လားရိႈးဗံုးေပါက္ကြဲမႈေၾကာင့္ ပိတ္ထားသည့္ ဘဏ္ႏွစ္ခုအနက္ ဧရာဝတီဘဏ္ ျပန္လည္ဖြင့္လွစ္

လားရိႈးဗံုးေပါက္ကြဲမႈေၾကာင့္ ပိတ္ထားသည့္ ဘဏ္ႏွစ္ခုအနက္ ဧရာဝတီဘဏ္ ျပန္လည္ဖြင့္လွစ္
မတ် 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ဗံုးေပါက္ကြဲမႈေၾကာင့္ ေဖေဖၚဝါရီလ (၂၂) ရက္ေန႔ကတည္းက ပိတ္ထားသည့္ ဘဏ္ႏွစ္ခုအနက္ ထိခိုက္မႈနည္းသည့္ ဧရာဝတီဘဏ္(၁)ကို မတ္လ (၂၈) ရက္ေန႔တြင္ ျပန္လည္ ဖြင့္လွစ္လုိက္ၿပီး ပ်က္စီးမႈမ်ားသည့္ ရိုးမဘဏ္မွာ ဆက္လက္ပိတ္ထားဆဲျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ဘဏ္ကို ျပန္ဖြင့္ေနၿပီ။ ဘဏ္ (၁)ကို ပိတ္ထားတုန္းကာလေတြမွာ ဘဏ္(၁)က အေကာင့္ေတြရဲ့ ေငြသြင္း ေငြထုတ္ကိစၥေတြကို ဘဏ္ (၂)မွာ ျပဳလုပ္ေပးပါတယ္။ ဒီေန႔ျပန္ဖြင့္ၿပီဆိုေတာ့ ပံုမွန္အတိုင္းပဲ ျဖစ္ေနပါၿပီ ” ဟု လားရိႈးၿမဳိ႕ ဧရာဝတီဘဏ္ (၁) မွ တာဝန္ခံအရာရွိ မခင္သႏၱာထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လားရႈိးၿမိဳ႕ လမ္းမေတာ္လမ္းႏွင့္ ေရႊဘိုလမ္းေထာင့္တြင္ တည္ရိွသည့္ ရိုးမဘဏ္ႏွင့္ ဧရာဝတီဘဏ္ (၁)တို႔ၾကား ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၂၁) ရက္ေန႔က ဗံုးေပါက္ကြဲမႈေၾကာင့္ အဆိိုပါ ဘဏ္ႏွစ္ခုကို ေဖေဖၚဝါရီလ (၂၂) ရက္ေန႔မွစ၍ ယာယီပိတ္ထားခဲ့ျခင္းျဖစ္သည္။

ဗံုးေပါက္ကြဲမႈေၾကာင့္ ပ်က္စီးမႈမ်ားသည့္ ရိုးမဘဏ္ကို ျပန္လည္ျပင္ဆင္မႈမ်ား မျပဳလုပ္ထားေသးဘဲ ဗံုးေဖါက္ခြဲသည့္ တရားခံမ်ား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔မွစံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

ေဖေဖၚဝါရီလက ျဖစ္ပြားခဲ့သည့္ ဗံုးေပါက္မႈေၾကာင့္ ရိုးမဘဏ္မွ ဝန္ထမ္းအမ်ိဳးသမီးႏွစ္ဦး ေသဆံုးခဲ့ၿပီး ဘဏ္ႏွစ္ခုမွ ဝန္ထမ္းမ်ားႏွင့္ အနီးဝန္းက်င္မွ ဒဏ္ရာရရွိသူ စုစုေပါင္း (၂၁) ဦးရွိခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ကတည်းက ပိတ်ထားသည့် ဘဏ်နှစ်ခုအနက် ထိခိုက်မှုနည်းသည့် ဧရာဝတီဘဏ်(၁)ကို မတ်လ (၂၈) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီး ပျက်စီးမှုများသည့် ရိုးမဘဏ်မှာ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

“ဒီနေ့ဘဏ်ကို ပြန်ဖွင့်နပြေီ။ ဘဏ် (၁)ကို ပိတ်ထားတုန်းကာလတွေမှာ ဘဏ်(၁)က အကောင့်တွေရဲ့ ငွေသွင်း ငွေထုတ်ကိစ္စတွေကို ဘဏ် (၂)မှာ ပြုလုပ်ပေးပါတယ်။ ဒီနေ့ပြန်ဖွင့်ပြီဆိုတော့ ပုံမှန်အတိုင်းပဲ ဖြစ်နေပါပြီ ” ဟု လားရှိုးမြို့ ဧရာဝတီဘဏ် (၁) မှ တာဝန်ခံအရာရှိ မခင်သန္တာထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်တွင် တည်ရှိသည့် ရိုးမဘဏ်နှင့် ဧရာဝတီဘဏ် (၁)တို့ကြား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါ ဘဏ်နှစ်ခုကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးမှုများသည့် ရိုးမဘဏ်ကို ပြန်လည်ပြင်ဆင်မှုများ မပြုလုပ်ထားသေးဘဲ ဗုံးဖောက်ခွဲသည့် တရားခံများ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်မှုကြောင့် ရိုးမဘဏ်မှ ဝန်ထမ်းအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ဘဏ်နှစ်ခုမှ ဝန်ထမ်းများနှင့် အနီးဝန်းကျင်မှ ဒဏ်ရာရရှိသူ စုစုပေါင်း (၂၁) ဦးရှိခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~