ကုမၸဏီမွတ္ပံုတင္ေၾကးမ်ား ဧၿပီလတြင္ ထက္ဝက္ထပ္မံ ေလွ်ာ့ခ်မည္

ကုမၸဏီမွတ္ပံုတင္ေၾကးမ်ား ဧၿပီလတြင္ ထက္ဝက္ထပ္မံ ေလွ်ာ့ခ်မည္
မတ် 13, 2018
By Tachileik News Agency

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက ၂၀၁၆ ခုႏွစ္တြင္ ထက္ဝက္ေလွ်ာ့ခ်ခဲ့သည့္ အမ်ားႏွင့္ မသက္ဆိုင္သည့္ ကုမၸဏီမ်ားအတြက္ မွတ္ပုံတင္ေၾကးအား ၂၀၁၈ ခုႏွစ္ ဧၿပီလတြင္ ထက္ဝက္ထပ္မံ ေလွ်ာ့ခ်မည္ျဖစ္ေၾကာင္း သိရသည္။

ကုမၸဏီမွတ္ပုံတင္ျခင္း လုပ္ငန္းမ်ားကို ႏိုင္ငံသားလုပ္ငန္းရွင္မ်ား ပိုမိုသက္သာစြာ ေဆာင္႐ြက္ႏိုင္ေစေရး၊ အေသးစား အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစေရးႏွင့္ မွတ္ပုံတင္ျခင္းမျပဳေသးဘဲ ေဆာင္႐ြက္ေနသည့္ စီးပြားေရးလုပ္ငန္းမ်ား ကုမၸဏီအျဖစ္ေျပာင္းလဲထူေထာင္၍ လုပ္ငန္းမ်ား ခ်ဲ႕ထြင္ႏိုင္ေစေရးကို ဦးတည္ကာ လက္ရွိ သတ္မွတ္ထားသည့္ အမ်ားႏွင့္မသက္ဆိုင္သည့္ ကုမၸဏီမ်ားအတြက္ မွတ္ပုံတင္ေၾကးအား ၂၀၁၈ ခုႏွစ္ ဧၿပီလ (၁)ရက္ေန႔မွ စတင္ကာ လက္ရွိ က်ပ္ငါးသိန္းသတ္မွတ္ထားရာမွ က်ပ္ႏွစ္သိန္းခြဲသို႔ ေလ်ာ့ခ်ျပင္ဆင္သတ္မွတ္သြားမည္ျဖစ္ပါေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက ေၾကညာထားသည္။

ယင္းအျပင္ ႏွစ္တစ္ရာေက်ာ္ခန္႔ သက္တမ္းရွိခဲ့သည့္ ျမန္မာႏိုင္ငံကုမၸဏီမ်ားအက္ဥပေဒကို ေခတ္ႏွင့္အညီ ျပန္လည္ျပင္ဆင္ေရးဆြဲ၍ လႊတ္ေတာ္အသီးသီးသို႔တင္ျပခဲ့ၿပီး ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၆) ရက္ေန႔တြင္ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒအျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳျပ႒ာန္းေပးခဲ့သည့္ ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒသစ္ကိုလည္း ၂၀၁၈ ခုႏွစ္ ဩဂုတ္လ (၁) ရက္ေန႔မွစတင္၍ က်င့္သုံးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက အမ်ားႏွင့္မသက္ဆိုင္ေသာကုမၸဏီမွတ္ပုံတင္ေၾကးအား၂၀၁၆ ခုႏွစ္ ဇြန္လ (၁) ရက္ေန႔မွစတင္ကာ ယခင္က်ပ္တစ္ဆယ္သိန္း ေကာက္ခံရာမွ က်ပ္ငါးသိန္းသို႔ ေလ်ာ့ခ်သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~


ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ၂၀၁၆ ခုနှစ်တွင် ထက်ဝက်လျှော့ချခဲ့သည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီများအတွက် မှတ်ပုံတင်ကြေးအား ၂၀၁၈ ခုနှစ် ဧပြီလတွင် ထက်ဝက်ထပ်မံ လျှော့ချမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို နိုင်ငံသားလုပ်ငန်းရှင်များ ပိုမိုသက်သာစွာ ဆောင်ရွက်နိုင်စေရေး၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှတ်ပုံတင်ခြင်းမပြုသေးဘဲ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီအဖြစ်ပြောင်းလဲထူထောင်၍ လုပ်ငန်းများ ချဲ့ထွင်နိုင်စေရေးကို ဦးတည်ကာ လက်ရှိ သတ်မှတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီများအတွက် မှတ်ပုံတင်ကြေးအား ၂၀၁၈ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ စတင်ကာ လက်ရှိ ကျပ်ငါးသိန်းသတ်မှတ်ထားရာမှ ကျပ်နှစ်သိန်းခွဲသို့ လျော့ချပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။

ယင်းအပြင် နှစ်တစ်ရာကျော်ခန့် သက်တမ်းရှိခဲ့သည့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေကို ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲ၍ လွှတ်တော်အသီးသီးသို့တင်ပြခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခဲ့သည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ကိုလည်း ၂၀၁၈ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့မှစတင်၍ ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အများနှင့်မသက်ဆိုင်သောကုမ္ပဏီမှတ်ပုံတင်ကြေးအား၂၀၁၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှစတင်ကာ ယခင်ကျပ်တစ်ဆယ်သိန်း ကောက်ခံရာမှ ကျပ်ငါးသိန်းသို့ လျော့ချသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~