က်ဳိင္းတံုတြင္ ယခုႏွစ္အတြင္း ဒုတိယအႀကိမ္ဖမ္းဆီးရမိသည့္ အေကာက္ခြန္မဲ့တင္လာေသာ ေအးခဲအသား ၇၄၄ ကီလိုအား မီးရိႈ႕ဖ်က္ဆီး

က်ဳိင္းတံုတြင္ ယခုႏွစ္အတြင္း ဒုတိယအႀကိမ္ဖမ္းဆီးရမိသည့္ အေကာက္ခြန္မဲ့တင္လာေသာ ေအးခဲအသား ၇၄၄ ကီလိုအား မီးရိႈ႕ဖ်က္ဆီး
မတ် 5, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕အဝင္ ေနာင္ႏြန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ မတ္လ (၄)ရက္ေန႔က စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ ဖမ္းဆီးရမိထားသည့္ ထုိင္းနိုင္ငံမွ အေကာက္ခြန္မဲ့ တင္သြင္း လာေသာ ေအးခဲအသားမ်ားအား မတ္လ (၅)ရက္ေန႔တြင္ မီးရိႈ႕ဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈမွာ ၂၀၁၈ ခုနွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ေဖေဖၚဝါရီလ အတြင္းက သတင္းေပးတုိင္တန္းခ်က္အရ တစ္ႀကိမ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

“အခုတစ္ႀကိမ္ကေတာ့ ပံုမွန္စစ္ေဆးမႈကေန ဖမ္းဆီးရမိခဲ့တာပါ။ အခုလ ေဖေဖၚဝါရီလအတြင္းကေတာ့ သတင္းေပး တုိင္တန္းခ်က္အရ ဖမ္းမိတာေပါ့။ ထုိင္းႏုိင္ငံကေန ေအးခဲအသား တရားဝင္တင္သြင္းခြင့္ရယူ လုပ္ေဆာင္ေနတာက လက္ရိွမွာေတာ့ ရွမ္းအေရွ႕တစ္ခုလံုးမွာ တာခ်ီလိတ္အေျခစိုက္ ကုမၸဏီႏွစ္ခုပဲ ရိွပါတယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတုံၿမိဳ႕ ေနာင္ႏြန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ အေကာက္ခြန္ဦးစီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာန၊ က်ိဳင္းတုံ ပို႔ကုန္သြင္းကုန္စခန္းမွ ဝန္ထမ္းမ်ားႏွင့္က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမွူေျဖရွင္းေရးအဖြဲ႕တုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးေနစဥ္ မတ္လ (၄)ရက္ေန႔ ည(၇)နာရီခြဲဝန္းက်င္တြင္  တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ သြားမည့္ ခရီးသည္တင္ယာဥ္ ( ၂ ) စီးတြင္ ထိုင္းနိုင္ငံထုတ္ ေအးခဲအသား၊ငါးမ်ားအား အေကာက္ခြန္မဲ့ တရားမဝင္သယ္ေဆာင္လာသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

လြဳိင္နမ္႔ခုံးယာဥ္လိုင္းႏွင့္ မိုးကုတ္မန္းယာဥ္လိုင္းမ်ားမွ ခရီးသည္တင္ယာဥ္ႏွစ္စီးတြင္ ထိုင္းနိုင္ငံထုတ္ ေအးခဲအသားႏွင့္ငါး စုစုေပါင္း(၇၄၄)ကီလိုအား စစ္ေဆးေတြ႔ရိွရသျဖင့္ မတ္လ (၅)ရက္ေန႔ ေန႔လယ္ (၂)နာရီအခ်ိန္တြင္ က်ိဳင္းတံုၿမိဳ႕ မီးရထားဘူတာရံုဝန္းအတြင္း၌ သက္ဆုိင္ရာဌာနဆိုင္ရာမ်ား၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ အသင္းအဖြဲ႕မ်ားက မီးရိႈ႕ဖ်က္ဆီးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေအးခဲအသားမ်ား တင္သြင္းရာတြင္ တိရိစာၦန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ စစ္ေဆး ခြင့္ျပဳခ်က္ အပါအဝင္ သက္ဆုိင္ရာဌာနမ်ား၏ ခြင့္ျပဳခ်က္ရယူတင္သြင္းရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - စားသံုးသူေရးရာ က်ဳိင္းတံု



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အဝင် နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မတ်လ (၄)ရက်နေ့က စစ်ဆေးမှုများ ပြုလုပ်စဉ် ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံမှ အကောက်ခွန်မဲ့ တင်သွင်း လာသော အေးခဲအသားများအား မတ်လ (၅)ရက်နေ့တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုမှာ ၂၀၁၈ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်းက သတင်းပေးတိုင်တန်းချက်အရ တစ်ကြိမ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အခုတစ်ကြိမ်ကတော့ ပုံမှန်စစ်ဆေးမှုကနေ ဖမ်းဆီးရမိခဲ့တာပါ။ အခုလ ဖေဖော်ဝါရီလအတွင်းကတော့ သတင်းပေး တိုင်တန်းချက်အရ ဖမ်းမိတာပေါ့။ ထိုင်းနိုင်ငံကနေ အေးခဲအသား တရားဝင်တင်သွင်းခွင့်ရယူ လုပ်ဆောင်နေတာက လက်ရှိမှာတော့ ရှမ်းအရှေ့တစ်ခုလုံးမှာ တာချီလိတ်အခြေစိုက် ကုမ္ပဏီနှစ်ခုပဲ ရှိပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ နောင်နွန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကျိုင်းတုံ ပို့ကုန်သွင်းကုန်စခန်းမှ ဝန်ထမ်းများနှင့်ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှူဖြေရှင်းရေးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် မတ်လ (၄)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်တွင် တာချီလိတ်မှ တောင်ကြီးသို့ သွားမည့် ခရီးသည်တင်ယာဉ် ( ၂ ) စီးတွင် ထိုင်းနိုင်ငံထုတ် အေးခဲအသား၊ငါးများအား အကောက်ခွန်မဲ့ တရားမဝင်သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်နမ့်ခုံးယာဉ်လိုင်းနှင့် မိုးကုတ်မန်းယာဉ်လိုင်းများမှ ခရီးသည်တင်ယာဉ်နှစ်စီးတွင် ထိုင်းနိုင်ငံထုတ် အေးခဲအသားနှင့်ငါး စုစုပေါင်း(၇၄၄)ကီလိုအား စစ်ဆေးတွေ့ရှိရသဖြင့် မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီအချိန်တွင် ကျိုင်းတုံမြို့ မီးရထားဘူတာရုံဝန်းအတွင်း၌ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အေးခဲအသားများ တင်သွင်းရာတွင် တိရိစာ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စစ်ဆေး ခွင့်ပြုချက် အပါအဝင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရယူတင်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~