ျမန္မာေရႊ႕ေျပာင္းလုပ္သား ၈ ဦးကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက တာခ်ီလိတ္သို႔ လႊဲေျပာင္း

ျမန္မာေရႊ႕ေျပာင္းလုပ္သား ၈ ဦးကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဖေဖော်ဝါရီ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား (၈)ဦးကို ေဖေဖၚဝါရီလ (၁၃) ရက္ေန႔တြင္ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ျမန္မာ - ထုိင္း အမွတ္(၂)ခ်စ္ၾကည္ေရး တံတားတြင္ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက တရားမဝင္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီး (၄)ဦးတုိ႔ကို လာေရာက္ လႊဲေျပာင္းေပးျခင္းျဖစ္ၿပီး တာခ်ီလိတ္မွ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီး ဌာန ၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရး ႏွင့္ျပည္သူ႕အင္အား ဆုိင္ရာဌာန တုိ႔က စိစစ္လက္ခံၿပီး ေနရပ္အသီးသီးသို႔ ျပန္ႏုိင္ေရး ကူညီေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ယခုု လႊဲေျပာင္းေပးပုိ႕လာသည့္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားမ်ားမွာ ၎တုိ႔ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ နယ္စပ္ျဖတ္သန္းခြင့္သက္တမ္းလြန္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္းစသည္တုိ႕ေၾကာင့္ ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႕ျပန္လည္ေစလႊတ္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံဖက္မွ တာခ်ီလိတ္ဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးအပ္လာခဲ့ေသာ တရားမဝင္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားဦးေရ မွာ၂၀၁၈ ခုႏွစ္  ဇန္န၀ါရီလ(၁)ရက္ေန႕မွ ေဖေဖၚ၀ါရီလ(၁၃)ရက္ေန႕အထိ စုစုေပါင္း အမ်ိဳးသား (၄၄)ဦးႏွင့္ အမ်ိဳးသမီး (၁၇)ဦး စုစုေပါင္း (၆၁)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၈)ဦးကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ကို လာရောက် လွှဲပြောင်းပေးခြင်းဖြစ်ပြီး တာချီလိတ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဆိုင်ရာဌာန တို့က စိစစ်လက်ခံပြီး နေရပ်အသီးသီးသို့ ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ယခု လွှဲပြောင်းပေးပို့လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့်သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်းစသည်တို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဖက်မှ တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လာခဲ့သော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ မှာ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၃)ရက်နေ့အထိ စုစုပေါင်း အမျိုးသား (၄၄)ဦးနှင့် အမျိုးသမီး (၁၇)ဦး စုစုပေါင်း (၆၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~