တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း အမျိုးသားတစ်ဦးထံက ဘိန်းစိမ်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း အမျိုးသားတစ်ဦးထံက ဘိန်းစိမ်းများ ဖမ်းဆီးရမိ
မတျ 8, 2018
By Tachileik News Agency


တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်အတွင်း ၀မ်ဟောင်(၂)လမ်းတွင် မူးယစ်ဆေးဝါး သတင်းအရ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ၂၀၁၈ခုနှစ် မတ်လ(၈)ရက်နေ့ ညနေ(၃)နာရီခွဲ ၀န်းကျင်အချိန်က စောင့်ဆိုင်းနေကြစဉ် သတင်းရရှိထားသည့် လီမိန်(ကျား)ဆိုသူမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်လာရာမှ ၎င်းအား ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - ရဲတပ်ဖွဲ့



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် အတွင်း၌ ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်အတွင်း ဝမ်ဟောင်(၂)လမ်းတွင် မူးယစ်ဆေးဝါး သတင်းအရ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ၂၀၁၈ခုနှစ် မတ်လ(၈)ရက်နေ့ ညနေ(၃)နာရီခွဲ ဝန်းကျင်အချိန်က စောင့်ဆိုင်းနကြေစဉ် သတင်းရရှိထားသည့် လီမိန်(ကျား)ဆိုသူမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်လာရာမှ၎င်းအား ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ရှာဖွေမှုများ ပြုလုပ်ရာတွင် အသက်(၄၀)ဝန်းကျင်ရှိ လီမိန် မောင်းနှင်လာသည့် ဆိုင်ကယ်၏ ရှေ့ခြင်းအတွင်းမှ အင်္ကျီဖြင့် ပတ်ထားပြီး ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် စုစုပေါင်း အလေးချိန် (၃)ကီလိုရှိသည့် ဘိန်းစိမ်းအမဲရောင်အစေးများအား ရှာဖွေတွေ့ရှိရသည့် အတွက် တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၁၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~