တာချီလိတ်မြို့နယ်အတွင်း (၁၀)တန်းစာမေးပွဲ ဖြေဆိုသူ (၁၀၅၀)ဦး အနက် အပြင်ဖြေ (၃၇၀)ဦး ပါဝင်

တာချီလိတ်မြို့နယ်အတွင်း (၁၀)တန်းစာမေးပွဲ ဖြေဆိုသူ (၁၀၅၀)ဦး အနက် အပြင်ဖြေ (၃၇၀)ဦး ပါဝင်
မတ် 7, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ရောက် ဖြေဆိုသူ ကျောင်းသူ၊ကျောင်းသား (၁၀၅၀)ဦးအနက် အပြင်အဖြေ အနေဖြင့် (၃၇၀)ဦး ပါဝင်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၂၀၁၈ခုနှစ် မတ်လ(၇)ရက်နေ့တွင် စတင်ရာ တာချီလိတ်မြို့နယ်အတွင်းမှ အထက(တာချီလိတ်)၊ အထက(ဟောင်လိတ်) နှင့် အထက(တာလေ) စသည့် စာစစ်ဌာန(၃)ခုတွင် စာရင်းပေးထားသူ (၁၁၆၈)ဦးအနက် (၁၀၅၀)ဦး လာရောက်၍ ဖြေဆိုနေကြခြင်း ဖြစ်သည်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၀င်ရောက် ဖြေဆိုရန် အတွက် တာချီလိတ်မြို့နယ်တွင်းရှိ အထက(တာချီလိတ်)တွင် (၇၉၂)ဦး စာရင်းပေးထားရာ (၇၀၃)ဦးမှ လည်းကောင်း၊ အထက(ဟောင်လိတ်)တွင် (၁၂၉)ဦး စာရင်းပေးထားရာ (၁၁၉)ဦးမှ လည်းကောင်း၊ အထက(တာလေ)တွင် (၂၄၇)ဦး စာရင်း ပေးထားရာ (၂၂၈)ဦးတို့မှ လည်းကောင်း အသီးသီး လာရောက် ဖြေဆိုကြောင်း နှင့် တာချီလိတ်မြို့နယ် အနေဖြင့် ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၈.၉၀)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တာချီလိတ်မြို့နယ်အတွင်း စာမေးပွဲဖြေဆိုနေသူ (၁၀၅၀)ဦးတွင် အပြင်ဖြေများအနေဖြင့် အထက(တာချီလိတ်)၌ (၃၁၇)ဦး၊ အထက(ဟောင်လိတ်)တွင် အပြင်ဖြေမရှိသော်လည်း အထက(တာလေ)တွင်(၅၃)ဦး ရှိကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ကျောင်းသူ၊ကျောင်းသား (၁၀၅၀)ဦးအနက် အပြင်အဖြေ အနဖြေင့် (၃၇၀)ဦး ပါဝင်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၂၀၁၈ခုနှစ် မတ်လ(၇)ရက်နေ့တွင် စတင်ရာ တာချီလိတ်မြို့နယ်အတွင်းမှ အထက(တာချီလိတ်)၊ အထက(ဟောင်လိတ်) နှင့် အထက(တာလေ) စသည့် စာစစ်ဌာန(၃)ခုတွင် စာရင်းပေးထားသူ (၁၁၆၈)ဦးအနက် (၁၀၅၀)ဦး လာရောက်၍ ဖြေဆိုနကြခြေင်း ဖြစ်သည်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝင်ရောက် ဖြေဆိုရန် အတွက် တာချီလိတ်မြို့နယ်တွင်းရှိ အထက(တာချီလိတ်)တွင် (၇၉၂)ဦး စာရင်းပေးထားရာ (၇၀၃)ဦးမှ လည်းကောင်း၊ အထက(ဟောင်လိတ်)တွင် (၁၂၉)ဦး စာရင်းပေးထားရာ (၁၁၉)ဦးမှ လည်းကောင်း၊ အထက(တာလေ)တွင် (၂၄၇)ဦး စာရင်း ပေးထားရာ (၂၂၈)ဦးတို့မှ လည်းကောင်း အသီးသီး လာရောက် ဖြေဆိုကြောင်း နှင့် တာချီလိတ်မြို့နယ် အနဖြေင့် ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၈.၉၀)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

"တာချီလိတ်မြို့နယ်အနေနဲ့ ဆိုရင်တော့ ဒီနေ့ လာရောက်ဖြေဆိုတဲ့ (၁၀၅၀)ဦးမှာ အပြင်ဖြေအနေနဲ့ စုစုပေါင်း (၃၇၀)ဦး ရှိပါတယ်၊ အပြင်ဖြေတွေထဲမှာ ကျောင်းသားတွေထက် ကျောင်းသူတွေက ပိုများတယ်"ဟု တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း စာမေးပွဲဖြေဆိုနေသူ (၁၀၅၀)ဦးတွင် အပြင်ဖြေများအနဖြေင့် အထက(တာချီလိတ်)၌ (၃၁၇)ဦး၊ အထက(ဟောင်လိတ်)တွင် အပြင်ဖြေမရှိသော်လည်း အထက(တာလေ)တွင်(၅၃)ဦး ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~