ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ကုတင် (၁၀၀)ဆံ့ ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့်မီးလောင်ဒဏ်ရာရ လူနာ စုစုပေါင်း (၁၃၁)ဦးကို (၈)ရက်တာအတွင်း အခမဲ့ခွဲစိတ်ကုသမှုပေးခဲ့သည့် မြန်မာနှင့် ဂျာမဏီဆရာဝန်ကြီးများအား မတ်လ (၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ တာဝန်ရှိသူများက ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြောင်း သိရသည်။
အဆိုပါ လူနာများ ဓါတ်မှန်ရိုက်ကူးခြင်း၊ အာထရာဆောင်းရိုက်ကူးခြင်းများ အတွက် တာချီလိတ်ကုတင် (၁၀၀)ဆံ့ ဆေးရုံကြီးက အခမဲ့ဆောင်ရွက်ပေးပြီး ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြု ဆရာမကြီးများ၊ သူနာပြဆရာမများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကလည်း ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ယခုလို လာရောက်၍ ခွဲစိတ်ကုသပေးမှုသည် တာချီလိတ်တွင် အဆိုပါအဖွဲ့၏ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒုတိယအကြိမ်တွင် ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဝေဒနာရှင်များ ပါဝင်ကြောင်း တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းထံက သိရသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မီးလောင်ဒဏ်ရာ ပြင်လူနာ (၂၂၃) ဦးကို စမ်းသပ်ပေးပြီး (၁၃၁)ဦးကို ခွဲစိတ် ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယ်စည်းမခြား ကမ္ဘာ့စားဖိုမှူးများ (မြန်မာ) (World Chiefs Without Borders – Myanmar)၏ ၂၀၁၇၊ ၂၀၁၈ အခမဲ့ ဆေးကုသမှု အစီအစဉ်ဖြင့် အဆိုပါ အခမဲ့ ခွဲစိတ်ကုသမှုအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပရဟိတအဖွဲ့များက ပူးပေါင်း ကူညီခဲ့ကြခြင်းဖြစ်သည်။
ခွဲစိတ်ကုသမှုများအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့က စတင်ပြီး မတ်လ(၁)ရက်နေ့တွင် တစ်ရက်နားကာ ဆက်လက်၍ မတ်လ (၇)ရက်နေ့အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ နယ်ဝေးမှ လာရောက် ခွဲစိတ်ကုသမှုခံယူသူများအား တာချီလိတ်မြို့တွင် တည်းခိုနေထိုင်၊ စားသောက်ရေးတို့အတွက် ဒေသတွင်း လူမှုကူညီရေးအဖွဲ့များ၊ အလှူရှင်များက စုပေါင်းကူညီပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာများ ဓာတ်မှန်ရိုက်ကူးခြင်း၊ အာထရာဆောင်းရိုက်ကူးခြင်းများ အတွက် တာချီလိတ်ကုတင် (၁၀၀)ဆံ့ ဆေးရုံကြီးက အခမဲ့ဆောင်ရွက်ပေးပြီး ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြု ဆရာမကြီးများ၊ သူနာပြဆရာမများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကလည်း ကူညီ ဆောင်ရွက်ပေးကြကြောငး် သိရသည်။
ယခုလို လာရောက်၍ ခွဲစိတ်ကုသပေးမှုသည် တာချီလိတ်တွင် အဆိုပါအဖွဲ့၏ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒုတိယအကြိမ်တွင် ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှေဝဒနာရှင်များ ပါဝင်ကြောင်း တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းထံက သိရသည်။
ဓာတ်ပုံ - ကိုနေမျိုး၊ ဦးသိန်းရွှေ၊