တာခ်ီလိတ္တြင္ (၆)ရက္အတြင္း အမ်ဳိးသား(၄)ဦး ေရနစ္ေသဆံုး

တာခ်ီလိတ္တြင္ (၆)ရက္အတြင္း အမ်ဳိးသား(၄)ဦး ေရနစ္ေသဆံုး
မတ် 16, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေ၀ေလွလန္ေက်းရြာအတြင္းရွိ ေရာ္ဘာၿခံအတြင္း ေရအိုင္ထဲတြင္ မတ္လ(၁၆)ရက္ေန႔ ေန႔လည္ပိုင္းက အသက္(၄၀)နီးပါးရွိ အမ်ဳိးသားတစ္ဦး ေရနစ္ ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း ႏွင့္ ၎ေသဆံုးမႈ အပါအ၀င္ (၆)ရက္တြင္း ေရနစ္ေသဆံုးသူ(၅)ဦး ရွိလာေၾကာင္း သိရသည္။

ေရနစ္ေသဆံုးသူသည္ အသက္(၃၈)ႏွစ္ရွိ ဦးၾကည္သာ ဆိုသူျဖစ္ၿပီး ၎သည္ အခ်ိန္ျပည့္ အရက္ေသာက္ေနသူ တစ္ဦးျဖစ္ေၾကာင္း ႏွင့္ ေသဆံုးေနသည့္ ေနရာသည္ ေရအနည္း အငယ္မွ်သာရွိေသာ ေရထဲအုိင္ထဲတြင္ ေသဆံုးေနသည္ကို ေတြ႔ရွိရေၾကာင္း တာခ်ီလိတ္နာေရး ကူညီမႈအသင္း ထံက သိရသည္။

ေသဆံုးသည့္ ေနရာသို႔ ၀မ္ပံုနယ္ေျမရဲစခန္းမွ တာ၀န္ရွိသူမ်ားမွ သြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၾကၿပီးေနာက္ ေသဆံုးသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုတြင္ ဆက္လက္ စစ္ေဆးမႈမ်ား ျပဳလုပ္ႏုိင္ရန္အတြက္ ပို႔ေဆာင္ေပးခဲ့ၿပီး စစ္ေဆးမႈမ်ားအၿပီးတြင္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား၏ ခြင့္ျပဳခ်က္ျဖင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္ မီးၿဂိဳလ္ေပးလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ခုႏွစ္ မတ္လ(၁၀)ရက္ေန႔ ညေနပိုင္းက စတင္၍ မတ္လ(၁၆)ရက္ေန႔ ေန႔လည္ပိုင္း အခ်ိန္အထိ ေရနစ္ေသဆံုးသူ စုစုေပါင္း (၄)ဦးရွိခဲ့ၿပီး ေသဆံုးသူမ်ားသည္ အမ်ဳိးသားမ်ား ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ေဝလှေလန်ကျေးရွာအတွင်းရှိ ရော်ဘာခြံအတွင်း ရေအိုင်ထဲတွင် မတ်လ(၁၆)ရက်နေ့ နေ့လည်ပိုင်းက အသက်(၄၀)နီးပါးရှိ အမျိုးသားတစ်ဦး ရေနစ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နှင့်၎င်းသေဆုံးမှု အပါအဝင် (၆)ရက်တွင်း ရေနစ်သေဆုံးသူ(၅)ဦး ရှိလာကြောင်း သိရသည်။

ရေနစ်သေဆုံးသူသည် အသက်(၃၈)နှစ်ရှိ ဦးကြည်သာ ဆိုသူဖြစ်ပြီး၎င်းသည် အချိန်ပြည့် အရက်သောက်နေသူ တစ်ဦးဖြစ်ကြောင်း နှင့် သေဆုံးနေသည့် နေရာသည် ရေအနည်း အငယ်မျှသာရှိသော ရေထဲအိုင်ထဲတွင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း တာချီလိတ်နာရေး ကူညီမှုအသင်း ထံက သိရသည်။

သေဆုံးသည့် နေရာသို့ ဝမ်ပုံနယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးမှုများအပြီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်မြို့မသုသာန်တွင် မီးဂြိုလ်ပေးလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၈ခုနှစ် မတ်လ(၁၀)ရက်နေ့ ညနေပိုင်းက စတင်၍ မတ်လ(၁၆)ရက်နေ့ နေ့လည်ပိုင်း အချိန်အထိ ရေနစ်သေဆုံးသူ စုစုပေါင်း (၄)ဦးရှိခဲ့ပြီး သေဆုံးသူများသည် အမျိုးသားများ ဖြစ်ကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~