ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်မီးလောင်မှုကြောင့် သေဆုံးသွားသည့် မြန်မာလုပ်သား(၂၀)ဦး၏ အမည်စာရင်း ထုတ်ပြန်
ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်မီးလောင်မှုကြောင့် သေဆုံးသွားသည့် မြန်မာလုပ်သား(၂၀)ဦး၏ အမည်စာရင်း ထုတ်ပြန်
မတျ 30, 2018
By Tachileik News Agency
သေဆုံးသူများ၏ အမည်စာရင်းကို ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားရာ မိသားစုဝင်များ အနေဖြင့် အလုပ်သမားသံအရာရှိများဖြစ်သည့် ဦးစန်းမောင်ဦး ဖုန်း ၀၉၄၈၈၄၅၄၈၄၊
၅။ မခင်သန်းဝင်း ဦးတင်လှိုင် ၊ လယ်ဝေးမြို့နယ်။
၁၄။ မနှင်းဝေ ဦးဝေလင်း နတ်မောက်မြို့နယ်။
~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာလာသည့် မှန်လုံမော်တော်ယာဉ်သည် မတ်လ (၃၀)ရက်နေ့ နံနက် (၂)နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၀)ဦး မီးလောင် သေဆုံးသွားမှုနှင့် ပတ်သက်၍ မဲဆောက်မြို့မှ အလုပ်သမားသံအရာရှိ ဦးအောင်ခင်မြင့် လိုက်ပါ ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ထိုင်းနိုင်ငံမှ မြန်မာ အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။
သေဆုံးသူများ၏ အမည်စာရင်းကို ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားရာ မိသားစုဝင်များ အနဖြေင့် အလုပ်သမားသံအရာရှိများဖြစ်သည့် ဦးစန်းမောင်ဦး ဖုန်း ဝ၉၄၈၈၄၅၄၈၄၊
ဦးဦးခင်မောင် ဖုန်း ဝ၉၉၀၅၉၂၃၅၂၊ ဦးမျိုးထက်သူ ဖုန်း ဝ၆၅ ၂၂၀၆၉၅၁၊ ဦးနိုင်မင်းသူ ဖုန်း ဝ၆၅ ၂၂၀၆၉၅၂ နှင့် ဦးအောင်ခင်မြင့် ဖုန်း ဝ၆၅ ၂၂၀၆၅၉၃ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သေဆုံးသွားသည့် မြန်မာအလုပ်သမား အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁၈) ဦး၏ အမည်စာရင်းနှင့် နေရပ်လိပ်စာများမှာ -
၁။ ကိုသန့်ဇင်အောင် ဦးသိန်းလွင်၊ ကျောက်တံခါးမြို့နယ်။
၂။ ကိုလှစန်းအောင် ဦးစန်းတင့်၊ ကျောက်တံခါးမြို့နယ်။
၃။ မဝတ်ရည်ဦး ဦးတင်ထူး၊ မော်လမြိုင်မြို့နယ်။
၄။ မသူဇာငြိမ်း ဦးစိုးသန်း၊ ကျောက်တံခါးမြို့နယ်။
၅။ မခင်သန်းဝင်း ဦးတင်လှိုင်၊ လယေ်ဝးမြို့နယ်။
၆။ မလဲ့လဲ့စန်း ဦးခင်မောင်သန်း၊ မြို့သစ်မြို့နယ်။
၇။ မစောဌေး ဦးစိန်ထွန်း၊ မြို့သစ်။
၈။ မငြိမ်းငြိမ်းဌေး ဦးသန်းစိန်၊ ပျော်ဘွယ်မြို့နယ်။
၉။ မဇင်မာမိုး ဦးကျော်လွင်၊ပျော်ဘွယ်မြို့နယ်။
၁၀။ မအိဖြူ ဦးဖိုးချော၊ ပျော်ဘွယ်မြို့နယ်။
၁၁။ မဇာဇာနွယ် ဦးကျော်ဝင်း ကျောက်တံခါးမြို့နယ်။
၁၂။ မမာမာလွင် ဦးစိန်လွင် ကျောက်တံခါးမြို့နယ်။
၁၃။ မတင်နီလာအောင် ဦးနီကျော် ကျောက်တံခါးမြို့နယ်။
၁၄။ မနှင်းေဝ ဦးေဝလင်း နတ်မောက်မြို့နယ်။
၁၅။ မတင်မာလင်း ဦးစိန်ရင် နတ်မောက်မြို့နယ်။
၁၆။ မမြင့်မြင့်ခိုင် ဦးခင်မြ သနပ္ပင်မြို့နယ်။
၁၇။ မချိုမာဝင်း ဦးဖိုးထောင် အရာတော်မြို့နယ်။
၁၈။ မစန္ဒါဝင်း ဦးမြင့်သိန်း အောင်လံမြို့နယ်။
၂၉။ မပန်းအိဖြူ ဦးကံချွန် ကျောက်တံခါးမြို့နယ်။
၂၀။ မချိုချိုမွှေး ဦးသန်းရွှေ အောင်လံမြို့နယ်။
တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား (၄၇)ဦး လိုက်ပါသွားခြင်းဖြစ်ပြီး (၂၀)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသည့် အမျိုးသမီး (၃) ဦးမှာ တာ့ခ်မြို့ရှိ ဆေးရုံကြီးနှင့် အရေးပေါ် လူနာဖြစ်သည့် မဇာဇာ (ဘ) ဦးမြင့်အောင်၊ ပဲခူးမြို့နေထိုင်သူအား Phitsanulok ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - တာ့ခရိုင်ကယ်ဆယ်ရေးအဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~