ထိုင္းဘုရင္သစ္ ပံုပါရွိသည့္ ဘတ္ေငြပံုစံသစ္မ်ား ဧၿပီလ ႏွင့္ ဇူလိုင္လမ်ားတြင္ ထိုင္းႏိုင္ငံအတြင္း စတင္ ထုတ္ေ၀မည္

ထိုင္းဘုရင္သစ္ ပံုပါရွိသည့္ ဘတ္ေငြပံုစံသစ္မ်ား ဧၿပီလ ႏွင့္ ဇူလိုင္လမ်ားတြင္ ထိုင္းႏိုင္ငံအတြင္း စတင္ ထုတ္ေ၀မည္
မတ် 8, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္ ဧၿပီလအတြင္း ဘတ္ေငြစကၠဴအသစ္မ်ား ရိုက္ႏွိပ္ထုတ္ေဝသြားမည္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဧၿပီလ (၆)ရက္ေန႔ႏွင့္ ဇူလုိင္လ (၂၈)ရက္ေန႔မ်ားတြင္ စတင္ လည္ပတ္သံုးစြဲသြားမည္ျဖစ္ေၾကာင္း ထိုင္းႏုိင္ငံဘဏ္က မတ္လ (၈)ရက္ေန႔တြင္ တရား၀င္ ထုတ္ျပန္လုိက္သည္။

ထုိင္းဘတ္ေငြ စီးရီး (၁၇)အျဖစ္ ထုတ္ေဝမည့္ ဘတ္ (၂၀)တန္၊ ဘတ္ (၅၀)တန္ႏွင့္ ဘတ္ (၁၀၀)တန္မ်ားကို ၂၀၁၈ ခုႏွစ္ ဧၿပီလ (၆)ရက္ေန႔ ခ်ကၠရီမင္းဆက္ အထိမ္းအမွတ္ေန႔ တြင္ စတင္ လည္ပတ္ သံုးစြဲမည္ျဖစ္ၿပီး ဘတ္ (၅၀၀)တန္ႏွင့္ ဘတ္ (၁၀၀၀)တန္မ်ားကို ထုိင္းဘုရင္ မဟာဗက္ဂ်ီယာေလာင္ကြန္း ဘိုဒင္ဒရေထ့ဖရဝယန္ကြန္၏ ေမြးေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၂၈)ရက္ေန႔တြင္ စတင္ လည္ပတ္ သံုးစြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

အသစ္ထုတ္ေဝမည့္ ေငြစကၠဴသစ္၏ ေရွ႕မ်က္ႏွာစာတြင္ ထိုင္းေတာ္ဝင္ ေလတပ္မေတာ္ ယူနီေဖါင္း ဝတ္ထားသည့္ ထုိင္းဘုရင္ မဟာဗက္ဂ်ီယာေလာင္ကြန္း ဘိုဒင္ဒရေထ့ဖရဝယန္ကြန္၏ပံုျဖင့္ ရိုက္ႏွိပ္ ထားျခင္းျဖစ္ၿပီး အျခားတစ္ဖက္တြင္ ဘုရင္ႏွစ္ပါးပံုအား ရိုက္ႏွိပ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

ေငြစကၠဴအသစ္ စီးရီး (၁၇)၏ အေရာင္မွာ စီးရီး(၁၆)တြင္ ရိုက္ႏွိပ္ထားသည့္ ေငြစကၠဴအေရာင္မ်ားအတုိင္း ထုတ္ေဝထားေၾကာင္း သိရသည္။

အသစ္ထုတ္ေဝလိုက္သည့္ ေငြစကၠဴမ်ားကို ဘဏ္မ်ားတြင္ လဲလွယ္ႏုိင္ၿပီး ယခင္ထုတ္ေဝထားသည့္ ေငြစကၠဴမ်ားမွာ ပံုမွန္အတုိင္း လည္ပတ္သံုးစြဲႏုိင္ေၾကာင္း ေၾကညာထားသည္။

ထုိင္းနိုင္ငံတြင္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ (၂၀)ရက္ေန႔ကလည္း နတ္ျပည္စံ ဘုရင္ ဘူမိေဘာ အဒူလ်ာဒက္ ပံုမ်ားျဖင့္ ရိုက္ႏွိပ္သည့္ ဘတ္(၂၀) ၊ ဘတ္(၅၀)၊ ဘတ္ (၁၀၀)၊ ဘတ္ (၅၀၀)၊ ဘတ္ (၁၀၀၀) တန္မ်ားကိုလည္း အသစ္ရိုက္ႏွိပ္ ထုတ္ေဝခဲ့ျခင္းျဖစ္သည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - BOT



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် ဧပြီလအတွင်း ဘတ်ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ (၆)ရက်နေ့နှင့် ဇူလိုင်လ (၂၈)ရက်နေ့များတွင် စတင် လည်ပတ်သုံးစွဲသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘဏ်က မတ်လ (၈)ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

ထိုင်းဘတ်ငွေ စီးရီး (၁၇)အဖြစ် ထုတ်ဝေမည့် ဘတ် (၂၀)တန်၊ ဘတ် (၅၀)တန်နှင့် ဘတ် (၁၀၀)တန်များကို ၂၀၁၈ ခုနှစ် ဧပြီလ (၆)ရက်နေ့ ချက္ကရီမင်းဆက် အထိမ်းအမှတ်နေ့ တွင် စတင် လည်ပတ် သုံးစွဲမည်ဖြစ်ပြီး ဘတ် (၅၀၀)တန်နှင့် ဘတ် (၁၀၀၀)တန်များကို ထိုင်းဘုရင် မဟာဗက်ဂျီယာလောင်ကွန်း ဘိုဒင်ဒရထေ့ဖရဝယန်ကွန်၏ မွေးနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့တွင် စတင် လည်ပတ် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အသစ်ထုတ်ဝေမည့် ငွေစက္ကူသစ်၏ ရှေ့မျက်နှာစာတွင် ထိုင်းတော်ဝင် လေတပ်မတော် ယူနီဖောင်း ဝတ်ထားသည့် ထိုင်းဘုရင် မဟာဗက်ဂျီယာလောင်ကွန်း ဘိုဒင်ဒရထေ့ဖရဝယန်ကွန်၏ပုံဖြင့် ရိုက်နှိပ် ထားခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် ဘုရင်နှစ်ပါးပုံအား ရိုက်နှိပ်ထားမည်ဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအသစ် စီးရီး (၁၇)၏ အရောင်မှာ စီးရီး(၁၆)တွင် ရိုက်နှိပ်ထားသည့် ငွေစက္ကူအရောင်များအတိုင်း ထုတ်ဝေထားကြောင်း သိရသည်။

အသစ်ထုတ်ဝေလိုက်သည့် ငွေစက္ကူများကို ဘဏ်များတွင် လဲလှယ်နိုင်ပြီး ယခင်ထုတ်ဝေထားသည့် ငွေစက္ကူများမှာ ပုံမှန်အတိုင်း လည်ပတ်သုံးစွဲနိုင်ကြောင်း ကြေညာထားသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ကလည်း နတ်ပြည်စံ ဘုရင် ဘူမိဘော အဒူလျာဒက် ပုံများဖြင့် ရိုက်နှိပ်သည့် ဘတ်(၂၀)၊ ဘတ်(၅၀)၊ ဘတ် (၁၀၀)၊ ဘတ် (၅၀၀)၊ ဘတ် (၁၀၀၀) တန်များကိုလည်း အသစ်ရိုက်နှိပ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - BOT 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~