မ်ဳိးႏြယ္စုအလိုက္ အရိုးေခါင္းမ်ား သိမ္းထားသည့္ ႏွစ္ေပါင္း(၂၀၀)ေက်ာ္ရွိ ခ်င္းျပည္နယ္မွ သခ်ဳႋင္း

မ်ဳိးႏြယ္စုအလိုက္ အရိုးေခါင္းမ်ား သိမ္းထားသည့္ ႏွစ္ေပါင္း(၂၀၀)ေက်ာ္ရွိ ခ်င္းျပည္နယ္မွ သခ်ဳႋင္း
မတ် 25, 2018
By Tachileik News Agency

ခ်င္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ တီးတိန္ၿမိဳ႕နယ္ တီးတိန္ၿမိဳ႕ႏွင့္ (၁၃)မိုင္အကြာရိွ ေဗာ္လ္ဗူးရြာတြင္  လြန္ခဲ့သည့္ ႏွစ္ေပါင္း (၂၀၀)ေက်ာ္ကဟု ေဒသခံမ်ားက မွတ္ယူထားသည့္ ေရွးေဟာင္းသခ်ဳႋင္းတြင္ မ်ိဳးႏြယ္စု အလုိက္ ထားရိွသည့္ ရုပ္ၾကြင္းမ်ားမွ အရိုးေခါင္းမ်ားအား ၂၀၁၈ ခုႏွစ္ မတ္လ (၂၂)ရက္ေန႔က ေတြ႔ရျခင္းျဖစ္ပါသည္။

ဆင္ကေတာင္ဟု အဓိပၸါယ္ရသည့္ သင္ပုန္းေက်ာက္မ်ားရိွသည့္ ေတာင္ေစာင္းတြင္ လိုဏ္ဂူမ်ားျဖင့္ မ်ိဳးႏြယ္စု အလုိက္ သိမ္းဆည္းထားသည့္ အရိုးေခါင္းမ်ားအား ေတြ႔ရျခင္းျဖစ္သည္။

ႏွစ္ေပါင္း (၂၀၀)ေက်ာ္ေနၿပီျဖစ္သည့္ အဆိုပါ ေက်းရြာတြင္ ယခင္က ေသဆံုးသူမ်ားအား ေက်းရြာ အနီးတြင္ ရက္ကာလၾကာရွည္ ထားရိွၿပီးေနာက္ အရိုးေခါင္းမ်ားအား လူႏွင့္ တိရစၦာန္မ်ား ဖ်က္ဆီးခံရျခင္းမွ ေရွာင္ရွားႏုိင္ရန္ သြားလာရခက္သည့္ ေတာင္ေစာင္းမ်ား၌ လိုဏ္ဂူမ်ားျဖင့္ ထိန္းသိမ္းခဲ့ၾကျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါ ေရွးေဟာင္းသခ်ဳႋင္းသို႔ သြားေရာက္ေလ့လာလိုပါက မတ္ေစာက္ေသာ ေတာင္နံရံေဘးမွ လူသြားလမ္းက်ဥ္းေလးအတိုင္း တက္ေရာက္ႏုိင္မည္ျဖစ္သည္။

သတင္း/ဓါတ္ပံု - ခ်ယ္ရီထိုက္

~~~~~~~~⊰❂ unicode ~~~~~~~~

ချင်းပြည်နယ်မြောက်ပိုင်းဒေသ၊ တီးတိန်မြို့နယ် တီးတိန်မြို့နှင့် (၁၃)မိုင်အကွာရှိ ဗော်လ်ဗူးရွာတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀)ကျော်ကဟု ဒေသခံများက မှတ်ယူထားသည့် ရှေးဟောင်းသင်္ချိုင်းတွင် မျိုးနွယ်စု အလိုက် ထားရှိသည့် ရုပ်ကြွင်းများမှ အရိုးခေါင်းများအား ၂၀၁၈ ခုနှစ် မတ်လ (၂၂)ရက်နေ့က တွေ့ရခြင်းဖြစ်ပါသည်။

ဆင်ကတောင်ဟု အဓိပ္ပါယ်ရသည့် သင်ပုန်းကျောက်များရှိသည့် တောင်စောင်းတွင် လိုဏ်ဂူများဖြင့် မျိုးနွယ်စု အလိုက် သိမ်းဆည်းထားသည့် အရိုးခေါင်းများအား တွေ့ရခြင်းဖြစ်သည်။

နှစ်ပေါင်း (၂၀၀)ကျော်နပြေီဖြစ်သည့် အဆိုပါ ကျေးရွာတွင် ယခင်က သေဆုံးသူများအား ကျေးရွာ အနီးတွင် ရက်ကာလကြာရှည် ထားရှိပြီးနောက် အရိုးခေါင်းများအား လူနှင့် တိရစ္ဆာန်များ ဖျက်ဆီးခံရခြင်းမှ ရှောင်ရှားနိုင်ရန် သွားလာရခက်သည့် တောင်စောင်းများ၌ လိုဏ်ဂူများဖြင့် ထိန်းသိမ်းခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ရှေးဟောင်းသင်္ချိုင်းသို့ သွားရောက်လေ့လာလိုပါက မတ်စောက်သော တောင်နံရံဘေးမှ လူသွားလမ်းကျဉ်းလေးအတိုင်း တက်ရောက်နိုင်မည်ဖြစ်သည်။

ဓာတ်ပုံ - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~