ထိုင်းနိုင်ငံနယ်စပ်မှ ဝင်ရောက်လာသည့် ငွေစက္ကူအတုများ ဒလတွင် တွေ့ရှိ

ထိုင်းနိုင်ငံနယ်စပ်မှ ဝင်ရောက်လာသည့် ငွေစက္ကူအတုများ ဒလတွင် တွေ့ရှိ
မတျ 11, 2018
By Tachileik News Agency


ဒလမြို့နယ် ဗညားဒလရပ်ကွက်ရှိ ကမ္ဘောဇဘဏ်သို့ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၉ ) ရက်နေ့တွင် လူ(၉)ဦးပါသည့် အဖွဲ့က ငွေလာရောက်အပ်နှံရာမှ ကျပ်တစ်သောင်းတန် ငွေစက္ကူ (၉)ရွက်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူ (၂)ရွက်တို့ကို စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း နှင့် ညနေ (၃)နာရီခွဲ အချိန်တွင် ဘဏ်ခွဲတာဝန်ခံ ဦးသော်ဇေယျက ဒလမြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့က အဆိုပါ ငွေစက္ကူအတုများအား ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည် အစစ်ထက် အလျားနှင့်အနံ တစ်မီလီမီတာတိုခြင်း၊ အရောင် မှေးမှိန်ခြင်း၊ လုံခြုံရေးကြိုးအရောင်ပြောင်းလဲမှု မရှိဘဲ ခရမ်းရောင်သာပါရှိခြင်း၊ ကာလာပရင်တာနည်း ဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များ မပါရှိခြင်းနှင့် ထိုင်းနိုင်ငံနယ်စပ်မှ တုပဝင်ရောက်လာ သော ငွေစက္ကူအတုများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

သတင်း - ဇာနှင်း
ဓါတ်ပုံ - ပြည်ထဲရေး



~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ထိုင်းနိုင်ငံနယ်စပ်မှ ဝင်ရောက်လာသည့် ကျပ်တစ်သောင်းတန်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူအတုများတွေ့ရသည်ဟု ပြည်ထဲရေးက သတင်းထုတ်ပြန်ထားသည်။

ဒလမြို့နယ် ဗညားဒလရပ်ကွက်ရှိ ကမော္ဘဇဘဏ်သို့ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၉ ) ရက်နေ့တွင် လူ(၉)ဦးပါသည့် အဖွဲ့က ငွေလာရောက်အပ်နှံရာမှ ကျပ်တစ်သောင်းတန် ငွေစက္ကူ (၉)ရွက်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူ (၂)ရွက်တို့ကို စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း နှင့် ညနေ (၃)နာရီခွဲအချိန်တွင် ဘဏ်ခွဲတာဝန်ခံ ဦးသော်ဇေယျက ဒလမြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့က အဆိုပါ ငွေစက္ကူအတုများအား ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုးအစား ဖြစ်ပြီး စက္ကူသားချောနခြေင်း၊ အတုသည် အစစ်ထက် အလျားနှင့်အနံ တစ်မီလီမီတာတိုခြင်း၊ အရောင် မှေးမှိန်ခြင်း၊ လုံခြုံရေးကြိုးအရောင်ပြောင်းလဲမှု မရှိဘဲ ခရမ်းရောင်သာပါရှိခြင်း၊ ကာလာပရင်တာနည်း ဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များ မပါရှိခြင်းနှင့် ထိုင်းနိုင်ငံနယ်စပ်မှ တုပဝင်ရောက်လာ သော ငွေစက္ကူအတုများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~