တာချီလိတ်မြို့ပြင် ရပ်ကွက်/ကျေးရွာများတွင် ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်း (၃)နာရီဝန်းကျင်အကြာ လျှပ်စစ်မီး ဖြတ်တောက်မည်

တာချီလိတ်မြို့ပြင် ရပ်ကွက်/ကျေးရွာများတွင် ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်း (၃)နာရီဝန်းကျင်အကြာ လျှပ်စစ်မီး ဖြတ်တောက်မည်
မတျ 31, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပြင်ရပ်ကွက် နှင့် ကျေးရွာများတွင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းမည်ဖြစ်သည့် အတွက် ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်မီး (၃)နာရီဝန်းကျင် ခေတ္တ ဖြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၂)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအချိန်အထိ အချိန်(၃)နာရီဝန်းကျင်အကြာအထိ တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှ စ၍ ရန်အောင်မြေ၊ ဝိန်းကျောက်၊ ပါဆတ်၊ ဆေခမ်း စသည့် ရပ်ကွက်များအပြင်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု နှင့် မိုင်းဖုန်း(က)(ခ)ကျေးရွာအတွင်း ပါဆာကျေးရွာအထိ လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်းအမြန်ဆုံး ပြီးပါက စောလျင်စွာလည်း လွတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်တိုင် အပါအဝင် လျှပ်စစ်မီးကြိုးများ နှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းရာ၌ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရန်အတွက် လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~