တာချီလိတ်တွင် အလယ်တန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်း

တာချီလိတ်တွင် အလယ်တန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်း
မတျ 30, 2018
By Tachileik News Agency


အဆိုပါ သင်တန်းကို တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ဖွင့်လှစ်ရာ သံဃာတော် (၅)ပါးနှင့် လူပုဂ္ဂိုလ်(၂၅)ဦး တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းဆင်းပွဲတွင် တာချီလိတ်မြို့နယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း နာယက ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် သြ၀ါဒါစရိယ ဒေါက်တာ ဘဒ္ဒန္တ၀ိရောစန၏ ၀မ်းမြောက်ဖွယ် သြ၀ါဒစကားအား လက်ထောက်ဆရာတော် ဘဒ္ဒန္တဦးတိဿက ဖိတ်ကြားမိန့်တော်မူသည်။

ဆက်လက်၍ မြို့နယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယ က အမှာစကားမိန့်ကြားတော်မူပြီးနောက်  သင်တန်းနည်းပြဆရာ ဦးဇော်ဝင်းထွန်းက  သင်တန်း ဆိုင်ရာ များအား ရှင်းလင်း လျှောက်ထားကြောင်းနှင့် သင်တန်းသားများ အားလုံး ကိုယ်စား ဦးအောင်မျိုးဟိန်းက ကျေးဇူးတင်စကား ပြောကြားပြီး အဆိုပါ သင်တန်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒိမာဝံသက နိဂုံးချုပ်အမှာစကားမြွက်ကြားတော်မူကြောင်း သိရသည်။


သတင်း - ဝေယံလင်း
ဓါတ်ပုံ - ယာဆေး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းတော်ပေါင်း (၁၅) ကျောင်းတွင် လိုအပ်လျက်ရှိသော အလယ်တန်းအဆင့် ဓမ္မစကူးလ်ဆရာများအတွက် (၇)ရက်ကြာ သင်တန်းဖွင့်လှစ်ခဲ့သည့် သင်တန်းမှ မတ်လ (၂၉)ရက်နေ့က သင်တန်းဆင်းကြောင်း သိရသည်။

အဆိုပါ သင်တန်းကို တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိေဝဠုဝန်ကျောင်းတိုက်၌ ဖွင့်လှစ်ရာ သံဃာတော် (၅)ပါးနှင့် လူပုဂ္ဂိုလ်(၂၅)ဦး တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်၊ သံဃာတော်များ၊ ဆရာ၊ ဆရာမများကို ဓမ္မစကူး အလယ်တန်းအဆင့် သင်ကြားနိုင်ရန် ဖွင့်လှစ် ပေးခြင်းဖြစ်ပြီး အဆိုပါ သင်တန်းမှာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ (၁၁၆)ကြိမ်မြောက်နှင့် မြို့နယ်အဆင့် ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် တာချီလိတ်မြို့နယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း နာယက ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတို်က် ဆရာတော် သြဝါဒါစရိယ ဒေါက်တာ ဘဒ္ဒန္တဝိရောစန၏ ဝမ်းမြောက်ဖွယ် သြဝါဒစကားအား လက်ထောက်ဆရာတော် ဘဒ္ဒန္တဦးတိဿက ဖိတ်ကြားမိန့်တော်မူသည်။

ဆက်လက်၍ မြို့နယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယ က အမှာစကားမိန့်ကြားတော်မူပြီးနောက် သင်တန်းနည်းပြဆရာ ဦးဇော်ဝင်းထွန်းက သင်တန်း ဆိုင်ရာ များအား ရှင်းလင်း လျှောက်ထားကြောင်းနှင့် သင်တန်းသားများ အားလုံး ကိုယ်စား ဦးအောင်မျိုးဟိန်းက ကျေးဇူးတင်စကား ပြောကြားပြီး အဆိုပါ သင်တန်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌေဝဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒိမာဝံသက နိဂုံးချုပ်အမှာစကားမြွက်ကြားတော်မူကြောင်း သိရသည်။

သင်တန်းတွင် အဖက်ဖက်က လှူဒါန်းကူညီဆောင်ရွက်ပေးသူများ နှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများလည်း ပေးအပ်ကြောင်း သိရှိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~