ျမန္မာတစ္ႏိုင္ငံလံုးအေနျဖင့္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုရန္ (၈)သိန္းေက်ာ္ စာရင္းရိွသည့္ အနက္ (၇)သိန္းေက်ာ္ ေျဖဆို

ျမန္မာတစ္ႏိုင္ငံလံုးအေနျဖင့္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုရန္ (၈)သိန္းေက်ာ္ စာရင္းရိွသည့္ အနက္ (၇)သိန္းေက်ာ္ ေျဖဆို
မတ် 7, 2018
By Tachileik News Agency

၂၀၁၈ခုနွစ္ တကၠသိုလ္ဝင္စာေမးပဲြအား ႏုိင္ငံျခားစာစစ္ဌာန အပါအဝင္ တစ္ႏုိင္ငံလံုးရိွ စာစစ္ဌာနမ်ားတြင္ ေျဖဆိုရန္ စာရင္းေပးသူ (၈)သိန္းေက်ာ္ရိွသည့္ အနက္ ေျဖဆိုသူဦးေရ (၇)သိန္းေက်ာ္ရိွေၾကာင္း သိရသည္။

တကၠသို္လ္ဝင္စာေမးပြဲေျဖဆုိရန္ စာရင္းရိွေက်ာင္းသားဦးေရမွာ ေက်ာင္းသူဦးေရ (၄၇၅,၉၈၁)ဦးႏွင့္ ေက်ာင္းသားဦးေရ (၃၆၈,၃၇၇)ဦး စုစုေပါင္း (၈၄၄,၃၅၈)ဦးရိွသည့္အနက္ လာေရာက္ေျဖဆိုသူဦးေရမွာ ေက်ာင္းသူဦးေရ (၄၅၂,၆၄၄)ႏွင့္ ေက်ာင္းသားဦးေရ (၃၃၆,၂၁၉)ဦး စုစုေပါင္း(၇၈၈,၈၆၃)ဦးရိွေၾကာင္း သိရသည္။

စာေမးပြဲေျဖဆိုရန္ စာရင္းရိွႏွင့္ ေျဖဆိုသူစာရင္း ရာခုိင္ႏႈန္းအရ စာေမးပြဲေျဖဆိုမႈ ရာခုိင္ႏႈန္း အနည္းဆံုးမွာ (၈၆.၅၉) ရာခုိင္ႏႈန္းရိွသည့္ ခ်င္းျပည္နယ္ျဖစ္ၿပီး ဒုတိယအနည္းဆံုးမွာ (၈၇.၇၈) ရာခိုင္ႏႈန္းရိွသည့္ ရခုိင္ျပည္နယ္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ေျဖဆုိရန္ စာရင္းရိွ (၅,၂၅၄)ဦးအနက္ ေျဖဆိုသူ(၄,၈၄၁)ဦး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ေျဖဆိုရန္ စာရင္းရိွ (၃၂,၆၉၅)ဦးအနက္ ေျဖဆိုသူ(၃၁,၈၈၀)ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ေျဖဆိုရန္ စာရင္းရိွ (၁၇,၅၈၂)ဦးအနက္ ေျဖဆိုသူ(၁၆၄၉၈)ဦး အသီးသီးရိွေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲအား မတ္လ (၇)ရက္ေန႔မွစ၍ မတ္လ ( ၁၆ )ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္သည္။

သတင္း - ဇာႏွင္း




~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုရန် စာရင်းပေးသူ (၈)သိန်းကျော်ရှိသည့် အနက် ဖြေဆိုသူဦးရေ (၇)သိန်းကျော်ရှိကြောင်း သိရသည်။

တက္ကသို်လ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိကျောင်းသားဦးရေမှာ ကျောင်းသူဦးရေ (၄၇၅,၉၈၁)ဦးနှင့် ကျောင်းသားဦးရေ (၃၆၈,၃၇၇)ဦး စုစုပေါင်း (၈၄၄,၃၅၈)ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူဦးရေမှာ ကျောင်းသူဦးရေ (၄၅၂,၆၄၄)နှင့် ကျောင်းသားဦးရေ (၃၃၆,၂၁၉)ဦး စုစုပေါင်း(၇၈၈,၈၆၃)ဦးရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရန် စာရင်းရှိနှင့် ဖြေဆိုသူစာရင်း ရာခိုင်နှုန်းအရ စာမေးပွဲဖြေဆိုမှု ရာခိုင်နှုန်း အနည်းဆုံးမှာ (၈၆.၅၉) ရာခိုင်နှုန်းရှိသည့် ချင်းပြည်နယ်ဖြစ်ပြီး ဒုတိယအနည်းဆုံးမှာ (၈၇.၇၈) ရာခိုင်နှုန်းရှိသည့် ရခိုင်ပြည်နယ်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဖြေဆိုရန် စာရင်းရှိ (၅,၂၅၄)ဦးအနက် ဖြေဆိုသူ(၄,၈၄၁)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဖြေဆိုရန် စာရင်းရှိ (၃၂,၆၉၅)ဦးအနက် ဖြေဆိုသူ(၃၁,၈၈၀)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြေဆိုရန် စာရင်းရှိ (၁၇,၅၈၂)ဦးအနက် ဖြေဆိုသူ(၁၆၄၉၈)ဦး အသီးသီးရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၇)ရက်နေ့မှစ၍ မတ်လ ( ၁၆ )ရက်နေ့အထိ ကျင်းပနခြေင်းဖြစ်သည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~