ေတာင္ႀကီး - ရန္ကုန္ေျပးဆြဲေနသည့္ အျမန္ယာဥ္လိုင္းတြင္ အနံ႔ေပ်ာက္ေဆးအလြန္အကြ်ံ သံုးစြဲသျဖင့္ တုိင္ၾကားခံရ

ေတာင္ႀကီး - ရန္ကုန္ေျပးဆြဲေနသည့္ အျမန္ယာဥ္လိုင္းတြင္ အနံ႔ေပ်ာက္ေဆးအလြန္အကြ်ံ သံုးစြဲသျဖင့္ တုိင္ၾကားခံရ
ဖေဖော်ဝါရီ 2, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ ေတာင္ႀကီး - ရန္ကုန္ေျပးဆြဲေနေသာ အျမန္ယာဥ္လိုင္း ေပၚတြင္ အနံ႔ေပ်ာက္ေဆး အလြန္အကၽြံသံုးစြဲထားသျဖင့္ ယာဥ္စီးခရီးသည္တစ္ဦးမွ ေဖေဖာ္ဝါရီလ (၂) ရက္ေန႔တြင္ ရွမ္းျပည္နယ္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕သို႔ တိုင္ၾကားခဲ့သျဖင့္ ယာဥ္ပိုင္ရွင္အား ရွင္းလင္းေဆြးေႏြး ထားေၾကာင္းသိရသည္။

“ဝန္ေဆာင္မႈေပးတဲ့အခါမွာ ခရီးသည္ေတြ ယာဥ္စီးနင္းလိုက္ပါသူကို စားသံုးသူလို႔ သတ္မွတ္ထားတယ္။ ယာဥ္တစ္စီးမွာက အဓိကက သန္႔ရွင္းေရးပါ။ အဲဒီအေပၚမွာမူတည္ၿပီးေတာ့ အနံ႔ေပ်ာက္ေဆးသံုးစြဲတယ္။ ယာဥ္ပိုင္ရွင္ကေတာ့ အနံ႔အသက္ေတြ ေကာင္းေစခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ သံုးတာေတြရွိတယ္။ အခုျဖစ္တာက ထိုင္ခံုတစ္လံုးကို တစ္ထုပ္စီခ်ထားေတာ့ ယာဥ္တစ္စီးလံုး ထည့္ထားလိုက္ေတာ့ အနံ႔အသက္ေတြမွာ အခ်ဳိ႕လူေတြအတြက္ က်န္းမာေရးအတြက္မေကာင္းတာေတြရွိသလို အနံ႔ေတြ မခံနိုင္တဲ့ ခရီးသည္ေတြလည္းရွိ နိုင္တယ္။ အနံ႔အသက္ေတြျပင္းၿပီး မခံမရပ္နိုင္ေအာင္ျဖစ္ေနတဲ့ ခရီးသည္ေတြအေနနဲ႕ ဒီလိုတိုင္ၾကားဖို႔ဆိုတာ အခြင့္အေရးရွိတယ္။ ဒီလိုထပ္မျဖစ္ေစဖို႔အတြက္ကို မေန႔က သက္ဆိုင္ရာ ေမာ္ေတာ္ယာဥ္လိုင္းေတြနဲ႔အတူ မေန႔ကရွင္းလင္းခဲ့ပါတယ္” ဟု ရွမ္းျပည္နယ္ စားသံုးသူတိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီမွ လက္ေထာက္ညႊန္ၾကားေရးမႈး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီက ေျပာသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ယာဥ္ပိုင္ရွင္အား စစ္ေဆးေခၚယူေမးျမန္းရာတြင္ ယာဥ္ေပၚတြင္ အနံ႔ေပ်ာက္ေဆး အခဲေပါင္း (၃၀)ေက်ာ္ ထားရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“အနံ႔ေပ်ာက္ေဆးဆိုတာထက္ ကားေပၚမွာသန္႔ရွင္းေရးလုပ္ဖို႔က ပိုအေရးႀကီးပါတယ္။ ယာဥ္လိုင္းေပၚမွာ ကလည္း အနံ႔ေပ်ာက္ေဆးအခဲေပါင္း (၃၀)ေက်ာ္ကို ထည့္ထားတဲ့အတြက္ေၾကာင့္ က်န္းမာေရး ေကာင္းတဲ့ သူေတြ၊ မေကာင္းတဲ့သူေတြအတြက္ အခက္အခဲျဖစ္ေစႏိုင္တယ္။ ဒီလိုသံုးစြဲမႈနဲ႕ ပတ္သက္ၿပီး ထပ္မျဖစ္ေအာင္လို႔ ေဆြးေႏြးရမယ့္ အခ်က္ေတြ ရလာပါတယ္။ ေမာ္ေတာ္ယာဥ္လိုင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ပညာေပးေတြ ေဆာင္ရြက္ရမယ္။ ယာဥ္ေပၚလိုက္စီးနင္းလာတဲ့ ခရီးသည္က ဒီကိစၥကို အေရးယူဖို႔ အတြက္ ေျပာလာတဲ့အခါမွာ ေခၚယူေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး ထပ္မျဖစ္ေစဖို႔ကို ရွင္းလင္းေဆြးေႏြးခဲ႕ပါတယ္” ဟု ရွမ္းျပည္နယ္စားသံုးသူတိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရး လုပ္ငန္း ေကာ္မတီမွ လက္ေထာက္ညႊန္ၾကားေရးမႈး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီက ေျပာသည္။

ယာဥ္ေပၚတြင္ အနံ႔ေပ်ာက္ေဆးမ်ား ထားရွိမႈႏွင့္ပတ္သက္၍ ေမာ္ေတာ္ယာဥ္လိုင္းမ်ားအား ပညာေပးေဆြးေႏြးမႈမ်ား ျပဳလုပ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - #ႏိုႏို
ဓါတ္ပံု - စားသံုးသူ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ တောင်ကြီး - ရန်ကုန်ပြေးဆွဲနေသော အမြန်ယာဉ်လိုင်း ပေါ်တွင် အနံ့ပျောက်ဆေး အလွန်အကျွံသုံးစွဲထားသဖြင့် ယာဉ်စီးခရီးသည်တစ်ဦးမှ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားခဲ့သဖြင့် ယာဉ်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေး ထားကြောင်းသိရသည်။

“ဝန်ဆောင်မှုပေးတဲ့အခါမှာ ခရီးသည်တွေ ယာဉ်စီးနင်းလိုက်ပါသူကို စားသုံးသူလို့ သတ်မှတ်ထားတယ်။ ယာဉ်တစ်စီးမှာက အဓိကက သန့်ရှင်းရေးပါ။ အဲဒီအပေါ်မှာမူတည်ပြီးတော့ အနံ့ပျောက်ဆေးသုံးစွဲတယ်။ ယာဉ်ပိုင်ရှင်ကတော့ အနံ့အသက်တွေ ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သုံးတာတွေရှိတယ်။ အခုဖြစ်တာက ထိုင်ခုံတစ်လုံးကို တစ်ထုပ်စီချထားတော့ ယာဉ်တစ်စီးလုံး ထည့်ထားလိုက်တော့ အနံ့အသက်တွေမှာ အချို့လူတွေအတွက် ကျန်းမာရေးအတွက်မကောင်းတာတွေရှိသလို အနံ့တွေ မခံနိုင်တဲ့ ခရီးသည်တွေလည်းရှိ နိုင်တယ်။ အနံ့အသက်တွေပြင်းပြီး မခံမရပ်နိုင်အောင်ဖြစ်နေတဲ့ ခရီးသည်တွေအနေနဲ့ ဒီလိုတိုင်ကြားဖို့ဆိုတာ အခွင့်အရေးရှိတယ်။ ဒီလိုထပ်မဖြစ်စေဖို့အတွက်ကို မနေ့က သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းတွေနဲ့အတူ မနေ့ကရှင်းလင်းခဲ့ပါတယ်” ဟု ရှမ်းပြည်နယ် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပိုင်ရှင်အား စစ်ဆေးခေါ်ယူမေးမြန်းရာတွင် ယာဉ်ပေါ်တွင် အနံ့ပျောက်ဆေး အခဲပေါင်း (၃၀)ကျော် ထားရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အနံ့ပျောက်ဆေးဆိုတာထက် ကားပေါ်မှာသန့်ရှင်းရေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။ ယာဉ်လိုင်းပေါ်မှာ ကလည်း အနံ့ပျောက်ဆေးအခဲပေါင်း (၃၀)ကျော်ကို ထည့်ထားတဲ့အတွက်ကြောင့် ကျန်းမာရေး ကောင်းတဲ့ သူတွေ၊ မကောင်းတဲ့သူတွေအတွက် အခက်အခဲဖြစ်စေနိုင်တယ်။ ဒီလိုသုံးစွဲမှုနဲ့ ပတ်သက်ပြီး ထပ်မဖြစ်အောင်လို့ ဆွေးနွေးရမယ့် အချက်တွေ ရလာပါတယ်။ မော်တော်ယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပညာပေးတွေ ဆောင်ရွက်ရမယ်။ ယာဉ်ပေါ်လိုက်စီးနင်းလာတဲ့ ခရီးသည်က ဒီကိစဿစကို အရေးယူဖို့ အတွက် ပြောလာတဲ့အခါမှာ ခေါ်ယူဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ထပ်မဖြစ်စေဖို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်” ဟု ရှမ်းပြည်နယ်စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်း ကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီက ပြောသည်။

ယာဉ်ပေါ်တွင် အနံ့ပျောက်ဆေးများ ထားရှိမှုနှင့်ပတ်သက်၍ မော်တော်ယာဉ်လိုင်းများအား ပညာပေးဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ #နိုနို
ဓါတ်ပုံ - စားသုံးသူ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~