေတို့ဖြင့် ရပ်တည်နေသည့် ရပ်ရွာအခြပြေု ကိုယ့်အားကိုယ်ကိုး ဆေးဖြတ်စခန်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~