ထိုင္းႏိုင္ငံ မယ္ဆိုင္ကားႀကီးကြင္းတြင္ မယ္ဆိုင္ရဲမွ ေရွာင္တခင္ စစ္ေဆးမႈမ်ားႏွင့္အတူ ဆီးစစ္ေနမႈမ်ားေၾကာင့္ ခရီးသြား ျမန္မာႏိုင္ငံသားမ်ား အခက္ႀကံဳ

ထိုင္းႏိုင္ငံ မယ္ဆိုင္ကားႀကီးကြင္းတြင္ မယ္ဆိုင္ရဲမွ ေရွာင္တခင္ စစ္ေဆးမႈမ်ားႏွင့္အတူ ဆီးစစ္ေနမႈမ်ားေၾကာင့္ ခရီးသြား ျမန္မာႏိုင္ငံသားမ်ား အခက္ႀကံဳ
မတ် 26, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ အေ၀းေျပးကားႀကီးကြင္းတြင္ ခရီးသြား ျမန္မာႏိုင္ငံသားမ်ားအား မယ္ဆိုင္ လွည့္ကင္းရဲတပ္ဖြဲ႔က ေရွာင္တခင္ စစ္ေဆးမႈႏွင့္အတူ ဆီးစစ္ေဆးမႈမ်ား ျပဳလုပ္သည့္အတြက္ ထိုသို႔ မျပန္လုပ္ရန္ ျမန္မာဘက္မွ ေမတၱာရပ္ခံလိုက္ေၾကာင္း သိရသည္။

အဆိုပါ ကားႀကီးကြင္းတြင္ တရား၀င္စာရြက္ စာတမ္းအျပည့္အစံု ကိုင္ေဆာင္၍ ခရီးသြားရန္ ေရာက္ရွိလာေသာ ျမန္မာႏိုင္ငံသားမ်ားအား မတ္လ(၂၆)ရက္ေန႔ နံနက္ပိုင္းက မယ္ဆိုင္ရဲတပ္ဖြဲ႔မွ လွည့္ကင္း အလွည့္က် ရဲတပ္ဖြဲ႔(၁၉၁)က ေရွာင္တခင္ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး အေထာက္အထား ျပည့္စံုမႈ ရွိမရွိ စစ္ေဆးရာ အေထာက္အထား ျပည့္စံုေသာ္လည္း အမ်ားသံုးအိမ္သာသို႔ ေခၚယူကာ ဆီးစစ္ေဆးျခင္း ျပဳလုပ္မႈမ်ားသည္ ခရီးစဥ္ ေႏွာင့္ေႏွးၾကန္႔ၾကာေအာင္ ျပဳလုပ္ေနျခင္း ျဖစ္သည့္အတြက္ စစ္ေဆး ခံေနရသည့္ ျမန္မာႏိုင္ငံသားမ်ားက တာခ်ီလိတ္​ခ႐ိုင္အုပ္​ခ်ဳပ္​​ေရးမွဴးရံုးမွ ျမန္​မာ - ထိုင္​း ဆက္​ဆံ​ေရးတာဝန္​ခံထံ ဖုန္းဆက္၍ အကူအညီေတာင္းခံလာျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဆီးစစ္ခံရတဲ့သူက ကြ်န္ေတာ့္ဆီ ဖုန္းဆက္ၿပီး ေျပာလာၿပီး၊ ကြ်န္ေတာ္တို႔အခု ကားႀကီးကြင္းမွာတဲ့၊ ကြ်န္ေတာ္တို႔က ေက်ာင္းသားေတြပါတဲ့၊ ဟိုမွာ သင္တန္းသြားတက္မွာတဲ့၊ အဲ့ဒါကို ရဲက ကြ်န္ေတာ္တို႔ကို အကုန္ရွာတယ္တဲ့၊ အကုန္ျပည့္စံုေတာ့ အိမ္သာထဲ ေခၚၿပီး ဆီးစစ္တယ္တဲ့ အဲ့ဒါကို ကူညီေပးပါဦး ဆိုၿပီး ေျပာလာတာနဲ႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကိုလည္း ခ်က္ျခင္း အေၾကာင္းၾကားၿပီး၊ မယ္ဆိုင္ၿမိဳ႕ပိုင္ နဲ႔ မယ္ဆိုင္ ရဲမင္းႀကီးကိုေရာ ဆက္သြယ္ၿပီး အေၾကာင္းၾကားေပးလိုက္တယ္၊ ခဏေန သြားၾကည့္ေတာ့ စစ္ေနတာေတြ မရွိေတာ့ဘူး"ဟု တာခ်ီလိတ္​ခ႐ိုင္အုပ္​ခ်ဳပ္​​ေရးမွဴးရံုးမွ ျမန္​မာ - ထိုင္​း ဆက္​ဆံ​ေရးတာဝန္​ခံ ဦးထြန္း(မယ္ဆိုင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ ကားႀကီးကြင္း(လိုတပ္အလြန္)လမ္းတစ္ေလွ်ာက္တြင္ ျမန္မာႏိုင္ငံသားမ်ားအေပၚ ရံဖန္ရံခါ ဆီးစစ္ေဆးေနမႈမ်ားအား ႏွစ္ႏိုင္ငံျပည္သူမ်ား၏ ဂုဏ္သိကၡာကို ငဲ့ကြက္၍ လည္းေကာင္း၊ ႏွစ္ႏိုင္ငံ ျပည္သူမ်ား အျပန္အလွန္ သြားလာလည္ပတ္မႈ အဆင္ေျပ ေခ်ာေမြ႔ေစေရးအတြက္ လည္းေကာင္း အတတ္ႏိုင္ဆံုး ေရွာင္ျခားေပးႏိုင္ပါရန္ မယ္ဆိုင္ရဲတပ္ဖြဲ႔သို႔ ေမတၱာရပ္ခံ ထားေၾကာင္း သိရသည္။

မယ္ဆိုင္ၿမိဳ႕တြင္းသို႔ သြားလာေနသည့္ ျမန္မာႏိုင္ငံသားမ်ားကိုသာ မယ္ဆိုင္ရဲတပ္္ဖြဲ႔မွ လွည့္ကင္းရဲမ်ားက ဆီးစစ္ ေငြေတာင္းခံမႈမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း တာခ်ီလိတ္မွ တဆင့္ မယ္ဆိုင္သို႔ သြားေရာက္သည့္ ျမန္မာႏိုင္ငံသားမ်ားထံက သိရွိရသည္။

ဓါတ္ပံု - UT(MS)



~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အေဝးပြေးကားကြီးကွင်းတွင် ခရီးသွား မြန်မာနိုင်ငံသားများအား မယ်ဆိုင် လှည့်ကင်းရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးမှုနှင့်အတူ ဆီးစစ်ဆေးမှုများ ပြုလုပ်သည့်အတွက် ထိုသို့ မပြန်လုပ်ရန် မြန်မာဘက်မှ မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။

အဆိုပါ ကားကြီးကွင်းတွင် တရားဝင်စာရွက် စာတမ်းအပြည့်အစုံ ကိုင်ဆောင်၍ ခရီးသွားရန် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား မတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက မယ်ဆိုင်ရဲတပ်ဖွဲ့မှ လှည့်ကင်း အလှည့်ကျ ရဲတပ်ဖွဲ့(၁၉၁)က ရှောင်တခင် စစ်ဆေးမှုများပြုလုပ်ပြီး အထောက်အထား ပြည့်စုံမှု ရှိမရှိ စစ်ဆေးရာ အထောက်အထား ပြည့်စုံသော်လည်း အများသုံးအိမ်သာသို့ ခေါ်ယူကာ ဆီးစစ်ဆေးခြင်း ပြုလုပ်မှုများသည် ခရီးစဉ် နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်နခြေင်း ဖြစ်သည့်အတွက် စစ်ဆေး ခံနေရသည့် မြန်မာနိုင်ငံသားများက တာချီလိတ်​ခရိုင်အုပ်​ချုပ်​​ရေးမှူးရုံးမှ မြန်​မာ - ထိုင်​း ဆက်​ဆံ​ရေးတာဝန်​ခံထံ ဖုန်းဆက်၍ အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။

"ဆီးစစ်ခံရတဲ့သူက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ပြောလာပြီး၊ ကျွန်တော်တို့အခု ကားကြီးကွင်းမှာတဲ့၊ ကျွန်တော်တို့က ကျောင်းသားတွေပါတဲ့၊ ဟိုမှာ သင်တန်းသွားတက်မှာတဲ့၊ အဲ့ဒါကို ရဲက ကျွန်တော်တို့ကို အကုန်ရှာတယ်တဲ့၊ အကုန်ပြည့်စုံတော့ အိမ်သာထဲ ခေါ်ပြီး ဆီးစစ်တယ်တဲ့ အဲ့ဒါကို ကူညီပေးပါဦး ဆိုပြီး ပြောလာတာနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကိုလည်း ချက်ခြင်း အကြောင်းကြားပြီး၊ မယ်ဆိုင်မြို့ပိုင် နဲ့ မယ်ဆိုင် ရဲမင်းကြီးကိုရော ဆက်သွယ်ပြီး အကြောင်းကြားပေးလိုက်တယ်၊ ခဏနေ သွားကြည့်တော့ စစ်နေတာတွေ မရှိတော့ဘူး"ဟု တာချီလိတ်​ခရိုင်အုပ်​ချုပ်​​ရေးမှူးရုံးမှ မြန်​မာ - ထိုင်​း ဆက်​ဆံ​ရေးတာဝန်​ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ ကားကြီးကွင်း(လိုတပ်အလွန်)လမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံသားများအပေါ် ရံဖန်ရံခါ ဆီးစစ်ဆေးနေမှုများအား နှစ်နိုင်ငံပြည်သူများ၏ ဂုဏ်သိက္ခါကို ငဲ့ကွက်၍ လည်းကောင်း၊ နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန် သွားလာလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် လည်းကောင်း အတတ်နိုင်ဆုံး ရှောင်ခြားပေးနိုင်ပါရန် မယ်ဆိုင်ရဲတပ်ဖွဲ့သို့ မေတ္တာရပ်ခံ ထားကြောင်း သိရသည်။

မယ်ဆိုင်မြို့တွင်းသို့ သွားလာနေသည့် မြန်မာနိုင်ငံသားများကိုသာ မယ်ဆိုင်ရဲတပ်ဖွဲ့မှ လှည့်ကင်းရဲများက ဆီးစစ် ငွေတောင်းခံမှုများ ပြုလုပ်လေ့ရှိကြောင်း တာချီလိတ်မှ တဆင့် မယ်ဆိုင်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများထံက သိရှိရသည်။

ဓာတ်ပုံ - UT(MS)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~