တာခ်ီလိတ္ေဆးရံုတြင္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ အႀကိတ္အဖု၊ လည္ပင္းႀကီးႏွင့္ မီးေလာင္ဒဏ္ရာရ လူနာ (၉၅)ဦးအား (၇) ရက္အတြင္း အခမဲ့ ခြဲစိတ္ေပးထား

တာခ်ီလိတ္ေဆးရံုတြင္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ အႀကိတ္အဖု၊ လည္ပင္းႀကီးႏွင့္ မီးေလာင္ဒဏ္ရာရ လူနာ (၉၅)ဦးအား (၇) ရက္အတြင္း အခမဲ့ ခြဲစိတ္ေပးထား
မတ် 4, 2018
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုတြင္ ဂ်ာမဏီႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံမွ ဆရာဝန္မ်ား ပါဝင္သည့္ အဖြဲ႔က ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ အႀကိတ္အဖု၊ လည္ပင္းႀကီးႏွင့္ မီးေလာင္ဒဏ္ရာရ လူနာမ်ားအား အခမဲ့ ခြဲစိတ္ကုသေပးေနရာ (၇)ရက္ေျမာက္ေန႔ျဖစ္သည့္ မတ္လ (၄)ရက္ေန႔တြင္ လူနာစုစုေပါင္း (၉၅)ဦးကို ခြဲစိတ္ေပးၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ခြဲစိတ္မႈအား ေဖေဖာ္၀ါရီလ(၂၆)ရက္ေန႔က စ၍ စတင္ ခြဲစိတ္ကုသေပးေနျခင္းျဖစ္ၿပီး မတ္လ(၇)ရက္ေန႔ အထိ ခြဲစိတ္ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မနက္ျဖန္ဆိုရင္ စာရင္းပိတ္ၿပီ။ ေနာက္ထပ္လူနာအသစ္ လက္မခံေတာ့ဘူး။ အခု ခြဲဖို႔ ရက္ သတ္မွတ္ေပးထားတဲ့ လူနာေတြကိုပဲ ခြဲေပးေတာ့မယ္။ တစ္ေန႔ကို လူနာက (၁၀)ေယာက္ေက်ာ္ေလာက္ ရိွတယ္။ နမ့္ခမ္းက စာရင္းေပးထားၿပီး ေလယာဥ္လက္မွတ္မရလို႔ မလာရေသးတဲ့ တစ္ေယာက္ကလြဲရင္ မနက္ျဖန္ကစၿပီး လူနာလက္ခံတာ စာရင္းပိတ္ၿပီ”ဟု လူနာမ်ားအား ကူညီေပးေနသည့္ လူမႈကူညီေရး အဖြဲ႕တစ္ခုျဖစ္သည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အခမဲ့ ခြဲစိတ္ကုသမႈအတြက္ ရပ္ေဝးမွ ခြဲစိတ္ကုသမႈခံယူလာသည့္ လူနာမ်ားအား ေနထိုင္ စားေသာက္ေရးအတြက္ လူမႈေရးအသင္းအဖြဲ႕၊ အလွဴရွင္မ်ား၊ ႏုိင္ငံေရးပါတီမ်ား၊ မိခင္ႏွင့္ကေလး အသင္းတို႔က ကူညီေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရပ္ေဝးမွ လာေရာက္ခြဲစိတ္ကုသမႈ ခံယူသူမ်ားအား  တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္တြင္းရွိ ေဂၚရခါးမဂၢရိပ္သာဓမၼာရံုတြင္ တည္းခိုေနထိုင္ရန္ စီစဥ္ေပးထားၿပီး လူနာမ်ား အတြက္ အစားအေသာက္ ခ်က္ျပဳတ္ျခင္းကို ပါလွ်ံ(၃)ဆြမ္းေလာင္းအသင္းက တာဝန္ယူထားၿပီး ဆရာဝန္မ်ားအတြက္ ေန႔လယ္စာကို ဗယ္လင္တုိင္း ႏွင့္ ႏိုင္းႏိုင္း  စားေသာက္ဆိုင္က တာဝန္ယူေပးထားေၾကာင္း သိရသည္။

ခြဲစိတ္ကုသေနစဥ္အတြင္း လူနာမ်ားအတြက္ အေရးေပၚေသြးမ်ား လိုအပ္လာသည့္အခါ အဆင္သင့္ အသံုးျပဳႏိုင္ရန္အတြက္ မည္သည့္ေသြးအမ်ဳိးအစားမဆို လွဴဒါန္းလိုသူမ်ားအေနျဖင့္ ႀကိဳတင္၍ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ လာေရာက္လွဴဒါန္းႏိုင္ေၾကာင္းလည္း အသိေပးထားရွိသည္။

က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျမန္မာႏိုင္ငံစားဖိုမွဴးမ်ားအသင္း ႏွင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း ပရဟိအဖြဲ႔မ်ားမွ ပူးေပါင္းေဆာင္ရြက္သည့္ ဂ်ာမဏီႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံမွ ဆရာ၀န္ႀကီးမ်ားျဖင့္  ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ အႀကိတ္အဖု၊ လည္ပင္းႀကီး ႏွင့္ မီးေလာင္ဒဏ္ရာရ လူနာမ်ားအား အခမဲ့ ခြဲစိတ္ကုသေပးမႈ အျဖစ္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၆)ရက္ေန႔တြင္ စတင္ခဲ့ၿပီး  မတ္လ(၇)ရက္ေန႔အထိ အခမဲ့ ခြဲစိတ္ကုသေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ကလ်ာဏမိတၱ ရွင္မႈကူညီေရးအသင္း ၊ ကိုေနမ်ဳိး၊ UTS 


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဂျာမဏီနိုင်ငံနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပါဝင်သည့် အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီးနှင့် မီးလောင်ဒဏ်ရာရ လူနာများအား အခမဲ့ ခွဲစိတ်ကုသပေးနေရာ (၇)ရက်မြောက်နေ့ဖြစ်သည့် မတ်လ (၄)ရက်နေ့တွင် လူနာစုစုပေါင်း (၉၅)ဦးကို ခွဲစိတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်မှုအား ဖေဖော်ဝါရီလ(၂၆)ရက်နေ့က စ၍ စတင် ခွဲစိတ်ကုသပေးနခြေင်းဖြစ်ပြီး မတ်လ(၇)ရက်နေ့ အထိ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန်ဆိုရင် စာရင်းပိတ်ပြီ။ နောက်ထပ်လူနာအသစ် လက်မခံတော့ဘူး။ အခု ခွဲဖို့ ရက် သတ်မှတ်ပေးထားတဲ့ လူနာတွေကိုပဲ ခွဲပေးတော့မယ်။ တစ်နေ့ကို လူနာက (၁၀)ယောက်ကျော်လောက် ရှိတယ်။ နမ့်ခမ်းက စာရင်းပေးထားပြီး လေယာဉ်လက်မှတ်မရလို့ မလာရသေးတဲ့ တစ်ယောက်ကလွဲရင် မနက်ဖြန်ကစပြီး လူနာလက်ခံတာ စာရင်းပိတ်ပြီ”ဟု လူနာများအား ကူညီပေးနေသည့် လူမှုကူညီရေး အဖွဲ့တစ်ခုဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အခမဲ့ ခွဲစိတ်ကုသမှုအတွက် ရပ်ဝေးမှ ခွဲစိတ်ကုသမှုခံယူလာသည့် လူနာများအား နေထိုင် စားသောက်ရေးအတွက် လူမှုရေးအသင်းအဖွဲ့၊ အလှူရှင်များ၊ နိုင်ငံရေးပါတီများ၊ မိခင်နှင့်ကလေး အသင်းတို့က ကူညီဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

ရပ်ဝေးမှ လာရောက်ခွဲစိတ်ကုသမှု ခံယူသူများအား တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင်းရှိ ဂေါ်ရခါးမဂ္ဂရိပ်သာဓမ္မာရုံတွင် တည်းခိုနေထိုင်ရန် စီစဉ်ပေးထားပြီး လူနာများ အတွက် အစားအသောက် ချက်ပြုတ်ခြင်းကို ပါလျှံ(၃)ဆွမ်းလောင်းအသင်းက တာဝန်ယူထားပြီး ဆရာဝန်များအတွက် နေ့လယ်စာကို ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း စားသောက်ဆိုင်က တာဝန်ယူပေးထားကြောင်း သိရသည်။

ခွဲစိတ်ကုသနေစဉ်အတွင်း လူနာများအတွက် အရေးပေါ်သွေးများ လိုအပ်လာသည့်အခါ အဆင်သင့် အသုံးပြုနိုင်ရန်အတွက် မည်သည့်သွေးအမျိုးအစားမဆို လှူဒါန်းလိုသူများအနဖြေင့် ကြိုတင်၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံစားဖိုမှူးများအသင်း နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ပရဟိအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်သည့် ဂျာမဏီနိုင်ငံနှင့် မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာရ လူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမှု အဖြစ် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် စတင်ခဲ့ပြီး မတ်လ(၇)ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကလျာဏမိတ္တ ရှင်မှုကူညီရေးအသင်း၊ ကိုနေမျိုး၊ UTS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~